အွန်လိုင်းမှာကြည့်ရှု့သူများနေတဲ့ “မသန်ပေမယ့် စွမ်းတဲ့ ကိုအေးသန်း ရဲ့ ဂွေးသီးသုပ် ” ဆိုတဲ့ မိုးစက် ရဲ့ အလှူဗီဒီယိုဖိုင်လေး

မိုးစက်ကတော့ အကြောင်း အမျိုးမျိုးကြောင့် စားဝတ်နေရေး အတွက် အခက်အခဲဖြစ်နေတဲ့ သူတွေ ကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ် ပေးနေတာကြောင့် ပရိသတ် အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။

သူကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေ စုပေါင်းပြီး လှူဒါန်းသလို (၇) ရက်သားသမီး အလှူရှင်များနဲ့ အတူ စုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိသူပါ ။ သူရဲ့ အလှူလေးတွေကိုလည်း အများသူဌာ သာဓုခေါ်ဆိုနိုင်စေရန် အမြဲဝေမျှပေးလေ့ရှိပါတယ် ။

အခုလည်း မသန်စွမ်းပေမယ့် မိခင်ဖြစ်သူကို ဈေးရောင်းကာ ရှာဖွေကျွေးမွေးနေသူ တစ်ဦးကို အလှူငွေများ လှူဒါန်းပေး ဖြစ်ခဲ့တဲ့ ဗီဒီယိုလေးနဲ့အတူ ” “မသန်ပေမယ့် စွမ်းတဲ့ ကိုအေးသန်း ရဲ့ ဂွေးသီးသုပ် “✨မိခင်အပေါ် ထားတဲ့ မေတ္တာတရားကို လေးစားလိုက်တာဗျာ …။🙏❤️” ရေးသားဖော်ပြထားရာ ပီတိဖြစ်မိတာကြောင့် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Moe Sat

zawgyi

မိုးစက္ကေတာ့ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရး အတြက္ အခက္အခဲျဖစ္ေနတဲ့ သူေတြ ကို တစ္ဖက္တစ္လမ္းကေန ကူညီလႉဒါန္းမႈေတြ ျပဳလုပ္ ေပးေနတာေၾကာင့္ ပရိသတ္ အားေပးခ်စ္ခင္ေနၾကတဲ့ အႏုပညာရွင္ေလးျဖစ္ပါတယ္။

သူကိုယ္တိုင္လည္း ရရွိတဲ့ အႏုပညာေၾကးေလးေတြ စုေပါင္းၿပီး လႉဒါန္းသလို (၇) ရက္သားသမီး အလႉရွင္မ်ားနဲ႔ အတူ စုေပါင္းအလႉေတြမွာလည္း လုပ္အားဒါနေတြကူညီေလ့ရွိသူပါ ။ သူရဲ႕ အလႉေလးေတြကိုလည္း အမ်ားသူဌာ သာဓုေခၚဆိုႏိုင္ေစရန္ အၿမဲေဝမွ်ေပးေလ့ရွိပါတယ္ ။

အခုလည္း မသန္စြမ္းေပမယ့္ မိခင္ျဖစ္သူကို ေဈးေရာင္းကာ ရွာေဖြေကြၽးေမြးေနသူ တစ္ဦးကို အလႉေငြမ်ား လႉဒါန္းေပး ျဖစ္ခဲ့တဲ့ ဗီဒီယိုေလးနဲ႔အတူ ” “မသန္ေပမယ့္ စြမ္းတဲ့ ကိုေအးသန္း ရဲ႕ ေဂြးသီးသုပ္ “✨မိခင္အေပၚ ထားတဲ့ ေမတၱာတရားကို ေလးစားလိုက္တာဗ်ာ …။🙏❤️” ေရးသားေဖာ္ျပထားရာ ပီတိျဖစ္မိတာေၾကာင့္ ျပန္လည္ ေဝမွ်ေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Moe Sat