




crd : whitesone

unicode

(၇)တန်းကျောင်းသူလေး ကို ရည်းစားဖြစ်သူ က ချိန်းတွေ့ပြီး ခြုံတော ထဲ၌ ပြုကျင့်မှု ဖြစ်ပွား

ရွှေဘိုမြို့တွင် ၇ တန်းကျောင်းသူလေး ကို ရည်းစားဖြစ်သူက ချိန်းတွေ့စဉ် ပြုကျင့် ခဲ့တာကြောင့် သက်ဆိုင်ရာက ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။

သမီးကြီးဖြစ်သူ အသက် ၁၄ နှစ် အရွယ် ၇ တန်းကျောင်းသူ သည် ရည်းစားဖြစ်သူ ဝဿန်(ခ) ကျော်မျိုးလွင် ၂၈နှစ်နှင့် ဇွန် ၁၃ ရက် မွန်းလွဲ ၃ နာရီခန့်က အမှတ်(၁၀)ရပ်ကွက်၊ ခြေမြန်တပ်အနီးရှိ အမှိုက်ပုံအနီးရှိ ကန္တာရခြုံ တောအတွင်း ချိန်းတွေ့နေသည်ကို သမီးငယ်နှင့်တူမတို့က တွေ့မြင် ခဲ့ကြောင်း မိန်းကလေး၏ မိခင်ဖြစ်သူ ထံက သိရှိရပါတယ်။

ထို့ကြောင့် မိခင်ဖြစ်သူက သမီးကြီးကို မေးမြန်းရာ ရည်းစားဖြစ်သူ နှင့်ချိန်းတွေ့ ခဲ့ပြီး အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ပြောပြသိရသဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့ပါတယ်။ ကျူးလွန်သူ ဝဿန် (ခ) ကျော်မျိုးလွင်ကို ရွှေဘိုမြို့မရဲစခန်းက(ပ) ၃၇၅/ ၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်၍ ဖမ်းဆီး အရေးယူထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

15 − six =