ကိုဗစ္ႀကီး က ျမန္မာ တစ္ႏိုင္ငံတည္း ကြက္ၿပီး ေနတာလား …

ကိုဗစ္ႀကီး က ျမန္မာ တစ္ႏိုင္ငံတည္း ကြက္ၿပီး ေနတာလား …

COVID ႀကီးက က်ဳပ္ တို႔ တစ္ႏိုင္ငံ တည္း ကြက္ၿပီး သြားတာ မ်ားလား အရပ္ကတို႔… Mask တပ္တာ လည္း မေတြ႕၊ အရင္က မွ ဟန္ေဆာင္ ပန္ေဆာင္ ေမးသိုင္းထားတာ ေတြ႕ေသး တယ္ ။ လက္ေဆးလား မေဆး လားေတာ့ မသိ ။ Social Distancing ေတာ့ အရင္လို မ ရွိေတာ့ ။ လမ္းေပၚ မွာ ကားေတြ လူေတြ ပုံမွန္မ်ားျပားလာၿပီ ။

COVID ဟာ အခုခ်ိန္ အထိ ကာကြယ္ေဆး မေပၚေသးသ လို ကမာၻ မွာလည္း ကူးစက္မႈႏႈန္း ေလ်ာ့က် မသြားေသးပါဘူး။ အိႏၵိယဆိုရင္ ကူးစက္မႈႏႈန္းက တစ္ရိပ္ရိပ္ တက္လာၿပီး အခုဆို ကမာၻ႔ အဆင့္( ၄ )ေနရာ ေရာက္သြားရွာၿပီ။ ကူးစက္မႈမ်ားလာတာနဲ႔အမွ် ေသဆုံးမႈေတြလည္း တက္လာ ခဲ့ၿပီ။ စကၤာပူမွာ ဆိုလည္း အခုထိ တစ္ေန႔ ကို ရာဂဏန္း ေထာင္ဂဏန္း ေတြ႕ေနဆဲ ။

ကမာၻ မွာ ျဖစ္တာကြာ ၊ ျမန္မာမွာ ေအးေဆးပါ လို႔ လည္း ေျပာမရဘူး… ။ ကမာၻမွျဖစ္ေနတဲ့ ေရာဂါႀကီး ျမန္မာကို ေရာက္လာတာ အခုဆို ကူးစက္သူ အေယာက္(၂၀၀)ကို အေတာ္ေက်ာ္ေနၿပီ ။ ျမန္မာျပည္ မွာ အခု ဆိုရင္ ေတြ႕ရွိသူေတြက Quarantine Camp ထဲက ျပည္ပ ျပန္ေတြမို႔ Local Transmission မရွိပါဘူးဆိုၿပီး စိတ္ေအးေနၾကတယ္။ အခုလို စိတ္ေအးေအး ေနႏိုင္တာ ကလည္း ၿပီးခဲ့တဲ့ April က Social Distancing ကို ေကာင္းေကာင္း Control လုပ္ႏိုင္တဲ့ အက်ိဳး ေက်းဇူးေၾကာင့္ပဲ။

ဒါေပမယ့္ အခု ဇြန္လေရာက္လာၿပီ ။ ရပ္ထား တဲ့ ေလေၾကာင္း လိုင္းေတြဟာ အၿမဲႀကီး ရပ္ထားလို႔ မရဘူး ။ ပိတ္ထားတဲ့ ေက်ာင္းေတြဟာ လည္း အၿမဲႀကီး ပိတ္ထားလို႔ မရဘူး။ WHO ကလည္း ေျပာထား တယ္ ။ COVID ဟာ လူသားေတြနဲ႔ အၿမဲ ယွဥ္တြဲေနထိုင္သြားႏိုင္ တယ္တဲ့ ။ ဒါသာ တကယ္အမွန္ဆိုရင္ ကိုယ္ တို႔ေတြဟာ အၿမဲပိတ္ထားလို႔ မရႏိုင္ေတာ့ ဘူး။

အရမ္းလည္း စိတ္ပူေန လို႔မရသလို အရမ္းလည္း စိတ္ေအးေနလို႔မရဘူး ။ New Normal ဆိုတဲ့ ပုံစံအသစ္နဲ႔ ပုံမွန္ေနထိုင္ႏိုင္ဖို႔ ႀကိဳးစားၾကရေတာ့မွာ ။ အတတ္ႏိုင္ဆုံး လူစုလူေဝး ေရွာင္ရွားမယ္။ လက္ေဆးမယ္။ Mask တပ္မယ္။ ကိုယ္ခံအားေကာင္းေအာင္ေနၾက မယ္ ။ အခုဆို မိုးရာသီထဲ ေရာက္လာၿပီ။ ဗိုင္းရပ္စ္ အႀကိဳက္ စြတ္စိုေအးျမ တဲ့ ရာသီဥတုျဖစ္လာၿပီ ။ ႏွစ္စဥ္ျဖစ္ေနက် Seasonal Flu ရာသီ ေရာက္လာၿပီ။ သတိကပ္ထားဖို႔ လိုပါၿပီ။

COVID ႀကီးဟာ မၿပီးေသးပါဘူး။ ၿပီးခဲ့တဲ့ရက္က ေတြ႕တဲ့ Positive လူနာ နဲ႔ ထိေတြ႕ သူေပါင္း ေသာင္းခ်ီ ရွိပါ သတဲ့ ။

ကိုင္း… လက္ျပန္ေဆးၾက ေပေတာ့ဦး

အိ ပန္ ဆယ္ လို

unicode

ကိုဗစ်ကြီး က မြန်မာ တစ်နိုင်ငံတည်း ကွက်ပြီး နေတာလား….

COVID ကြီးက ကျုပ် တို့ တစ်နိုင်ငံ တည်း ကွက်ပြီး သွားတာ များလား အရပ်ကတို့… Mask တပ်တာ လည်း မတွေ့၊ အရင်က မှ ဟန်ဆောင် ပန်ဆောင် မေးသိုင်းထားတာ တွေ့သေး တယ် ။ လက်ဆေးလား မဆေး လားတော့ မသိ ။ Social Distancing တော့ အရင်လို မ ရှိတော့ ။ လမ်းပေါ် မှာ ကားတွေ လူတွေ ပုံမှန်များပြားလာပြီ ။

COVID ဟာ အခုချိန် အထိ ကာကွယ်ဆေး မပေါ်သေးသ လို ကမ္ဘာ မှာလည်း ကူးစက်မှုနှုန်း လျော့ကျ မသွားသေးပါဘူး။ အိန္ဒိယဆိုရင် ကူးစက်မှုနှုန်းက တစ်ရိပ်ရိပ် တက်လာပြီး အခုဆို ကမ္ဘာ့ အဆင့်( ၄ )နေရာ ရောက်သွားရှာပြီ။ ကူးစက်မှုများလာတာနဲ့အမျှ သေဆုံးမှုတွေလည်း တက်လာ ခဲ့ပြီ။ စင်္ကာပူမှာ ဆိုလည်း အခုထိ တစ်နေ့ ကို ရာဂဏန်း ထောင်ဂဏန်း တွေ့နေဆဲ ။

ကမ္ဘာ မှာ ဖြစ်တာကွာ ၊ မြန်မာမှာ အေးဆေးပါ လို့ လည်း ပြောမရဘူး… ။ ကမ္ဘာမှဖြစ်နေတဲ့ ရောဂါကြီး မြန်မာကို ရောက်လာတာ အခုဆို ကူးစက်သူ အယောက်(၂၀၀)ကို အတော်ကျော်နေပြီ ။ မြန်မာပြည် မှာ အခု ဆိုရင် တွေ့ရှိသူတွေက Quarantine Camp ထဲက ပြည်ပ ပြန်တွေမို့ Local Transmission မရှိပါဘူးဆိုပြီး စိတ်အေးနေကြတယ်။ အခုလို စိတ်အေးအေး နေနိုင်တာ ကလည်း ပြီးခဲ့တဲ့ April က Social Distancing ကို ကောင်းကောင်း Control လုပ်နိုင်တဲ့ အကျိုး ကျေးဇူးကြောင့်ပဲ။

ဒါပေမယ့် အခု ဇွန်လရောက်လာပြီ ။ ရပ်ထား တဲ့ လေကြောင်း လိုင်းတွေဟာ အမြဲကြီး ရပ်ထားလို့ မရဘူး ။ ပိတ်ထားတဲ့ ကျောင်းတွေဟာ လည်း အမြဲကြီး ပိတ်ထားလို့ မရဘူး။ WHO ကလည်း ပြောထား တယ် ။ COVID ဟာ လူသားတွေနဲ့ အမြဲ ယှဉ်တွဲနေထိုင်သွားနိုင် တယ်တဲ့ ။ ဒါသာ တကယ်အမှန်ဆိုရင် ကိုယ် တို့တွေဟာ အမြဲပိတ်ထားလို့ မရနိုင်တော့ ဘူး။

အရမ်းလည်း စိတ်ပူနေ လို့မရသလို အရမ်းလည်း စိတ်အေးနေလို့မရဘူး ။ New Normal ဆိုတဲ့ ပုံစံအသစ်နဲ့ ပုံမှန်နေထိုင်နိုင်ဖို့ ကြိုးစားကြရတော့မှာ ။ အတတ်နိုင်ဆုံး လူစုလူဝေး ရှောင်ရှားမယ်။ လက်ဆေးမယ်။ Mask တပ်မယ်။ ကိုယ်ခံအားကောင်းအောင်နေကြ မယ် ။ အခုဆို မိုးရာသီထဲ ရောက်လာပြီ။ ဗိုင်းရပ်စ် အကြိုက် စွတ်စိုအေးမြ တဲ့ ရာသီဥတုဖြစ်လာပြီ ။ နှစ်စဉ်ဖြစ်နေကျ Seasonal Flu ရာသီ ရောက်လာပြီ။ သတိကပ်ထားဖို့ လိုပါပြီ။

COVID ကြီးဟာ မပြီးသေးပါဘူး။ ပြီးခဲ့တဲ့ရက်က တွေ့တဲ့ Positive လူနာ နဲ့ ထိတွေ့ သူပေါင်း သောင်းချီ ရှိပါ သတဲ့ ။

ကိုင်း… လက်ပြန်ဆေးကြ ပေတော့ဦး

အိ ပန် ဆယ် လို

Add a Comment

Your email address will not be published. Required fields are marked *

twelve + ten =