ဒီတစ်ပတ် အတွင်း ဘယ်လို ထူးခြားမှုတွေက သင့် အတွက် စောင့်ကြို နေမလဲ….

သင် လုပ်ဆောင်ရမယ့် တာဝန် အသစ်တစ်ရပ်ရှိတယ်။ သင့် ဘဝထဲကို ဝင်ရောက်လာမယ့် အချစ်မေတ္တာတွေ နဲ့ ပတ်သက်ပြီး လက်ခံကြို ဆို ရ မယ်။

တစ်စုံတစ်ရာကို ဆုပ်ကိုင် ထားနေရတယ်ဆိုရင်လည်း ဒီအချိန်မှာ လွှတ်ချလိုက်ဖို့ သင့်နေပြီ။ သင့်အတွက် ပလန်အသစ်တွေက စောင့်နေ တယ် ။လက်တွဲဖော်မရှိတဲ့သူတွေ လက်တွဲဖော်ရှာတွေ့မယ်၊ သားသမီးလိုချင်နေတဲ့ သူတွေ သား၊ သမီးထွန်းကားမယ့် နိမိတ်တွေရှိတယ်။

အသစ် တစ်စုံတစ်ရာနဲ့ စိတ်လှုပ်ရှား ဖွယ်တွေဟာ သင့်ဘဝထဲကို အစုလိုက် အပြုံလိုက်ဝင်လာဖို့ရှိတယ်။ကောင်းသတင်းတွေဝေနေပြီး ကြွယ် ဝပြည့်လျှံမှုတွေကို တစ်လုံးတစ်၀ ခံစားနေရမယ့် အချိန်ဖြစ်ပါတယ်။ကိုယ့်ချစ်သူက ကိုယ့်ကိုလက်ထပ်မလားဆိုတာ သိနိုင်မယ့် အချက် (၅) ချက်

တစ်စုံတစ်ရာနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ မရှင်းမရှင်း ဖြစ်နေမယ်။ဘာကြောင့်ဆိုတာတွေကို နားလည်ဖို့ ကြိုးစားနေမယ့်အစား ကိုယ့်ကိုကိုယ် အကောင်းဆုံး ပြင်ဆင်ပြီး နေထိုင်ဖို့က ဒီအချိန်မှာ သင့်အတွက် အရေးကြီးပါတယ်။သင့်အနေနဲ့ အကူအညီဘယ်လိုရနိုင်မလဲ၊ ကိုယ့်လိုပဲ ကြုံ တွေ့ဖူးသူရဲ့ ညွှန်ကြားပြသမှုတွေ ကိုဘယ်လို ယူနိုင်မလဲ စဉ်းစားရဖို့ရှိတယ်။

သင့်ရဲ့ အတွေ့အကြုံတွေကရရှိတဲ့ အသိပညာနဲ့ ရင်ဆိုင် စရာရှိတာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါ။သင်က ကတိပေးပြီးသား ကိစ္စတွေနဲ့ ပတ်သက်ပြီး သံသယတွေအကြောက်တရားတွေ ဖြစ်ပေါ်နေတယ်။ဖြေလျှော့ထားပါ၊ယုံကြည်ပါ။ဒီအချိန်က ဖန်တီးမှုတွေပြုလုပ်ဖို့ မှော်ဝင်နေတဲ့အ ချိန် လို ဖြစ်နေတယ်။ကိုယ့်ဆန္ဒတွေကြောင့် တစ်စုံတစ်ရာအပေါ် ထိခိုက်မှုမရှိစေဘဲ အဲ့ဒီ့အစား ကိုယ့်ဘုံကိုယ့်နန်းကို အကောင်းဆုံးဖန်တီးလိုတဲ့ ဆန္ဒသာထား ရှိသင့်ပါတယ်။

credit

zawgyi






credit

Add a Comment

Your email address will not be published. Required fields are marked *

sixteen − 6 =