မြန်မာ့ အရေးတော်ပုံ အောင်မြင်စေချင် တဲ့ တောင်ကိုရီးယား တို့ရဲ့ စေတနာ

တောင်ကိုရီးယား မှာ တစ်နှစ်တစ်ခါပဲတီးတဲ့ နိုင်ငံံ့ခေါင်း လောင်းကြီးဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက် ( ဒီနေ့ ) နေ့လယ် ၁၂ နာရီ တိတိ မှာ မြန်မာ့တော် လှန်ရေးသမားတွေအတွက် ၁၂ ချက်မြည်ဟီးခဲ့ပါပြီ။..

အရေးတော်ပုံအောင်မည် ..

မြန်မာ့အရေးတော်ပုံ အောင်မြင်စေဖို့ တောင်ကိုရီးယား အစိုးရက သူတို့ အလွန် အလေးအမြတ်တန်ဖိုးထားတဲ့ နှစ်သစ်ကူး ခေါင်းလောင်းကြီးထိုးပြီး ဆုတောင်းခွင့်ပြုလိုက်တာပါ။ခြေလှမ်းအသစ်နဲ့ အောင်မြင်စေလိုတဲ့..

တောင်ကိုရီးယားရဲ့စေတနာ ဖြစ်ပါတယ်..။သူတို့သေချာရှင်းပြမှ အတော့်ကိုကျေးဇူးတင်ပြီး အံ့ဩသွားမိတယ်။ ဒီလောက် အရေးကြီး တဲ့ အလုပ် လို့လည်း မသိခဲ့ဘူး။ ဆုတောင်းမယ်ဆိုတော့ ရိုးရိုး formal အဝတ်အစားပဲ..

ဝတ်သွားမိတာ အတော့်ကို အားနာသွားမိပါတယ်။ဒီခေါင်းလောင်းကြီးကို ကျမတို့လို နိုင်ငံခြားသားတွေအနေနဲ့ ဒီလို တီးခွင့် ရဖို့ ခက်ခဲလှပါတယ်။ခေါင်းလော င်း ကြီးရှိတဲ့နေရာက လူတိုင်းတက်ခွင့်မရတဲ့နေရာဖြစ်ပါတယ်။..

တောင်ကိုရီးယားနိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့ နိုင်ငံ့ခေါင်းလောင်းကြီးဖြစ်ပါတယ်။ဒီနေ့ နေ့လယ်၁၂ နာရီမှာ ခေါင်းလောင်းကြီး တီးပါတော့မယ်လို့ ကြေညာသံကြားရပြီး ၁၂ ချက်တီးခွင့်ရခဲ့တာပါ။..

နောက် အပတ် အင်္ဂါနေ့မှာလည်း ဆန္ဒပြ ဆုတောင်းပွဲထပ်လုပ်ပေးမယ်လို့ဆိုပါတယ်။ ခေါင်လောင်းသံကြီး ဟိန်းထွက် လာတော့ ဝမ်းနည်းဝမ်းသာ မျက်ရည်တွေစီးကျလာတယ်။ အရေးတော်ပုံအောင်မြင်မယ့် ခံစားချက်မျိုး..။..

ခေါင်လောင်းကြီးထိုးပြီးတော့ ဆုတောင်းရပါတယ်။နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်တွေနဲ့ မြန်မာပြည်သူပြည်သားတွေ ကိုယ်စား အရေးတော်ပုံအောင်မြင်ပါစေလို့ လှိုက်လှိုက်လှဲလှဲဆုတောင်းခဲ့ပါတယ်။..

ဒီခေါင်းလောင်းကြီးကိုတီးခွင့်ရတဲ့သူတွေကို တောင်ကိုရီးယားရဲ့ Seoul Metropolitan Government က ကျမနဲ့ မစုမြတ်ကို သမိုင်းဝင် လက်မှတ်ပေးပါတယ်။တောင်ကိုရီးယားရဲ့ သမိုင်းဝင်မှတ်တမ်းတစ်ခုက မြန်မာ့အရေးဖြစ်ခဲ့ပါပြီ။..

တောင်ကိုရီးယားရောက် မြန်မာတို့ တီးတဲ့ ခေါင်းလောင်းသံကြီးကို တစ်ကမ္ဘာလုံးကကြားစေသော်..။ အရေးတော်ပုံအောင်ရမည်။

မရွှေမိုး-ကိုရီးယား April 9th,2021.

Add a Comment

Your email address will not be published. Required fields are marked *

7 − one =