unicode
မျိုးဆက်သစ် မိဘမဲ့ကလေးငယ်များဂေဟာ မှာ မိသားစု နဲ့အတူ အလှူငွေေ တွ သွားရောက်လှူဒါန်းခဲ့တဲ့ ခေးဆက် သွင်
ပရိသတ်တွေက ခေးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးလေး ခေးဆက်သွင် က MRTV 4 ဇာတ် လမ်းတွဲတွေနဲ့ အောင်မြင်မှုရရှိခဲ့သူပါ။ သူမရိုက်ကူးသမျှ ဇာတ်လမ်းတွဲတွေထဲက “အရိပ်” နဲ့ “နှင်းဆီ” ဇာတ်လမ်းတွဲက ပရိသတ်တွေ အကြိုက်ဆုံးဖြစ်ပြီး သူမရဲ့ အအောင်မြင်ခဲ့ဆုံး ဇာတ် လမ်းတွဲတွေလို့ ဆိုနိုင်ပါတယ်။ ခေးဆက်သွင် ကလည်း သူမရဲ့ ပရိသတ်တွေအတွက် အသစ်အ သစ်သော အနုပညာလှုပ်ရှားမှုတွေကို ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
အောင်မြင်မှုတွေရရှိလာတဲ့နောက်ပိုင်းမှာ အလှူအတန်းတွေ ဆက်တိုက် လုပ်ကိုင်လာတဲ့ ခေးဆက်သွင်က ဒီတစ်ခါမှာလည်း သူမရဲ့ မိသားစုတွေနဲ့အတူတူ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ခေးဆက်သွင်က မျိုးဆက်သစ်မိဘမဲ့ကလေးငယ်များဂေဟာမှာ အလှူငွေတွေ သွားရောက်လှူဒါန်းရင်း ကုသိုလ်ပြု ခဲ့တာပဲ ဖြစ်ပါတယ်။
ခေးဆက်သွင်ကတော့ သူမရဲ့ နေ့ရက်တိုင်း မှာ “မေတ္တာနဲ့ပြုံးပါ။ နှလုံးသား နဲ့ ရယ်ပါ။ လူတွေ အပေါ်စိတ်ထား ရိုးသားပါစေ🤍🤍🤍” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ကျင့်သုံးနေတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ခေးဆက်သွင်ရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေ ါ်ပေးကြပါဦးနော်။
Source: Khay Sett Thwin’s fb
Bilie – Cele Connections
Add a Comment
Your email address will not be published. Required fields are marked *
18 + 6 =