ပြည်သူ အချင်းချင်းဖေးမကူညီပေးဖို့ အတွက် လိုလျှင်ယူ၊ပိုလျှင်လှူ အစီအစဉ်လေးကို တက်တက်ကြွကြွ ပြုလုပ်နေကြတဲ့ ပြည်သူများ ရဲ့ ပုံရိပ်တချို့

ပြည်သူတွေကတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမ ကူညီကြရင်း လက်ရှိအခြေအနေကို အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နေကြတာ ဖြစ်ပါတယ်။ပြည်သူတွေရဲ့စည်းလုံးညီညွှတ်မှုတွေနဲ့ အခုကြုံတွေ့နေရတဲ့အခက်အခဲတွေကို(၂)လကျော်တဲ့အထိ ဖြတ်သန်းလာခဲ့ကြပြီ ဖြစ်ပါတယ်။ဒီ(၂)လကျော်အတွင်းမှာလည်း ပြည်သူလူထုက အချင်းချင်း အသက်ပေးပြီးကာကွယ်စောင့်ရှောက် ပေးကြတဲ့အပြင် ကျဆုံးသူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကိုလည်း တတ်နိုင်သလောက် ကူညီပေး နေကြတာဖြစ်ပါတယ်။

အခုလိုအခြေအနေမှာ စီးပွါးရေးတွေလည်းကြပ်တည်း နေကြတာဖြစ်လို့ ခက်ခဲနေကြတဲ့အိမ်ထောင်စုတွေ အတွက်လည်း စားနပ်ရိက္ခာတွေလှူဒါန်းနေကြတာဖြစ်ပါတယ်။လတ်တလောမှာဆိုရင် မြန်မာပြည်အနယ်နယ်၊အရပ်ရပ်မှာ“လိုလျှင်ယူ၊ပိုလျှင်လှူ” အစီအစဉ်လေးကိုဆောင်ရွက်နေကြတာဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်လေးမှာဆိုရင် ဟင်းသီးဟင်းရွက်၊ သားငါးတွေအပြင် အခြေခံစားသောက်ကုန်တွေကိုပါ တတ်နိုင်တဲ့ပြည်သူတွေကလှူဒါန်းကြတာဖြစ်ပါတယ်။လိုအပ်နေတဲ့သူတွေကလည်း မိမိတို့မိသားစုရဲ့တစ်နေ့တာစားသောက်ဖို့အတွက် တစ်နိုင် တစ်ပိုင်လေးသာယူကြတာဖြစ်ပါတယ်။

အခုလိုမျိုး တစ်ယောက်အခက်အခဲကို တစ်ယောက်က မျှဝေခံစားပေးရင်း မိမိတို့မှာ ရှိတာလေးတွေကို ရက်ရက်ရောရောလှူဒါန်းပေးနေကြတဲ့ပုံရိပ်လေးတွေက ပီတိဖြစ်စရာကောင်းလှပါတယ်။မြန်မာလူမျိုးတွေကတော့ ဘယ်သူ့ကိုမဆိုစိတ်ရင်းစေတနာအပြည့်နဲ့ ကူညီပေးတတ်ကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း လိုလျှင်ယူ၊ပိုလျှင်ယူ အစီအစဉ်လေးကိုပြုလုပ်ပြီး ခက်ခဲနေကြတဲ့သူတွေကို တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးနေကြတဲ့ အမြို့မြို့၊အနယ်နယ်က ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

Add a Comment

Your email address will not be published. Required fields are marked *

fifteen − 4 =