အရင်ကလို မဟုတ်တော့ပဲ ချစ်စရာကောင်း တဲ့ ပုံစံအဆန်းလေးတွေ နဲ့ မြင်တွေ့ရ တော့မယ် ဖြူဖြူထွေး

အရင်ကလို မဟုတ်တော့ပဲ ချစ်စရာကောင်း တဲ့ ပုံစံအဆန်းလေးတွေ နဲ့ မြင်တွေ့ရ တော့မယ် ဖြူဖြူထွေး

ပရိသတ်ကြီးရေ အနုပညာလောကထဲ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော် ဖြတ်ရင်း ဝင်ရောက် လာတဲ့သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးပဲဖြစ်ပါတယ်။ ဖြူဖြူထွေးက ကျောင်းကပွဲတစ်ခုက စတိတ်စင်ပေါ်မှာ ကပြရင်း လူသိများကာ ပရိသတ်အားပေးမှုကို များစွာရရှိခဲ့တဲ့သူပဲဖြစ်ပါတယ်။ သူက ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ ဖော်ရွေပြူငှာပြီး စိတ်ထားကောင်းလွန်းတဲ့ အပြုအမှုလေးတွေကြောင့် ပရိသတ်တွေက အချစ်ပိုနေကြတာ အမှန်ပါပဲနော်……….။

ဖြူဖြူထွေးက အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး သူမရဲ့ Tiktok ဗီဒီယိုလေးတွေကိုလည်း ပရိသတ်တွေက အကြိုက်တွေ့နေကြတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြူဖြူထွေးက အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာ လုပ်ဆောင်နေပြီး ပရဟိတလုပ်ငန်းတွေကို သူမတက်နိုင်တဲ့ ဘက်က ကူညီပံ့ ပိုးပြီး လုပ်ပေးနေတာကိုလည်း တွေ့ရပါတယ်။ ဖြူစင်မွန်မြတ်တဲ့ သူမရဲ့ စိတ်ထားလေးကြောင့် လူချစ်လူခင်ပေါများပြီး အနုပညာရှင်တွေကပါ အချစ်ပိုနေကြတာပဲဖြစ်ပါတယ်………။

ပရိသတ်အချစ်တော်မလေးဖြူဖြူထွေးက အခုလက်ရှိမှာတော့ ထိုင်းမလေး တစ်ယောက်လို ချစ်စရာကောင်းပြီး လှပတဲ့ ဂါဝန်လေးနဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာပဲဖြစ်ပါတယ်။ ပြစ်ချက်မရှိလှနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေအပြင် ” အရင်လိုမဟုတ်တော့ဘူး ကိုယ်နေတတ်နေပြီ” ဆိုတဲ့ စာသားလေးကိုလည်း ရေးသား ထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်………။

Photo credit – Phyu Phyu Htwe’s facebook account

Source – Phyu Phyu Htwe’s facebook account

Add a Comment

Your email address will not be published. Required fields are marked *

12 − 1 =