ည(၁၂)နာရီကျော် အချိန် GZကလေး တစ်ယောက် လမ်းပေါ် ဟိုကြည့် ဒီကြည့်ရင်း သုတ် သုတ်နဲ့ လျောက်လာတာတွေ့တော့ ကျွန်တော် လှန်းမေး မိတယ်

ညဘက် ၁၂ နာရီကျော် ခွေးတွေ တအားဟောင် လို့ အိမ်တံခါးလေး အသာဟ ph screen မီးလေးဖွင့်ပြီး လမ်းထဲကို ဘယ်သူဝင်လို့လဲ ဘာများဖြစ်လို့လဲ အသာလေးချောင်းပြီး ခြံထဲဆင်းပြီး လမ်းကိုချောင်းကြည့်ရင်း လမ်းမပေါ်မှာ mask လေးအုပ်ထားပြီး ကျောပိုးအိတ်လေးလွယ်

ဂျင်းဘောင်းဘီနဲ့ shoe လေးစီးထားတဲ့ ညီလေး တစ်ယောက် သုတ်သုတ်နဲ့လျောက်လာတာ မြင်ရတယ်။ ကိုယ်လည်း ဘယ်သူဘယ်ဝါလဲ မီးကွင်းပစ်မဲ့သူလား ဒလံလား ခွေးတွေ ယူနီဖောင်းလဲထားတာလား သေချာကြည့်ပြီး အကဲခပ်တော့ ကောင်လေးကလဲ ဟိုကြည်ဲ့ဒီကြည့်နဲ့

လက်ထဲကြည့်တော့ လက်ဗလာ လွယ်အိတ် ဘေးအိတ်ထဲ ကြည့်တော့ Royal D ဘူးလေး ထိုးထည့်ထားတယ် သူကတော့ကိုယ့်မမြင် ကိုယ်ကသာ သူ့ကိုသေချာချောင်းကြည့်နေမိတာ သေချာ ကြည့်တော့မှ GZ မှ GZ ကလေးဗျ။ ဒါနဲ့ ကိုယ်လည်းစိုးရိမ်ပြီး မထူးပါဘူးဆိုပြီး

ခြံတံခါးအကွယ်က ခေါင်းပြူပြီး ညီလေး ညီလေး ဆိုပြီး အသံခပ်အုပ်အုပ်လေး နဲ့ အော်ခေါ်တော့ ‘ဗျာ’ ဆိုပြီး ထူးသံနဲ့အတူလှည့်လာတယ်။ ဒါနဲ့ ကိုယ်လည်း ဟျောင့် ဒီချိန်ကြီး မင်းဘာလုပ်ဖို့လဲဆိုတော့ အကို ဆန္ဒထုတ်ဖော်ဖို့လေ တဲ့ ကျွန်တော် ဘော်ဒါတွေလည်း ထွက်မှာဆိုတော့

ဘာလည်း Night strike လားဆိုတော့ ကြောင်ကြည့်နေလေရဲ့။ မင်းကွာ မလည်မဝယ် နဲ့ ဒီချိန်ကြီးထွက်လာပြီး ဘာလုပ်ရမှန်းမသိ ကြောင်တောင်တောင်နဲ့ ဟိုသွားဒီသွားမလုပ်နဲ့ ခွေးဆ.ွဲခံရမယ်ဟ အခြေနေမကောင်းရင် အပ.စ်ခ.ံရမယ် ဒီချိန်ဒီနား ဆန္ဒထုတ်ဖော်သူမရှိဘူး

မနက်ပိုင်းတောင် ဆန္ဒထွက်မပြတော့ဘူးလေဆိုတော့ တွေဝေပြီး ပြန်မေးတယ် ‘အကို ကျွန်တော်တို့ နိုင်သွားပြီလား’တဲ့၊ အာ လက်ရှိအခြေနေက ၅၀/၅၀ ပဲလို့ အကိုထင်တယ်ကွာ CRPH ကလည်း သူ့အလုပ်သူလုပ်တယ် ကမ္ဘာကလည်း သိနေပြီ UN ကလည်း

ဆောင်ရွက်နေပါတယ်ဆိုပြီး ကိုယ်သိသလောက် ပြောတော့ သူက အာ့ဆို ဆန္ဒပြသူလှုပ်ရှားသူ မရှိတော့ဘူးလား၊ သံပုံးတွေရော တီးသေး ရဲ့လားတဲ့ မေးခွန်း ထုတ်လေရဲ့။ ဒါနဲ့ပဲ သူ့ကိုစိတ်ပေါက်ပေါက်နဲ့ မင်းလည်းလုပ်နေတာ မသိဘူးလားဆိုပြီး ဒေါသစိတ် ဂရုဏာစိတ်

စိုးရိမ်စိတ်ပေါင်းပြီး အသံမာမာနဲ့မေးလိုက်ပြီး မျက်နှာ ကို စေ့စေ့ကြည့်လိုက်မှ နဖူးမှာ ကျ.ည်ေ.ပ.ါက်ရ.ာက ေ.ဟ.ာင်းေ.လ.ာင်းနဲ့ Mask လေးက ေ.သွးေ.ရ.ာင်လ.ွှမ်းလို့။ အော် GZ ရယ် မင်းတို့တွေကို အမ.ျှမေ.ဝပေးပဲ အရေးတော်ပုံအောင်ရမည်၊ အရေးတော်ပုံ အောင်ရမည်

အရေးတော်ပုံ အောင်ရမည်လို့သာ ပြောလိုက် မိပါတယ်ကွာ။ အကို့စိတ်ကူး ထဲကလို ညီလေး/ညီမလေးများ ရှိနေမလား ရသလိုလေး အချိန်ပိုင်း ဆန္ဒထုတ်ဖော်စေချင်မလား သံပုံးသံလေးရော နားစွင့်နေလေမလား ညဘက်ကြီးရော လမ်းပေါ်မှာရှိနေမလားကွာ

ကျွန်ုပ်တို့ မုချအောင်မြင်ရပါမည်။ အားမတန်သော်ငြား လက်မလျော့ပါ၊ ဆက်လက် ဆောင်ရွက်ပါမည်။ သ.ံတ.ိုင်ခြားနှင့် ကျ.ည်ဆ.န်ဝေးရန် ဉာဏ်သုံး၍ တော်လှန်ပါမည်။ အရေးတော်ပုံအောင်ကိုအောင်ရမည်။ KZ လေးစားစွာဖြင့် ခရက်ဒစ်.

Add a Comment

Your email address will not be published. Required fields are marked *

one × 4 =