အလှူအတန်းတွေ လုပ်ပြီး ပြည်သူတွေ အမြန်ဆုံး ငြိမ်းအေးချမ်းသာ စေဖို့တောင်းဆုခြွေ ကုသိုလ် ပြုနေတဲ့ မေခလာ

ပရိသတ်ကြီးရေ.. ဂီတအနုပညာ လောကမှာ သီချင်းကောင်းတွေ များစွာနဲ့ အောင်မြင်မှုတွေများစွာရရှိထားပြီး ချစ်ငယ်လို့အများကချစ်စနိုးခေါ်ကြတဲ့ အဆိုတော်မေခလာကတော့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

မေခလာကတော့ အလှူအတန်းတွေပြုလုပ်ကာ ပြည်သူတွေအားလုံး နဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေပြီး အခုတစ်ခါမှာလည်း သံဃာတော်တွေကို လှူဒါန်းမှုတွေ ပြုလုပ်ကုသိုလ်ယူခဲ့ပြန်ပါတယ်..။

အသက်(၈၇)နှစ်အရွယ် မိခင်ဖြစ်သူကိုယ်တိုင်ချုပ် လုပ်ထားတဲ့ handmade နေရာအထိုင်အခင်းကို ဆရာတော်ဘုရားကြီးအတွက် လှူဒါန်းခဲ့သလို လတိုင်းလှူနေကျ ဝတ္တူငွေတွေကိုလည်း လှူဒါန်းကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်..။

အမျိုးမျိုးသောဆင်းရဲဒုက္ခရောက်နေကြသူတွေအပြင် ဖမ်းဆီးခံ ပြည်သူတွေလွတ်မြောက်ဖို့အတွက် တောင်းဆုခြွေကုသိုလ်ပြုခဲ့တာဖြစ်ပြီး ပုံရိပ်တွေကိုလည်း ဝေမျှပြောပြထားတာလည်း တွေ့ရပါတယ်..။

“မေမေကြီး အသက် ၈၇ကျော်ပါပြီ သူကိုယ်တိုင် ချုပ်တဲ့ handmade နေရာထိုင်အခင်းလေးကို ဆရာတော်ဘုရား အတွက်လှုခိုင်းပါတယ်

လ တိုင်း အမြဲလှုနေကျ့ ဝတ္ထူငွေကိုလဲ ဇွဲစုံ ဆရာတော်ဘုရား ကျောင်းဆောင်သစ် အတွက် နိုင်သလောက် လေးလှုဒါန်းခဲ့ပါတယ်

ယခု့ ဤသို့ပြုရ ကုသိုလ်ကောင်းမှု့ကြောင့်

မြန်မာပြည်ကြီး အမြန်ဆုံးအေးငြိမ်း ချမ်းသာပါစေ

ဆင်းရဲဒုက္ခရောက်နေသူ အားလုံး အမြန်ဆုံး အေးငြိမ်းကြပါစေ

အကျဉ်းအကြတ် အမျိုးမျိုးမှ့ လွတ်မြောက်အောင်မြင်ကြပါစေ

လူတန်းစားစေ့ ချမ်းသာကြပါစေ

🙏🙏🙏..” ဆိုပြီး ကုသိုလ်အလှူကို ဝေမျှ ထားတာ ဖြစ်ပါတယ်..။

တတ်နိုင်တဲ့ဘက်ကနေ အမျိုးမျိုး လုပ်ဆောင်ရင်း ပြည်သူတွေ နဲ့အတူ ရပ်တည်နေတဲ့ မေခလာရဲ့ကုသိုလ်ပုံရိပ်တွေကိုလည်း ပရိသတ်တွေက သာဓုခေါ်ရင်း အားပေးစကားတွေ လည်း ပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit – May KhaLar’s Fb Acc

Add a Comment

Your email address will not be published. Required fields are marked *

three − 3 =