ကိုယ်တိုင်က ဝရမ်းထုတ် အရေးယူခြင်းခံထား ရပေမယ့်လည်း ပြည်သူတွေ သွေးမအေးသွားစေဖို့ အားပေးစကား ပြောလာတဲ့ အလင်းရောင်

ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောအလင်းရောင်ကတော့ ဖေဖော်ဝါရီလ တစ်ရက်နေ့ကတည်းက စတင်ခဲ့တဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပါဝင်ခဲ့သူပဲ ဖြစ်ပါတယ်..။

တက်ကြွစွာပါဝင်လှုပ်ရှားခဲ့တဲ့ အလင်းရောင် ကတော့ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်လုပ်ဆောင်ခဲ့တဲ့အပြင် ကျဆုံးသွားကြတဲ့သူရဲကောင်းတွေအတွက် လှူဒါန်းမှုတွေကိုလည်း သူငယ်ချင်းတွေနဲ့အတူ ပြုလုပ်နေတာလည်း တွေ့ရပါတယ်..။

၅၀၅-က ဖြင့် အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေ ထဲမှာ အလင်းရောင်ကလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး ဖြိုခွင်းမှုတွေရှိနေတဲ့ကြားက သွေးအေးမသွားဘဲ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေတာသူလည်း ဖြစ်ပါတယ်..။

အလင်းရောင်ကတော့ လက်ရှိအခြေအနေတွေမှာ အမှုဖွင့် အရေးယူခြင်း ခံထားရပေမယ့်လည်း အားလုံးနဲ့အတူ အနာဂတ်တွေအတွက် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေပြီး ပြည်သူတွေအတွက်အားပေးစကားတွေလည်း ပြောလာတာ တွေ့ရပါတယ်..။

“ရှုံးမှာသိနေတဲ့ သူတို့တောင်

နောက်မဆုတ်သေးတာ …

နိုင်မှာသိနေတဲ့ ငါတို့တွေက

နောက်ဆုတ်စရာလား …..

Fighting💪❤️..” ဆိုပြီး အလင်းရောင်က ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်..။

အခက်အခဲတွေကြားက သွေးမအေးသွားဘဲ ရဲရင့်စွာ လှုပ်ရှားမှုတွေပြုလုပ်နေတဲ့ မင်းသားချောအလင်းရောင်ရဲ့ ခိုင်မာပြတ်သားတဲ့ စိတ်ထားတွေနဲ့ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ပရိသတ်တွေအားလုံးက သဘောကျနေကြတာ ဖြစ်ပါတယ်..။

Photo Credit – ALINNYAUNG’s Fb Acc

Add a Comment

Your email address will not be published. Required fields are marked *

8 + 18 =