ရန္ကုန္ၿမိဳ႕မွ လြဲ ၍ အျခားၿမိဳ႕မ်ား သို႔ ခရီးသြားပါ က ရပ္ကြက္ ေထာက္ခံခ်က္ ယူရန္လို

ရန္ကုန္ၿမိဳ႕မွ လြဲ ၍ အျခားၿမိဳ႕မ်ား သို႔ ခရီးသြားပါ က ရပ္ကြက္ ေထာက္ခံခ်က္ ယူရန္လို

ရန္ ကုန္ၿမိဳ႕မွ လြဲ၍ အျခားတိုင္းႏွင့္ျပည္နယ္ရွိ ၿမိဳ႕မ်ားသို႔ ခရီးသြားပါက မိမိတို႔ ေနထိုင္ရာၿမိဳ႕နယ္မ်ားရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရး အဖြဲ႕အစည္းမ်ားထံမွ ေနထိုင္မႈဆိုင္ရာ အေထာက္အထားမ်ား ယူေဆာင္ရန္လိုအပ္မည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီးႏွင့္ျပည္နယ္ရွိ အစိုးရအဖြဲ႕မ်ားထံမွ စုံစမ္းသိရွိရသည္။ ျပည္တြင္းအေနျဖင့္ အျခားၿမိဳ႕မ်ားသို႔ ခရီးသြားပါက မိမိသြားလိုသည့္ အေၾကာင္းအရာမ်ားအတြက္ မိမိေနထိုင္ရာၿမိဳ႕ မ်ား၏ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားထံမွ အေထာက္အထားလိုအပ္မည္ျဖစ္ၿပီး ျပည္ပခရီးသည္မ်ားအေနျဖင့္ မိမိအလုပ္ဌာနမ်ားႏွင့္ ေနထိုင္ရာ ၿမိဳ႕နယ္ အဖြဲ႕အစည္းမ်ားထံမွ အထာက္အထားမ်ား လိုအပ္မည္ျဖစ္သည္။”ကယားျပည္နယ္ကိုလာမယ့္ ျပည္တြင္းခရီးသည္ေတြအေနနဲ႔ ရန္ကုန္ၿမိဳ႕ အင္းစိန္ၿမိဳ႕နယ္က လာတဲ့သူကလြဲရင္ ရပ္ကြက္ ေထာက္ခံစာနဲ႔ အကုန္လာလို႔ရတယ္။ ျပည္နယ္ဝင္ေပါက္ေတြမွာ အေထာက္အထား ေတြ စစ္ေနတာရွိတယ္။ ႏိုင္ငံျခားသားနဲ႔ ျပည္ေတာ္ျပန္ေတြဆိုရင္ သတ္မွတ္ထားတဲ့ အလုပ္ဌာနရဲ႕ ေထာက္ခံခ်က္ေတြ၊ကြာရန္တင္းေနထိုင္ခဲ့တဲ့အေထာက္အထား ေတြ လိုအပ္မယ္”ဟု ကယားျပည္နယ္ ဗမာတိုင္းရင္းသားေရးရာဝန္ႀကီး ဦးလွမ်ိဳးေဆြ က ဆိုသည္။

ကိုဗစ္ ကာလအတြင္း ျပည္တြင္းျပည္ပ ခရီးသည္ မ်ားကို ျပည္တြင္းခရီးသြားလာရာတြင္ သက္ဆိုင္မွ အေထာက္အထား ေတာင္းခံျခင္းသည္ အမ်ိဳးသားအဆင့္ ကိုဗစ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးေကာ္မတီ၏ ရည္ၫႊန္းစာမ်ားျဖင့္ သက္ဆိုင္ရာ ျပည္နယ္အစိုးရ အဖြဲ႕အစည္းမ်ားက ေဒသႏၲရ အုပ္ခ်ဳပ္ေရးအမိန႔္မ်ားႏွင့္ ေဆာင္႐ြက္ျခင္းျဖစ္သည္။”ဒီလုပ္ငန္းက ေဒသႏၲရအမိန႔္နဲ႔လုပ္တာဆိုေတာ့ က်န္းမာေရးလိုအပ္ခ်က္အရ ျပည္နယ္နဲ႔တိုင္းအလိုက္ စီမံေဆာင္႐ြက္မႈေတြ ကြဲျပားႏိုင္တယ္။ရန္ကုန္ကိုလာရင္ေတာ့ ေထာက္ခံစာမလိုဘူး။ဒါေပမယ့္ တိုးဂိတ္ေတြမွာ က်န္းမာေရး အတြက္ အပူခ်ိန္တိုင္းတာေတြ ၊စိစစ္တဲ့လုပ္ငန္းစဥ္ေတာ့ရွိတယ္”ဟု ရန္ကုန္တိုင္း ပန္းဘဲတန္းၿမိဳ႕ နယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းႏိုင္ဦးက ဆိုသည္။

တနသၤာရီတိုင္းေဒသႀကီးသို႔ ဝင္ေရာက္မည့္ ျပည္တြင္းျပည္ပ ခရီးသည္မ်ားကို ဝင္ေပါက္မ်ား၌ က်န္းမာေရးဆိုင္ရာလိုအပ္ခ်က္ႏွင့္ေနထိုင္ေၾကာင္း အေထာက္အထားမ်ားအား စစ္ေဆးေနေၾကာင္း၊ ျပည္ေတာ္ျပန္မ်ားႏွင့္ Simi Lockdownအျဖစ္ ကင္းလြတ္ခြင့္ မရေသးသည့္ ရန္ကုန္ၿမိဳ႕ အင္းစိန္ၿမိဳ႕နယ္မွ လာေရာက္ သူမ်ားသည္ က်န္းမာေရး ဝန္ႀကီးဌာနမွ သတ္မွတ္ခ်က္မ်ားအတိုင္း ကြာရန္တင္း ဝင္ရမည္ျဖစ္ေၾကာင္း တနသၤာရီတိုင္းေဒသႀကီးလူမႈေရးဝန္ႀကီး ဦးေက်ာ္မင္းက ဆိုသည္။

ျပည္နယ္ႏွင့္တိုင္းေဒသႀကီးအမ်ားစုသို႔ ခရီးသြား လာပါက မိမိေနထိုင္ရာၿမိဳ႕နယ္မ်ားမွ အေထာက္အထား ယူေဆာင္ရန္ လိုအပ္ၿပီး အင္းစိန္ၿမိဳ႕နယ္တြင္ေနထိုင္သူမ်ားႏွင့္ ျပည္ေတာ္ျပန္မ်ားမွ အပ က်န္ခရီးသြားမ်ားသည္ ကြာရန္တင္းဝင္ရန္ မလိုအပ္ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး ႀကံခင္းၿမိဳနယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေသာ္ဇင္ဝင္းက ဆိုသည္။လက္ရွိတြင္ ေနျပည္ေတာ္၊မႏၲေလး၊တနသၤာရီ၊ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ကယားျပည္နယ္ စသည့္ၿမိဳ႕နယ္မ်ားသို႔ သြားေရာက္ပါက မိမိေနထိုင္ ရာၿမိဳ႕ မ်ား၏ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားထံမွ အေထာက္အထား လိုအပ္မည္ျဖစ္ေၾကာင္း ျပည္နယ္အစိုးရက ထုတ္ျပန္ထားသည္။ယင္းအျပင္ အခ်ိဳ႕ေသာၿမိဳ႕မ်ားသို႔ခရီးသြားပါက မိမိသြားေရာက္သည့္ ၿမိဳ႕နယ္မ်ားရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ားမွ တစ္ဆင့္ ေက်း႐ြာလူထုသို႔ မိမိေရာက္ရွိေၾကာင္း သတင္းပို႔ရျခင္းမ်ား ရွိေၾကာင္း၊ မြန္ျပည္နယ္၊ေမာ္လၿမိဳင္ႏွင့္ ပဲခူးတိုင္း ျပည္ၿမိဳ႕ မွျပန္လာသူမ်ားထံမွ သိရွိရသည္။

ခရစ္ဒက္ myanmar.mmtimes

unicode

ရန်ကုန်မြို့မှ လွဲ ၍ အခြားမြို့များ သို့ ခရီးသွားပါ က ရပ်ကွက် ထောက်ခံချက် ယူရန်လို

ရန် ကုန်မြို့မှ လွဲ၍ အခြားတိုင်းနှင့်ပြည်နယ်ရှိ မြို့များသို့ ခရီးသွားပါက မိမိတို့ နေထိုင်ရာမြို့နယ်များရှိ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့အစည်းများထံမှ နေထိုင်မှုဆိုင်ရာ အထောက်အထားများ ယူဆောင်ရန်လိုအပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ အစိုးရအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းအနေဖြင့် အခြားမြို့များသို့ ခရီးသွားပါက မိမိသွားလိုသည့် အကြောင်းအရာများအတွက် မိမိနေထိုင်ရာမြို့ များ၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများထံမှ အထောက်အထားလိုအပ်မည်ဖြစ်ပြီး ပြည်ပခရီးသည်များအနေဖြင့် မိမိအလုပ်ဌာနများနှင့် နေထိုင်ရာ မြို့နယ် အဖွဲ့အစည်းများထံမှ အထာက်အထားများ လိုအပ်မည်ဖြစ်သည်။”ကယားပြည်နယ်ကိုလာမယ့် ပြည်တွင်းခရီးသည်တွေအနေနဲ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ်က လာတဲ့သူကလွဲရင် ရပ်ကွက် ထောက်ခံစာနဲ့ အကုန်လာလို့ရတယ်။ ပြည်နယ်ဝင်ပေါက်တွေမှာ အထောက်အထား တွေ စစ်နေတာရှိတယ်။ နိုင်ငံခြားသားနဲ့ ပြည်တော်ပြန်တွေဆိုရင် သတ်မှတ်ထားတဲ့ အလုပ်ဌာနရဲ့ ထောက်ခံချက်တွေ၊ကွာရန်တင်းနေထိုင်ခဲ့တဲ့အထောက်အထား တွေ လိုအပ်မယ်”ဟု ကယားပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေ က ဆိုသည်။

ကိုဗစ် ကာလအတွင်း ပြည်တွင်းပြည်ပ ခရီးသည် များကို ပြည်တွင်းခရီးသွားလာရာတွင် သက်ဆိုင်မှ အထောက်အထား တောင်းခံခြင်းသည် အမျိုးသားအဆင့် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ရည်ညွှန်းစာများဖြင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့အစည်းများက ဒေသန္တရ အုပ်ချုပ်ရေးအမိန့်များနှင့် ဆောင်ရွက်ခြင်းဖြစ်သည်။”ဒီလုပ်ငန်းက ဒေသန္တရအမိန့်နဲ့လုပ်တာဆိုတော့ ကျန်းမာရေးလိုအပ်ချက်အရ ပြည်နယ်နဲ့တိုင်းအလိုက် စီမံဆောင်ရွက်မှုတွေ ကွဲပြားနိုင်တယ်။ရန်ကုန်ကိုလာရင်တော့ ထောက်ခံစာမလိုဘူး။ဒါပေမယ့် တိုးဂိတ်တွေမှာ ကျန်းမာရေး အတွက် အပူချိန်တိုင်းတာတွေ ၊စိစစ်တဲ့လုပ်ငန်းစဉ်တော့ရှိတယ်”ဟု ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့ နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆိုသည်။

တနင်္သာရီတိုင်းဒေသကြီးသို့ ဝင်ရောက်မည့် ပြည်တွင်းပြည်ပ ခရီးသည်များကို ဝင်ပေါက်များ၌ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်နှင့်နေထိုင်ကြောင်း အထောက်အထားများအား စစ်ဆေးနေကြောင်း၊ ပြည်တော်ပြန်များနှင့် Simi Lockdownအဖြစ် ကင်းလွတ်ခွင့် မရသေးသည့် ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှ လာရောက် သူများသည် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ချက်များအတိုင်း ကွာရန်တင်း ဝင်ရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးကျော်မင်းက ဆိုသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအများစုသို့ ခရီးသွား လာပါက မိမိနေထိုင်ရာမြို့နယ်များမှ အထောက်အထား ယူဆောင်ရန် လိုအပ်ပြီး အင်းစိန်မြို့နယ်တွင်နေထိုင်သူများနှင့် ပြည်တော်ပြန်များမှ အပ ကျန်ခရီးသွားများသည် ကွာရန်တင်းဝင်ရန် မလိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြိုနယ် လွှတ်တော် ကိုယ်စားလှယ် ဦးသော်ဇင်ဝင်းက ဆိုသည်။လက်ရှိတွင် နေပြည်တော်၊မန္တလေး၊တနင်္သာရီ၊ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည်နယ် စသည့်မြို့နယ်များသို့ သွားရောက်ပါက မိမိနေထိုင် ရာမြို့ များ၏ အုပ်ချုပ်ရေးအဖွဲ့အစည်းများထံမှ အထောက်အထား လိုအပ်မည်ဖြစ်ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။ယင်းအပြင် အချို့သောမြို့များသို့ခရီးသွားပါက မိမိသွားရောက်သည့် မြို့နယ်များရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ တစ်ဆင့် ကျေးရွာလူထုသို့ မိမိရောက်ရှိကြောင်း သတင်းပို့ရခြင်းများ ရှိကြောင်း၊ မွန်ပြည်နယ်၊မော်လမြိုင်နှင့် ပဲခူးတိုင်း ပြည်မြို့ မှပြန်လာသူများထံမှ သိရှိရသည်။

ခရစ်ဒက် myanmar.mmtimes