မီးမီးခဲ ဟာ သူမရဲ႕ က်န္းမာေရး ထက္ သားသမီးေတြ နဲ႔ ေပ်ာ္ေနရရင္ ကိုယ့္ေရာဂါ ကိုေတာင္ ေမ့ေနတယ္ လို႔ ဆိုပါတယ္….

မီးမီးခဲကေတာ့ ကင္ဆာ ေရာဂါ ေနာက္ဆုံး အဆင့္ကို ခံစားေနရတာ ၾကာပါၿပီ။ မိသားစု ကို ခ်စ္တဲ့ သူမအတြက္ေတာ့ သားသမီးေလးေတြ နဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ေနရတဲ့ အခ်ိန္ေလးက ကိုယ့္ေရာဂါကို ေမ့သြားရေလာက္ေအာင္ပါပဲတဲ့။ လက္ရွိ သူမရဲ႕ ကင္ဆာေရာဂါ အေျခအေနကိုလည္း အခုလို ေျပာျပလာ ပါတယ္။

” ေဆး႐ုံျပန္ဆင္းလာတဲ့ရက္ကေန ဒီေန႔ထိ ကေလးေတြ နဲ႔ေဆာ့ ဟင္းေတြခ်က္၊ ညဆို သီခ်င္းဆိုၾကကင္ဆာေရာဂါ ဘယ္နားေရာက္မွန္းမသိ။ မိသားစုရဲ႕အရိပ္ဆိုတာေလ လူကို ေျပာင္းလဲေစႏိုင္တာပါ။ ပင္ပန္းခဲ့ရသမွ် ေဆးကုတုန္းက ၇ ႀကိမ္ ဓါတ္ကင္ခဲ့ရပါတယ္။ ကြၽန္မတို႔လိုေနာက္ဆုံး အဆင့္ေဝဒနာရွင္ေတြ ဆို ေဆး႐ုံ ကလည္း အရမ္းသနားသလို ေမးခြန္းေပါင္းမ်ားစြာလဲေျဖၾကရပါတယ္။ က်န္းမာေရးဥပေဒအရ ကိုယ္ေရာဂါအေျခအေနကိုမိသားစုေတြသိလား။ သင္ ေသရင္ေရာဘာေတြလြဲွခဲ့ခ်င္လဲ ( ေသတန္းစာ)တရားဝင္ေတြေမးျမန္းၾက ရင္ေတြဆို နာတာေပါ့ေနာ္။ က်န္တဲ့ဘဝရက္ေတြမွာ ဘာေတြ လုပ္သြားခဲ့ခ်င္လဲ..လူမႉေရး ကူညီအဖြဲ႕အစည္းေတြနဲ႔စကားေျပာၾကရတာေပါ့ေလ” ဆိုၿပီးေတာ့ ေမလ ၁၃ ရက္ေန႔ ညေနပိုင္းက သူ႔ရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

မီးမီးခဲဟာ ကင္ဆာေဆးေတြ ရဲ႕ ဆိုး က်ိဳးေၾကာင့္ သူမရဲ႕ ေျခေထာက္တစ္ဖက္က လမ္းမေလွ်ာက္ႏိုင္ေလာက္ေအာင္ ျဖစ္ခဲ့ရပါတယ္တဲ့။ ဒါေၾကာင့္ ေဆး႐ုံတက္ ကုသခဲ့ၿပီး ေမလ (၁၀) ရက္ေန႔မွာ ေဆး႐ုံက ဆင္းခဲ့တာျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ သူမကို wheelchair အသုံးျပဳၿပီး သြား လာရမယ္လို႔ ဆရာဝန္ေတြက ၫႊန္ၾကားထားတယ္လို႔ဆိုပါတယ္။ကြၽန္မရဲ႕အ႐ိုး မေကာင္းတဲ့ျပသာနာ အရေတာ့ ကြၽန္မက ဒီ ၄၊ ၅ ၊၆ လအတြင္း wheelchair ကို အသုံးျပဳသြားရမယ္လို႔ေျပာေပမယ့္ နဂိုကမွ super mommy ဆိုေတာ့ကာ ေဆး႐ုံတတ္ တဲ့ေန႔ထဲက nurse အကူမယူပဲ ႀကိဳးစားလမ္းေလွ်ာက္ခဲ့ပါတယ္။ အခုလည္း ေျဖးေျဖးျခင္းစေလွ်ာက္ႏိုင္ေနပါၿပီ။ Strong ျဖစ္ၿပီးသားကြၽန္မကေတာ့ ဘာမွ သိပ္မခံစားရပါဘူး။ ေျခေထာက္၊ ေပါင္ အက္တဲ့ေနရာ၊ ဘယ္ဘက္ခါး ေနရာ၊ ညာဘက္နဂိုး ေအာက္ ေနရာ ျပင္းထန္စြာ ျပဳလုပ္ခဲ့ရေပမယ့္ ျပန္ေရာက္တဲ့ တစ္ရက္ေတာ့ ထမႏိုင္ဘူး ။

ေနာက္ရက္ေတြေတာ့ လန္းဆန္းလာတယ္နိးတာ နဲ႔ ေမ်ာက္ရႈံးႏွစ္ေကာင္ ကတီတီတာတာ၊ စိတ္ေၾကာင့္သာလွ်င္ အရာရာ ဟာ ၿပီးျပည့္စုံလာရတာပါ။ ဘုန္းေတာ္ထင္ရွားမဲ့အနာ ျဖစ္ေၾကာင္း အတည္ျပဳဝန္ခံရင္း God Bless You All..ToGodBeTheGlory mmk” ဆိုၿပီးေတာ့လည္း ဆက္လက္ ေရးသားခဲ့ပါေသးတယ္။ မီးမီးခဲက လက္ရွိမွာ မိသားစုနဲ႔ အတူ ၾသစေတ်းလ်ႏိုင္ငံ Sydney ၿမိဳ႕မွာေနထိုင္တာျဖစ္ပါတယ္။ သူမဟာ ၂၀၁၉ ခုႏွစ္အတြင္းက ကင္ဆာေရာဂါကို ျပင္းျပင္းထန္ထန္ခံစားခဲ့ရတဲ့အျပင္ ရင္သားကင္ဆာ အဆင့္(၄) အထိ ေရာက္ခဲ့ရတာျဖစ္ပါတယ္။ သူမရဲ႕ က်န္းမာေရး အေျခအေနေကာင္းလာဖို႔အတြက္ကိုလည္း ဆရာဝန္ႀကီးေတြရဲ႕ ၫႊန္ၾကားခ်က္အတိုင္း ေနထိုင္စားေသာက္တယ္လို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။ သူမကိုယ္တိုင္က ကင္ဆာေရာဂါခံစားေနရတာေၾကာင့္ ကင္ဆာေဝဒနာရွင္ေတြအတြက္ စိတ္ခြန္ အားျဖစ္ေစမယ့္ သီခ်င္းေတြကို ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁၁ ရက္ေန႔က ေတာ္ဝင္ဂါးဒင္း ဟိုတယ္မွာ ပထမဆုံး တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲလုပ္ရင္း အားေပးခဲ့ပါတယ္။ မႏၲေလးမွာလည္း ဒုတိယေျမာက္ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲက်င္းပခဲ့ပါေသးတယ္။ ေအာင္ျမင္တဲ့ ေဖ်ာ္ေျဖပြဲႀကီး တစ္ခုျဖစ္ခဲ့သလို ဒီေဖ်ာ္ေျဖပြဲက ရရွိတဲ့ ေငြေၾကးေတြကို ကင္ဆာေဝဒနာရွင္ေတြအတြက္ မီးမီးခဲက အလႉအတန္းေတြ လုပ္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။

crd : panpyoelat

unicode

မီးမီးခဲ ဟာ သူမရဲ့ ကျန်းမာရေး ထက် သားသမီးတွေ နဲ့ ပျော်နေရရင် ကိုယ့်ရောဂါ ကိုတောင် မေ့နေတယ် လို့ ဆိုပါတယ်။

မီးမီးခဲကတော့ ကင်ဆာ ရောဂါ နောက်ဆုံး အဆင့်ကို ခံစားနေရတာ ကြာပါပြီ။ မိသားစု ကို ချစ်တဲ့ သူမအတွက်တော့ သားသမီးလေးတွေ နဲ့ ပျော်ပျော်ပါးပါး နေရတဲ့ အချိန်လေးက ကိုယ့်ရောဂါကို မေ့သွားရလောက်အောင်ပါပဲတဲ့။ လက်ရှိ သူမရဲ့ ကင်ဆာရောဂါ အခြေအနေကိုလည်း အခုလို ပြောပြလာ ပါတယ်။

” ဆေးရုံပြန်ဆင်းလာတဲ့ရက်ကနေ ဒီနေ့ထိ ကလေးတွေ နဲ့ဆော့ ဟင်းတွေချက်၊ ညဆို သီချင်းဆိုကြကင်ဆာရောဂါ ဘယ်နားရောက်မှန်းမသိ။ မိသားစုရဲ့အရိပ်ဆိုတာလေ လူကို ပြောင်းလဲစေနိုင်တာပါ။ ပင်ပန်းခဲ့ရသမျှ ဆေးကုတုန်းက ၇ ကြိမ် ဓါတ်ကင်ခဲ့ရပါတယ်။ ကျွန်မတို့လိုနောက်ဆုံး အဆင့်ဝေဒနာရှင်တွေ ဆို ဆေးရုံ ကလည်း အရမ်းသနားသလို မေးခွန်းပေါင်းများစွာလဲဖြေကြရပါတယ်။ ကျန်းမာရေးဥပဒေအရ ကိုယ်ရောဂါအခြေအနေကိုမိသားစုတွေသိလား။ သင် သေရင်ရောဘာတွေလွဲှခဲ့ချင်လဲ ( သေတန်းစာ)တရားဝင်တွေမေးမြန်းကြ ရင်တွေဆို နာတာပေါ့နော်။ ကျန်တဲ့ဘဝရက်တွေမှာ ဘာတွေ လုပ်သွားခဲ့ချင်လဲ..လူမှူရေး ကူညီအဖွဲ့အစည်းတွေနဲ့စကားပြောကြရတာပေါ့လေ” ဆိုပြီးတော့ မေလ ၁၃ ရက်နေ့ ညနေပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

မီးမီးခဲဟာ ကင်ဆာဆေးတွေ ရဲ့ ဆိုး ကျိုးကြောင့် သူမရဲ့ ခြေထောက်တစ်ဖက်က လမ်းမလျှောက်နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်တဲ့။ ဒါကြောင့် ဆေးရုံတက် ကုသခဲ့ပြီး မေလ (၁၀) ရက်နေ့မှာ ဆေးရုံက ဆင်းခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမကို wheelchair အသုံးပြုပြီး သွား လာရမယ်လို့ ဆရာဝန်တွေက ညွှန်ကြားထားတယ်လို့ဆိုပါတယ်။ကျွန်မရဲ့အရိုး မကောင်းတဲ့ပြသာနာ အရတော့ ကျွန်မက ဒီ ၄၊ ၅ ၊၆ လအတွင်း wheelchair ကို အသုံးပြုသွားရမယ်လို့ပြောပေမယ့် နဂိုကမှ super mommy ဆိုတော့ကာ ဆေးရုံတတ် တဲ့နေ့ထဲက nurse အကူမယူပဲ ကြိုးစားလမ်းလျှောက်ခဲ့ပါတယ်။ အခုလည်း ဖြေးဖြေးခြင်းစလျှောက်နိုင်နေပါပြီ။ Strong ဖြစ်ပြီးသားကျွန်မကတော့ ဘာမှ သိပ်မခံစားရပါဘူး။ ခြေထောက်၊ ပေါင် အက်တဲ့နေရာ၊ ဘယ်ဘက်ခါး နေရာ၊ ညာဘက်နဂိုး အောက် နေရာ ပြင်းထန်စွာ ပြုလုပ်ခဲ့ရပေမယ့် ပြန်ရောက်တဲ့ တစ်ရက်တော့ ထမနိုင်ဘူး ။

နောက်ရက်တွေတော့ လန်းဆန်းလာတယ်နိးတာ နဲ့ မျောက်ရှုံးနှစ်ကောင် ကတီတီတာတာ၊ စိတ်ကြောင့်သာလျှင် အရာရာ ဟာ ပြီးပြည့်စုံလာရတာပါ။ ဘုန်းတော်ထင်ရှားမဲ့အနာ ဖြစ်ကြောင်း အတည်ပြုဝန်ခံရင်း God Bless You All..ToGodBeTheGlory mmk” ဆိုပြီးတော့လည်း ဆက်လက် ရေးသားခဲ့ပါသေးတယ်။ မီးမီးခဲက လက်ရှိမှာ မိသားစုနဲ့ အတူ သြစတျေးလျနိုင်ငံ Sydney မြို့မှာနေထိုင်တာဖြစ်ပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ်အတွင်းက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရတဲ့အပြင် ရင်သားကင်ဆာ အဆင့်(၄) အထိ ရောက်ခဲ့ရတာဖြစ်ပါတယ်။ သူမရဲ့ ကျန်းမာရေး အခြေအနေကောင်းလာဖို့အတွက်ကိုလည်း ဆရာဝန်ကြီးတွေရဲ့ ညွှန်ကြားချက်အတိုင်း နေထိုင်စားသောက်တယ်လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမကိုယ်တိုင်က ကင်ဆာရောဂါခံစားနေရတာကြောင့် ကင်ဆာဝေဒနာရှင်တွေအတွက် စိတ်ခွန် အားဖြစ်စေမယ့် သီချင်းတွေကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့က တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲလုပ်ရင်း အားပေးခဲ့ပါတယ်။ မန္တလေးမှာလည်း ဒုတိယမြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပခဲ့ပါသေးတယ်။ အောင်မြင်တဲ့ ဖျော်ဖြေပွဲကြီး တစ်ခုဖြစ်ခဲ့သလို ဒီဖျော်ဖြေပွဲက ရရှိတဲ့ ငွေကြေးတွေကို ကင်ဆာဝေဒနာရှင်တွေအတွက် မီးမီးခဲက အလှူအတန်းတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

crd : panpyoelat