






MaungMaungSoe

unicode

ငရဲ မကြောက်သော မြန်မာလူမျိုးများ နှင့် နေ့စဉ် စားသုံးနေသော အစား အစာများ

မြန်မာ အများစု မုန့်ဟင်းခါး အရမ်းကြိုက် ကြပါတယ်.. မုန့်ဖတ်ကို မုန့်ဟင်းခါး ရောင်သူ ကိုယ်တိုင် ပြုလုပ်တာ မရှိသလောက် ရှားပါတယ်..

ရန်ကုန်မှာဆို မင်းလမ်း ရခိုင်မုန့်တီ မှာ ကိုယ်တိုင်မုန့်ဖတ်လုပ်တာကို အများ မြင်သာအောင် အသားပေး ပြထားပါတယ်.. အလွန်အားကျစရာပါ.. ပုံမှန်ဆို မုန့်ဖတ်ကို ညဦးပိုင်း စလုပ်ကြပါတယ်.. နံနက်အစော ဆိုင်တွေ ပို့ချိန်ဆို အချဉ် အနံ စရပါပြီ.. အနံက နှစ်လိုဘွယ် ရှိပါတယ်..

ရောင်းမကုန်ရင် ညနေပိုင်းဆို အချဉ်များ လာပြီး ပျက်ဆီးတာကို ကာကွယ်ဘို့ ဖော်မလင်ကို စသုံးလာပါတယ်.. သူတို့သတိမထားတာက နေ့စဉ် ကိုင်တွယ် နမ်းရှုံနေရင်ကို သူမှာ ကင်ဆာ ဖြစ်တော့မှာပါ.. ဖော်မလင်ပါတဲ့မုံဖတ်က သိသာ ပါတယ်.. မုန့်ဟင်းခါး မစားခင် မုန့်ဖတ်ကို ယူပြီး အနံရှုကြည့်ပါ.. ပုပ်အယ်အယ် အနံကြီး ထွက်နေပါတယ်.. အဲဒါကို ထုပ်လုပ်သူတွေ ဖျောက်လို့မရပါဘူး.. ချဉ်စုပ်စူပ် အနံရရင်တော့ စိတ်ချလက်ချသာ စားပါ.. အလွယ်ဆုံးက မုန့်တခုကို စိတ်မသင် ကာရင် ခွေးကျွေးကြည့်ပါ.. သူမစားရင် မစားပါနှင့်.. ပုရွတ်ဆိတ် မတက်ရင် ယင်ကောင် မနားရင် မစားကြပါနှင့် ..

နွားနို့ ကို ပိုးသတ် ပုလင်းသွင်း အအေးကောင်တာ မှာ ထားရောင်တာမျိုး မလုပ်ချင်တော့ ဖော်မလင် ထည့်ပါတယ်.. လွယ်ပါတယ် ခွက်တခုထဲထည့်ပြီး အပြင်မှာ ထားကြည့်ပါ.. မပျက်စီးသွားရင် လုံးဝ မသောက်ပါနှင့်.. ဒိန်ချဉ် နဲနဲ နွားနို့ခွက်ထဲ ထည့်စမ်းလိုလဲရတယ်.. ဖော်မလင် ပါရင် သူက ပိုးတွေ သတ်ပြစ်လိုက်လို့ ဒိန်ချဉ် မဖြစ်နိင်တော့ပါဘူး..

မုန့်လုပ်ရာမှာ အလွယ်လိုက်ပြီး တဆေး အစား အီကြာကွေးကို အမိုးနီးယားဆား တခုထည့် လုပ်ပါတယ်.. အမြင်လှပေမဲ့ ခွေးမစားပါဘူး.. စားသောက်ကုန် အများစုမှာ စစ်ဆေးရေးအဖွဲ့ အားနည်းတော့ မဟုတ်တဲ့ တည်ထွင်မှု့ကို ကြိုးစားလုပ်ဆောင်နေကြတယ်.. ငရဲမကြောက်သူများဟာ သူတောင်းစားများ မဟုတ်ကြပါဘူး.. စီးပွားရေး တောင့်တင်း သူများ ဖြစ်ကြပါတယ်.. သူတို့ထုပ်ကုန်ကိုတော့ သူတို့မစားကြပါဘူး.. သူတို့ တတွေဟာ ဘုရား တရား အပေါ် မယုံကြည်သူများဖြစ်ကြပါတယ်…

MaungMaungSoe