ဘူးသီးေတာင္ ငါးပါး ေမွာက္ၿပီ (ခိုးဝင္လူနာ အမွတ္ [၂၆၂] နဲ႔ အတူ ျပန္လာသူ ၄ ဦး ေပ်ာက္ေန)

ဘူးသီးေတာင္ ငါးပါး ေမွာက္ၿပီ (ခိုးဝင္လူနာ အမွတ္ [၂၆၂] နဲ႔ အတူ ျပန္လာသူ ၄ ဦး ေပ်ာက္ေန)

ရခိုင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္ တြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ တရားမဝင္ ျပန္လည္ဝင္ေရာက္လာေသာ ကိုဗစ္လူနာအမွတ္ ၂၆၂ ႏွင့္အတူ အတူဝင္ေရာက္လာသူ ၁၂ဦးထဲမွ ၄ဦး ေပ်ာက္ဆုံးလ်က္ရွိတယ္လို႔ သိရပါတယ္။

လူနာအမွတ္ ၂၆၂ ဟာ ဇြန္လ ၄ ရက္ေန႔ ထဲက ျပန္လာေၾကာင္း၊ သူနဲ႔အတူ ၁၂ ေယာက္ ပါလာေၾကာင္း၊ အဲဒီ ၁၂ ေယာက္ထဲမွ ၈ ေယာက္ပဲ ရွာလို႔ေတြ႕ေၾကာင္း၊ က်န္တဲ့လူေတြ ေပ်ာက္ေနေၾကာင္း၊ ႐ြာထဲကလူေတြ သတင္းပို႔မွ ဒီလူေတြမွန္းသိတာ ျဖစ္ေၾကာင္း၊ Q ဝင္ခိုင္းမယ့္ ေနရာကို သြားေခၚ ရေၾကာင္း၊ ေရာက္မွ စစ္ေဆးတာပဲ ရွိေၾကာင္း၊ ေရာက္လာတာ ၾကာၿပီ ျဖစ္ေၾကာင္း ဘူးသီးေတာင္ၿမိဳ႕နယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေ႐ႊက ေျပာပါတယ္။

လူနာအမွတ္ ၂၆၂ သည္ အသက္ ၆၃ ႏွစ္ အ႐ြယ္ အမ်ိဳးသားျဖစ္ၿပီး ဘူးသီးေတာင္ၿမိဳ႕နယ္ အမွတ္ ၄ရပ္ကြက္တြင္ေနထိုင္သူျဖစ္ေၾကာင္း၊ ဇြန္လ ၄ရက္ေန႔က ဘဂၤလားေဒ့ရွ္ႏိုင္ငံမွ ေမာင္ေတာၿမိဳ႕နယ္သို႔ ဝင္ေရာက္ကာ ေမာင္ေတာမွတစ္ဆင့္ ဘူးသီးေတာင္ၿမိဳ႕နယ္သို႔ ျပန္လည္ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရ ပါတယ္။

“ေနာက္ဆုံးအေျခအေနက ဘာျဖစ္မလဲ ဆိုေတာ့ ပိုးက အကုန္လုံးျပန႔္ေနၿပီေပါ့။ ဒီဘက္မွာ အဲဒါေၾကာင့္ ေလာ့ေဒါင္း လုပ္ဖို႔လိုတယ္။ အစိုးရဒီေနရာကို အခုထိမလုပ္ေသးဘူး။ အဲဒါတမင္တကာလုပ္ထားတယ္လို႔ ခံစားေနရတယ္” ဟု ဦးေအာင္ေသာင္းေ႐ႊ ကေျပာဆိုပါတယ္။

လတ္တေလာအခ်ိန္တြင္ ျမန္မာႏိုင္ငံ၌ ကိုဗစ္ ေရာဂါ အတည္ျပဳလူနာ ၂၆၂ဦးႏွင့္ ေသဆုံးသူ ၆ဦးရွိကာ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ႏွင့္ ဘူးသီေတာင္ၿမိဳ႕နယ္တို႔တြင္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံက ျပန္လည္ဝင္ေရာက္လာေသာ ကိုဗစ္ေရာဂါအတည္ျပဳလူနာ (၆) ဦးအထိ ရွိလာၿပီ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ တရားမဝင္ ဝင္ေရာက္ လာသူမ်ားေၾကာင့္ ကိုဗစ္ေရာဂါ ကူးစက္မႈမ်ား ျဖစ္ပြားမည္ကို စိုးရိမ္သည့္ အတြက္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက အျမန္ဆုံးအေရးယူေဆာင္႐ြက္ေပးရန္ ျပည္သူမ်ားက တိုက္တြန္း ေတာင္းဆိုလ်က္ ရွိပါတယ္။

unicode

ဘူးသီးတောင် ငါးပါး မှောက်ပြီ (ခိုးဝင်လူနာ အမှတ် [၂၆၂] နဲ့ အတူ ပြန်လာသူ ၄ ဦး ပျောက်နေ)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ပြန်လည်ဝင်ရောက်လာသော ကိုဗစ်လူနာအမှတ် ၂၆၂ နှင့်အတူ အတူဝင်ရောက်လာသူ ၁၂ဦးထဲမှ ၄ဦး ပျောက်ဆုံးလျက်ရှိတယ်လို့ သိရပါတယ်။

လူနာအမှတ် ၂၆၂ ဟာ ဇွန်လ ၄ ရက်နေ့ ထဲက ပြန်လာကြောင်း၊ သူနဲ့အတူ ၁၂ ယောက် ပါလာကြောင်း၊ အဲဒီ ၁၂ ယောက်ထဲမှ ၈ ယောက်ပဲ ရှာလို့တွေ့ကြောင်း၊ ကျန်တဲ့လူတွေ ပျောက်နေကြောင်း၊ ရွာထဲကလူတွေ သတင်းပို့မှ ဒီလူတွေမှန်းသိတာ ဖြစ်ကြောင်း၊ Q ဝင်ခိုင်းမယ့် နေရာကို သွားခေါ် ရကြောင်း၊ ရောက်မှ စစ်ဆေးတာပဲ ရှိကြောင်း၊ ရောက်လာတာ ကြာပြီ ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။

လူနာအမှတ် ၂၆၂ သည် အသက် ၆၃ နှစ် အရွယ် အမျိုးသားဖြစ်ပြီး ဘူးသီးတောင်မြို့နယ် အမှတ် ၄ရပ်ကွက်တွင်နေထိုင်သူဖြစ်ကြောင်း၊ ဇွန်လ ၄ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်သို့ ဝင်ရောက်ကာ မောင်တောမှတစ်ဆင့် ဘူးသီးတောင်မြို့နယ်သို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရ ပါတယ်။

“နောက်ဆုံးအခြေအနေက ဘာဖြစ်မလဲ ဆိုတော့ ပိုးက အကုန်လုံးပြန့်နေပြီပေါ့။ ဒီဘက်မှာ အဲဒါကြောင့် လော့ဒေါင်း လုပ်ဖို့လိုတယ်။ အစိုးရဒီနေရာကို အခုထိမလုပ်သေးဘူး။ အဲဒါတမင်တကာလုပ်ထားတယ်လို့ ခံစားနေရတယ်” ဟု ဦးအောင်သောင်းရွှေ ကပြောဆိုပါတယ်။

လတ်တလောအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ် ရောဂါ အတည်ပြုလူနာ ၂၆၂ဦးနှင့် သေဆုံးသူ ၆ဦးရှိကာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီတောင်မြို့နယ်တို့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြန်လည်ဝင်ရောက်လာသော ကိုဗစ်ရောဂါအတည်ပြုလူနာ (၆) ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တရားမဝင် ဝင်ရောက် လာသူများကြောင့် ကိုဗစ်ရောဂါ ကူးစက်မှုများ ဖြစ်ပွားမည်ကို စိုးရိမ်သည့် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် ပြည်သူများက တိုက်တွန်း တောင်းဆိုလျက် ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

fourteen + 15 =