နှစ်သစ်ကူး အခါသမယမှာ သံဃာတော်တွေကို ဆွမ်းကပ် လှူဒါန်းပြီး ပြည်သူတွေ ဘေးအန္တရာယ်ကင်းစေဖို့ ဆုတောင်း မေတ္တာပို့သ လိုက်တဲ့ ဟိန်းဝေယံ

အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေများစွာရရှိထားတဲ့ မင်းသားချောဟိန်းဝေယံကတော့ လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

ပြည်သူအားလုံးစည်းစည်းလုံးလုံးနဲ့ ပါဝင်ပြုလုပ်ကြတဲ့ တော်လှန်ရေး တိုက်ပွဲကြီးမှာလည်း လိုအပ်နေတဲ့ပြည်သူတွေကို ဖေးမကူညီခဲ့တဲ့ အပြင် ကျဆုံးသွားတဲ့သူရဲကောင်းတွေ အတွက်လည်း လှူဒါန်းမှုတွေလည်း ပြုလုပ်ခဲ့တာ တွေ့ရပါတယ်..။

လက်ရှိအခြေအနေတွေမှာ တတ်နိုင်သလောက်ကူညီလှူဒါန်းနေတဲ့ ဟိန်းဝေယံ ကတော့ သင်္ကြန် အကြိုနေ့မှာလည်း သံဃာတော်တွေကို ဆွမ်းကပ် လှူဒါန်းကာ ကောင်းမှု ကုသိုလ်တွေပြုရင်း ပြည်သူတွေအတွက် ဆုတောင်းမေတ္တာတွေ ပေးပို့ထားပါတယ်..။

နှစ်သစ်ကူးအခါသမယမှာ (၇)ရက်သားသမီးတွေနဲ့အတူ မိသားစုလိုက်သံဃာတော်တွေကို နေ့ဆွမ်းကပ် အလှူပြုလုပ်ခဲ့တဲ့ ကုသိုလ်ယူပုံရိပ်တွေ ကိုလည်း ဟိန်းဝေယံက ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

“သင်္ကြန်အကြိုနေ့ နေ့ဆွမ်း အလှူ

(၇)ရက်သားသမီးများနှင့်အတူ ကျွန်တော် တို့မိသားစုလည်း ကုသိုလ်ပါဝင်လှူဒါန်းဖြစ်ပါတယ်ခင်ဗျာ..

ဘေးအန္တရာယ်ကင်းရှင်းသော ရက်မြတ်များ ဖြစ်ကြပါစေ… 🙏🙏🙏..” ဆိုပြီး ဆုတောင်း စကားနဲ့အတူ ကုသိုလ်ယူပုံရိပ်တွေကို ဝေမျှထားတာပါ..။

သင်္ကြန်အကြိုနေ့မှာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပြီး ကုသိုလ်ယူရင်း ပြည်သူပရိသတ်တွေအတွက် ဆုတောင်းစကားတွေ ပြောထားတဲ့ ဟိန်းဝေယံတို့မိသားစုရဲ့အလှူကို ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit – Heinn Wai Yan’s Fb Acc

Add a Comment

Your email address will not be published. Required fields are marked *

seventeen + two =