သင်္ကြန် အကြိုနေ့မှာ ဘုရားဆင်းတုတော် အား ရောင် တော်ဖွင့်ကောင်းမှု ပြုပြီး ပြည်သူတွေ အတွက် တောင်းဆုခြွေ ကုသိုလ်ပြုခဲ့တဲ့ အောင်ရေချမ်း

ပရိသတ်ကြီးရေ.. ဇာတ်လမ်းတွဲတွေများစွာရိုက်ကူးပြီး ပရိသတ်အချစ်တွေ အခိုင်အမာနဲ့ အောင်မြင်မှုတွေ များစွာရရှိထားတဲ့ မင်းသားချော အောင်ရေချမ်းကတော့ လက်ရှိ အခြေအနေတွေမှာ အားလုံးနဲ့အတူ ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

အောင်ရေချမ်းကတော့ပြည်သူအားလုံးပါဝင်ဆင်နွဲှဲခဲ့ကြတဲ့နွေဦးတော်လှန်ရေးတိုက်ပွဲကြီးရဲ့လမ်းပေါ်ထွက် လှုပ်ရှားမှုမှာတတ်နိုင်သလောက် ပါဝင်ခဲ့ပြီး လိုအပ်နေတဲ့ပြည်သူတွေအတွက် လှူဒါန်းမှုတွေလည်း ပြုလုပ်နေတာ တွေ့ရပါတယ်..။

မင်းသားအောင်ရေချမ်းကတော့ ဒီကနေ့မှာ ကျရောက်တဲ့ သင်္ကြန်အကြိုနေ့မှာ လည်း ကောင်းမှုတွေပြုလုပ်ကုသိုလ်ယူခဲ့ပြီး ပြည်သူပရိသတ် တွေအားလုံးအတွက် ဆုတောင်းရင်း သင်္ကြန်ကိုကြိုဆိုဖြတ်သန်းခဲ့တဲ့အကြောင်းတွေကို ပြောပြလာပါတယ်..။

သင်္ကြန်အကြိုနေ့မှာ အဖိုးဖြစ်သူလှူဒါန်းခဲ့တဲ့ဘုရားဆင်းတုတော်အား ရေသပ္ပါယ် ကာရောင်တော်ဖွင့် ကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီး ပြည် သူတွေအေးချမ်းစေကြဖို့အတွက် တောင်းဆုတွေခြွေကာ ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ ဖြစ်ပါတယ်..။

“ကျွန်တော်ရဲ့အဖိုး ဦးသာဇံလှ လှူခဲ့တဲ့ ဘုရား ဆင်းတုတော်အား သင်္ကြန်အကြိုနေ့ မှာ ရောင်တော် ဖွင့်ခဲ့ပါတယ် 🙏🏼🙏🏼🙏🏼 မြန်မာပြည် ကြီး အေးချမ်းပါစေ🙏🏼🙏🏼🙏🏼..” ဆိုပြီး ကုသိုလ်ယူခဲ့တဲ့ပုံရိပ်တွေကို မျှဝေထားတာပါ..။

သင်္ကြန်အကြိုနေ့မှာ ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး ပြည်သူတွေအတွက် တောင်းဆုတွေခြွေနေတဲ့ အောင်ရေချမ်း ရဲ့ ပုံရိပ်တွေကိုလည်း ပရိသတ်တွေအားလုံးက သာဓုခေါ်ဆုတောင်းပေးထားကြတာကိုလည်း Comment တွေမှာ တွေ့မြင်ရပါတယ်..။

သတင်းအရင်းမြစ်: Aung Yay Chan’s Fb Acc

Add a Comment

Your email address will not be published. Required fields are marked *

18 + 11 =