ဖောင်ကြီးဆေးရုံမှာ ရှိတဲ့ ကျန်းမာ ရေးဝန်ထမ်း အယောက်(၄၀၀) အတွက် အသက်အာမခံ ငွေများကို လှူ ဒါန်းပေးသွားမယ် ဆိုတဲ့ ဝတ်မှုံ ရွှေရည်

ဖောင်ကြီးဆေးရုံမှာ ရှိတဲ့ ကျန်းမာ ရေးဝန်ထမ်း အယောက်(၄၀၀) အတွက် အသက်အာမခံ ငွေများကို လှူ ဒါန်းပေးသွားမယ် ဆိုတဲ့ ဝတ်မှုံ ရွှေရည်

နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ ဝတ်မှုံရွှေရည် ကတော့ လတ်တလော ဖြစ်ပွား နေတဲ့ ကပ်ရောဂါနဲ့ပတ်သက်ပြီး သူတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီဆောင်ရွက်ပေး နေ တာဖြစ်ပါတယ်။ လတ်တလောမှာလည်း ဝတ်မှုံရွှေရည်ဟာ ဖောင်ကြီးဆေးရုံမှာ ရှိတဲ့ ကျန်းမာရေး ဝန်ထမ်းအယောက် ၄၀၀ အတွက် အသက်အာမခံ ငွေများကို လှူဒါန်းပေးသွား မှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအလှူအကြောင်းနဲ့ပတ်သက်ပြီးတော့ ဝတ်မှုံရွှေရည်က” ဒီနေ့ post လေးကတော့ ကစ် sharing လုပ်ချင်တဲ့ အလှူလေးတခုအကြောင်းပါ။ အခုcovid-19 ကာလအတွင်းမှာ အလှူ လေးလည်း လုပ်ချင်တယ်လှူတဲ့အရာကလည်း တကယ့်ကိုအကျိုးရှိစေချင် တာ ကြောင့် အားလုံးရဲ့အရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးနေကြတဲ့ ကျန်းမာရေး ဝန်ထမ်း တွေနဲ့ဆေးရုံမှလုပ်အားပေးပြည်သူများအတွက်အလှူလေးပေးချင်တယ်ဆိုတော့ သူတို့အတွ က် အသက်အာမခံလေး ကို ကစ်တို့သူငယ်ချင်း‌တွေစုပေါင်းပြီးလှူဒါန်းချင်လို့ပါ

ကစ်တို့အခုလှူမယ့်ဆေးရုံ ကတော့ Covid လူနာတွေကိုအဓိက ထားမယ့် ဖောင်ကြီး ဆေးရုံမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်း အယောက် ၄၀၀ အတွက် လိုအပ်တဲ့ အသက်အာမခံ ကျန်းမာရေးဝန်ထမ်း၁ဦးအတွက် ၁၀,၀၀၀ ကျပ်ကြသင့်မှာဖြစ်ပြီး ၊အကယ်၍ထိုကျန်း မာရေးဝန်ထမ်းမှာ တစ်စုံတစ်ခုဖြစ်ပေါ်သွား ခဲ့ပါက ၁၀ သိန်း ရရှိ မှာဖြစ်တဲ့အတွက်

အားလုံး လှူရတာပိုပြီးထောက်ပံ့ရာရောက်ပါတယ် အဲဒါကြောင့် စိတ်ပါ ဝင်စားလို့ ပါဝင်လှူဒါ န်းချင်ပါက မချစ်အိမ်သူ ၀၉၈၈၅၀၂၂၂၀၉ ထံသို့ဆက်သွယ်ပြီးလှူလို့ရပါတယ်နော် ကိုယ်နို င်သလောက် ဝန်လေးကို မျှထမ်းကြဖို့ ရည်ရွယ်ရင်း ဒီ post လေးကို တင်ပေးလိုက်တာပါ။ ကျန်းမာရေး ဝန်ထမ်းများအားလုံးအား လေးစားလျက်”ဆိုပြီး သူမရဲ့လူမှုကွန်ရက် မှာ ရေးသား ဖော်ပြထားခဲ့တာဖြစ်ပြီး ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်နော်…

Source:Wutt Hmone Shwe Yi