





crd : blacker

unicode

နယ်စပ် မှာ ပိုင်နက်အငြင်းပွား မှုဖြင့် တရုတ် နဲ့ အိန္ဒိယ တပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်၊ (၃) ဦးကျဆုံး…

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တရုတ်-အိန္ဒိယ နယ်စပ် ကတ်ရှ်မီးယား ဒေသက လာဒါ့ မှာ တရုတ်တပ်ဖွဲ့တွေ နဲ့ တိုက်ပွဲ ဖြစ်ပွားပြီး အိန္ဒိယ တပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးခဲ့ပါတယ်။

နှစ်ဖက်က အကြီးတန်းစစ်တပ် အရာရှိတွေက အခြေအနေပြေလျော့ဖို့ အစည်းအဝေး လုပ်နေတယ်လို့ အိန္ဒိယ စစ်တပ်ဘက်ကပြောပေမဲ့ အသေးစိတ်တွေကိုတော့ ထုတ်ပြောတာမျိုးမရှိသေးပါဘူး။ တစ်ဖက်သတ်အရေးယူမှုတွေမလုပ်ဖို့ ဒါမှမဟုတ် ပြဿနာပိုမဖြစ်စေဖို့ အိန္ဒိယကို တိုက်တွန်းပြီး တရုတ်နိုင်ငံ ဘက်က တုံ့ပြန်လိုက်တယ် လို့ သိရပါတယ်။

အခုသေဆုံးမှုတွေဟာ အင်အားကြီးနှစ်နိုင်ငံကြား ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးဖြစ်ပါတယ်။ အိန္ဒိယဘက်ကတော့ သတင်းထောက်တွေကို ဖြစ်ရပ်အကြောင်း အချက်အလက်တွေပိုပေးမယ်လို့ မျှော်လင့် ရပါတယ်။

မြောက်ကိုရီးယားကလည်း တောင်ကိုရီးယားနဲ့ ဆက်သွယ်ဖို့ ဖွင့်ထား တဲ့ ဆက်ဆံရေးရုံး ကို ဒီနေ့နေ့လည် ဒေသစံတော်ချိန် ၂ နာရီနဲ့ ၄၉ မိနစ်မှာ ဖောက်ခွဲဖျက်ဆီး လိုက်ပြီး အာရှတိုက်မှာကတော့ နိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်လျက် ရှိနေပါတယ်။

crd : blacker

Add a Comment

Your email address will not be published. Required fields are marked *

fifteen − ten =