ဖခင္ တစ္ေယာက္ မွ သူ၏ သမီး သို႔ ေပးေသာစာ

ဖခင္ တစ္ေယာက္ မွ သူ၏ သမီး သို႔ ေပးေသာစာ

သင္၏ သားသမီးမ်ား ကိုလည္း ေပးဖတ္ပါ။

ဤစာကို ေဟာင္ေကာင္ နံမည္ႀကီး တီဗြီ ခ်ယ္နယ္ တြင္ အသံလႊင့္သူ လည္းျဖစ္ ခေလး စိတ္ပညာ ဆိုင္ရာ ပါရဂူ တစ္ေယာက္လည္း ျဖစ္ေသာ ဖခင္တစ္ေယာက္မွ သူ၏ သမီး ျဖစ္သူထံသို႔ ေရးသားခဲ့ပါသည္။

အဆိုပါ စာပါ အေၾကာင္းအရာမ်ားသည္ အသက္ႀကီးသည္ျဖစ္ေစ ငယ္သည္ ျဖစ္ေစ သားသမီးျဖစ္ေစ မိဘျဖစ္ေစ ကြၽႏ္ုပ္တို႔အားလုံးအတြက္ အႀကဳံးဝင္ပါသည္။

မိဘမ်ားမွ သားသမီးမ်ားကို ဆုံးမ သည့္ အခါ အဆိုပါ အေၾကာင္းအရာမ်ားကို ေျပာဆို သင္ၾကားေပးသင့္ပါသည္။

သမီးေရ

ေဖေဖဒီစာကို ေရးလိုက္တာ အေၾကာင္း အရင္း ၃ ခုရွိပါတယ္။

၁။ ဘဝရယ္၊ ကံၾကမၼာ ရယ္၊ ကံဆိုးမိုးေမွာင္က်မႈရယ္ ဆိုတဲ့ အရာေတြဟာ ဘယ္ေတာ့မွ ႀကိဳတင္မွန္းဆလို႔ မရပါဘူး။ ေဖေဖတို႔ ဘယ္ေလာက္သက္တမ္းအထိ ေနရမယ္ဆိုတာလည္း ဘယ္သူမွ မသိႏိုင္ပါဘူး။

၂။ ေဖေဖဟာ သမီးတို႔ရဲ႕အေဖျဖစ္တယ္။ တကယ္လို႔ ဒီအေၾကာင္း အရာေတြကို အေဖမွ မေျပာရင္ တျခားဘယ္သူမွ သမီးတို႔ကို ေျပာျပလိမ့္မွာမဟုတ္ပါဘူး။

၃။ ေဖေဖ့ရဲ႕ ခါးသီးခဲ့တဲ့ အေတြ႕အႀကဳံေပၚမွာ အေျခ ခံၿပီးေရးထားတဲ့ အေၾကာင္းတရားေတြဟာ သမီးတို႔အတြက္ မလိုလားအပ္တဲ့ စိတ္ႏွလုံးထိခိုက္စရာကိစၥေတြကို တဖက္တလမ္းကဖယ္ရွားေပးႏိုင္ပါလိမ့္မယ္။

ေအာက္မွာေျပာျပမယ့္အေၾကာင္းအရာေတြကို သမီးဘဝ တစ္ေလ်ာက္သတိရေနပါေနာ္။

၁။ သမီးအေပၚမေကာင္းတဲ့သူေတြအတြက္ ထိခိုက္ပူေဆြး ေဒါသထြက္မေနပါနဲ႔။ သမီးရဲ႕ေမေမနဲ႔ ေဖေဖ ကလြဲၿပီးေတာ့ သမီးတို႔အေပၚကို ေကာင္းေကာင္းမြန္မြန္ဆက္ဆံဖို႔ ဘယ္သူမွာမွ တာဝန္မရွိပါဘူး။

-သမီးအေပၚမွာ ေကာင္းတဲ့သူေတြအတြက္ေတာ့ တန္ဖိုးထားၿပီး ေက်းဇူး တင္လိုက္ပါ။ ဒါေပမယ့္ သမီး အေနနဲ႔ သတိထားစရာ အခ်က္ေတာ့ရွိတယ္။ လူတိုင္းမွာ စိတ္ခံစားမႈအေျခအေနေတြ အမ်ိဳးမ်ိဳး ေျပာင္းလဲေနတယ္။ လူတစ္ေယာက္က သမီးအေပၚ ေကာင္းတယ္ဆိုတာဟာ သူဟာ သမီးအေပၚ အၿမဲတမ္းေကာင္းမြန္စြာ ဆက္ဆံမယ္လို႔ မဆိုလိုပါဘူး။ သူ႔ကို သမီးရဲ႕ တကယ့္မိတ္ေဆြအစစ္လို႔ အလ်င္အျမန္ဆုံးျဖတ္ခ်က္မခ်လိုက္ပါနဲ႔။

၂။ ေလာကမြ မ႐ြိမ်ဖစႅိဳအပၱဲ့သူဆိုတာ ဘယ္သဴမြမ႐ြိပါဘူး။ ဒီကမာၻေပၚမြာ သမီးပိုငၦိဳငၥရာဘာမြမ႐ြိဘူး။

-ဒီအခ်က္ကိုသေဘာေပါက္ထားရင္ သမီးနားမွာ ရွိေနတဲ့ သူေတြ သမီးကို မလိုအပ္ေတာ့တဲ့အခါ သမီး အလိုအပ္ဆုံးလူေတြကို ဆုံးရႈံးရတဲ့အခါ ဘဝတစ္ေလ်ာက္ အဆင္ေျပစြာေနသြားႏိုင္ ပါၿပီ။

၃။ ဘဝက တိုတိုေလးပါ။

– သမီး ဒီေန႔မွာ အခ်ိန္ျဖဳန္းလိုက္မယ္ဆိုရင္ မနက္ျဖန္ က်ရင္ သမီးဘဝက သမီးကို ခ်န္ ထားခဲ့တယ္လို႔ ခံစားရလိမ့္မယ္။ သမီးရဲ႕ဘဝကို ျမန္ျမန္တန္ဖိုးထားေလေလ သမီး ဘဝမွာ ေပ်ာ္႐ႊင္စရာေတြကို ပိုင္ဆိုင္ရေလေလပဲ။

၄။ အခ်စ္ဆိုတာ တဒဂၤေလး ျဖစ္သြားတဲ့ ခံစားခ်က္ေလးပါ။ အဲ့ဒီ ခံစားခ်က္ေလးဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် တေျဖးေျဖး ေမွးမွိန္ေပ်ာက္ကြယ္သြားပါလိမ့္မယ္။ သမီးသိပ္ခ်စ္ရပါတယ္ဆိုတဲ့ လူတစ္ေယာက္သမီး ကို စြန႔္ခြာသြားတဲ့အခါ ခဏေလး သည္းခံလိုက္ပါ။ အခ်ိန္ေတြက သမီးရဲ႕ နာက်င္ဝမ္းနည္းမႈေတြကို ေဆးေၾကာေပး သြားမွာပါ။

– အခ်စ္ရဲ႕ ခ်ိဳၿမိန္ျခင္း နဲ႔ အလွတရားကို သိပ္ အမြန္းမတင္ပါနဲ႔။ အဲ့လိုပဲ အခ်စ္ေၾကာင့္ ပူေဆြးေသာကေရာက္ရတဲ့ အရာေတြကို ပုံႀကီးမခ်ဲ႕လိုက္ပါနဲ႔။

၅။ ေအာင္ျမင္ေနတဲ့ လူေတြၾကားထဲမွာ ပညာေရး အေျခခံ မေကာင္းခဲ့တဲ့သူေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ ဒီအဓိပၸါယ္က သမီး ပညာေရးမွာ မႀကိဳးစားလည္း ေအာင္ျမင္ႏိုင္တယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ သမီးဆည္းပူးခဲ့သမွ်အသိပညာ ဗဟုသုတ မွန္သမွ်ဟာ သမီးဘဝအတြက္ လက္နက္ေတြတပ္ဆင္ေပးလိုက္တာပါပဲ။

-ႏုံခ်ာစုတ္ျပတ္တဲ့ ဘဝကေန ခ်မ္းသာတဲ့ဘဝကို သြားႏိုင္ပါတယ္။ ဒါေပမယ့္ ႏုံခ်ာတဲ့ ဘဝကေန အစျပဳမွကို ျဖစ္မယ္။

၆။ ေဖေဖ အသက္ႀကီးလာတဲ့အခါ သမီးအေန နဲ႔ ေဖေဖ့ကို ေငြေၾကးဥစၥာေထာက္ပံ့ ေပးဖို႔မေမွ်ာ္လင့္ပါဘူး။ ဒီလိုပဲ သမီးကိုလည္း ဘဝတစ္ေလွ်ာက္လုံးစာအတြက္ ေငြေၾကးကို ေဖေဖ ေထာက္ပံ့ေပးမွာ မဟုတ္ပါဘူး။ ေဖ့ေဖ့တာဝန္က သမီးအ႐ြယ္ေရာက္ၿပီး ကိုယ့္ဟာကိုယ္ရပ္တည္ႏိုင္တဲ့အထိပဲ တာဝန္ယူ ေပးမွာပါ။ ေနာက္ပိုင္းကိစၥကေတာ့ သမီးအျပင္ထြက္တဲ့အခါ ဘတ္စ္ ကားစီးၿပီးထြက္ခ်င္တာလား ဇိမ္ခံကားေလးနဲ႔ ၿငိမ့္ၿငိမ့္ေလးထြက္ခ်င္လားဆိုတာ သမီးရဲ႕ဆုံးျဖတ္ခ်က္ျဖစ္သြားပါၿပီ။

၇။ သမီး ရဲ႕ စကားလုံးေတြကို တဖက္သားနားဝင္ေအာင္ အေလးထား ၿပီးေျပာပါ။ ဒါေပမယ့္ တျခားသူေတြဆီကေတာ့ အဲ့လိုျပန္ရလိမ့္မယ္လို႔ မေမွ်ာ္လင့္ပါနဲ႔။ သမီးအေနနဲ႔ လူေတြအေပၚ ေကာင္းေအာင္ေနလို႔ရတယ္။ ဒါေပမယ့္ တျခားသူေတြက သမီးအေပၚျပန္ေကာင္းလိမ့္မွာပဲလို႔ ဘယ္ေတာ့မွ မေမွ်ာ္လင့္ပါနဲ႔။ ဒီအခ်က္ ကို သမီး နားမလည္ဘူးဆိုရင္ ေနာက္ဆုံး သမီးဒုကၡေတြနဲ႔ ရင္ဆိုင္ရလိမ့္မယ္။

၈။ ေဖေဖ့ ဘဝတစ္ေလွ်ာက္မွာ ထီထိုးတာ အႀကိမ္ႀကိမ္ပဲ။ ဒါေပမယ့္ တစ္ခါမွ ဆုေၾကးေငြ မရခဲ့ဖူးဘူး။ အဲ့ဒါဘာအဓိပၸါယ္လဲဆိုေတာ့ သမီး ခ်မ္းသာခ်င္ရင္ အလုပ္ကိုႀကိဳးစားလုပ္ရမယ္။ အလကားရတဲ့ထမင္းတနပ္ဆိုတာ ဘယ္ေတာ့မွမရွိပါဘူး။

၉။ သမီးနားမွာ ေဖေဖ ေနတဲ့အခ်ိန္ဘယ္ေလာက္ပဲ ရွိေနပါေစ ရွိေနတဲ့ အခ်ိန္တိုင္းကို တန္ဖိုးထားေပး သမီးေရ။ ေနာက္ဘဝမွ ေဖေဖတို႔ ျပန္ေတြ႕ဖို႔ဆိုတာ မေသခ်ာဘူးေလ။

သမီးရဲ႕ ေဖေဖ

#credit ေမတၱာ ျဖင့္မွ်ေဝသည္

unicode

ဖခင် တစ်ယောက် မှ သူ၏ သမီး သို့ ပေးသောစာ

သင်၏ သားသမီးများ ကိုလည်း ပေးဖတ်ပါ။

ဤစာကို ဟောင်ကောင် နံမည်ကြီး တီဗွီ ချယ်နယ် တွင် အသံလွှင့်သူ လည်းဖြစ် ခလေး စိတ်ပညာ ဆိုင်ရာ ပါရဂူ တစ်ယောက်လည်း ဖြစ်သော ဖခင်တစ်ယောက်မှ သူ၏ သမီး ဖြစ်သူထံသို့ ရေးသားခဲ့ပါသည်။

အဆိုပါ စာပါ အကြောင်းအရာများသည် အသက်ကြီးသည်ဖြစ်စေ ငယ်သည် ဖြစ်စေ သားသမီးဖြစ်စေ မိဘဖြစ်စေ ကျွန်ုပ်တို့အားလုံးအတွက် အကြုံးဝင်ပါသည်။

မိဘများမှ သားသမီးများကို ဆုံးမ သည့် အခါ အဆိုပါ အကြောင်းအရာများကို ပြောဆို သင်ကြားပေးသင့်ပါသည်။

သမီးရေ

ဖေဖေဒီစာကို ရေးလိုက်တာ အကြောင်း အရင်း ၃ ခုရှိပါတယ်။

၁။ ဘဝရယ်၊ ကံကြမ္မာ ရယ်၊ ကံဆိုးမိုးမှောင်ကျမှုရယ် ဆိုတဲ့ အရာတွေဟာ ဘယ်တော့မှ ကြိုတင်မှန်းဆလို့ မရပါဘူး။ ဖေဖေတို့ ဘယ်လောက်သက်တမ်းအထိ နေရမယ်ဆိုတာလည်း ဘယ်သူမှ မသိနိုင်ပါဘူး။

၂။ ဖေဖေဟာ သမီးတို့ရဲ့အဖေဖြစ်တယ်။ တကယ်လို့ ဒီအကြောင်း အရာတွေကို အဖေမှ မပြောရင် တခြားဘယ်သူမှ သမီးတို့ကို ပြောပြလိမ့်မှာမဟုတ်ပါဘူး။

၃။ ဖေဖေ့ရဲ့ ခါးသီးခဲ့တဲ့ အတွေ့အကြုံပေါ်မှာ အခြေ ခံပြီးရေးထားတဲ့ အကြောင်းတရားတွေဟာ သမီးတို့အတွက် မလိုလားအပ်တဲ့ စိတ်နှလုံးထိခိုက်စရာကိစ္စတွေကို တဖက်တလမ်းကဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

အောက်မှာပြောပြမယ့်အကြောင်းအရာတွေကို သမီးဘဝ တစ်လျောက်သတိရနေပါနော်။

၁။ သမီးအပေါ်မကောင်းတဲ့သူတွေအတွက် ထိခိုက်ပူဆွေး ဒေါသထွက်မနေပါနဲ့။ သမီးရဲ့မေမေနဲ့ ဖေဖေ ကလွဲပြီးတော့ သမီးတို့အပေါ်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ ဘယ်သူမှာမှ တာဝန်မရှိပါဘူး။

-သမီးအပေါ်မှာ ကောင်းတဲ့သူတွေအတွက်တော့ တန်ဖိုးထားပြီး ကျေးဇူး တင်လိုက်ပါ။ ဒါပေမယ့် သမီး အနေနဲ့ သတိထားစရာ အချက်တော့ရှိတယ်။ လူတိုင်းမှာ စိတ်ခံစားမှုအခြေအနေတွေ အမျိုးမျိုး ပြောင်းလဲနေတယ်။ လူတစ်ယောက်က သမီးအပေါ် ကောင်းတယ်ဆိုတာဟာ သူဟာ သမီးအပေါ် အမြဲတမ်းကောင်းမွန်စွာ ဆက်ဆံမယ်လို့ မဆိုလိုပါဘူး။ သူ့ကို သမီးရဲ့ တကယ့်မိတ်ဆွေအစစ်လို့ အလျင်အမြန်ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။

၂။ ေလာကမွ မရွိမျဖစ္လိုအပ္တဲ့သူဆိုတာ ဘယ္သူမွမရွိပါဘူး။ ဒီကမာၻေပၚမွာ သမီးပိုင္ဆိုင္စရာဘာမွမရွိဘူး။

-ဒီအချက်ကိုသဘောပေါက်ထားရင် သမီးနားမှာ ရှိနေတဲ့ သူတွေ သမီးကို မလိုအပ်တော့တဲ့အခါ သမီး အလိုအပ်ဆုံးလူတွေကို ဆုံးရှုံးရတဲ့အခါ ဘဝတစ်လျောက် အဆင်ပြေစွာနေသွားနိုင် ပါပြီ။

၃။ ဘဝက တိုတိုလေးပါ။

– သမီး ဒီနေ့မှာ အချိန်ဖြုန်းလိုက်မယ်ဆိုရင် မနက်ဖြန် ကျရင် သမီးဘဝက သမီးကို ချန် ထားခဲ့တယ်လို့ ခံစားရလိမ့်မယ်။ သမီးရဲ့ဘဝကို မြန်မြန်တန်ဖိုးထားလေလေ သမီး ဘဝမှာ ပျော်ရွှင်စရာတွေကို ပိုင်ဆိုင်ရလေလေပဲ။

၄။ အချစ်ဆိုတာ တဒင်္ဂလေး ဖြစ်သွားတဲ့ ခံစားချက်လေးပါ။ အဲ့ဒီ ခံစားချက်လေးဟာ အချိန်ကြာလာတာနဲ့အမျှ တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားပါလိမ့်မယ်။ သမီးသိပ်ချစ်ရပါတယ်ဆိုတဲ့ လူတစ်ယောက်သမီး ကို စွန့်ခွာသွားတဲ့အခါ ခဏလေး သည်းခံလိုက်ပါ။ အချိန်တွေက သမီးရဲ့ နာကျင်ဝမ်းနည်းမှုတွေကို ဆေးကြောပေး သွားမှာပါ။

– အချစ်ရဲ့ ချိုမြိန်ခြင်း နဲ့ အလှတရားကို သိပ် အမွန်းမတင်ပါနဲ့။ အဲ့လိုပဲ အချစ်ကြောင့် ပူဆွေးသောကရောက်ရတဲ့ အရာတွေကို ပုံကြီးမချဲ့လိုက်ပါနဲ့။

၅။ အောင်မြင်နေတဲ့ လူတွေကြားထဲမှာ ပညာရေး အခြေခံ မကောင်းခဲ့တဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီအဓိပ္ပါယ်က သမီး ပညာရေးမှာ မကြိုးစားလည်း အောင်မြင်နိုင်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ သမီးဆည်းပူးခဲ့သမျှအသိပညာ ဗဟုသုတ မှန်သမျှဟာ သမီးဘဝအတွက် လက်နက်တွေတပ်ဆင်ပေးလိုက်တာပါပဲ။

-နုံချာစုတ်ပြတ်တဲ့ ဘဝကနေ ချမ်းသာတဲ့ဘဝကို သွားနိုင်ပါတယ်။ ဒါပေမယ့် နုံချာတဲ့ ဘဝကနေ အစပြုမှကို ဖြစ်မယ်။

၆။ ဖေဖေ အသက်ကြီးလာတဲ့အခါ သမီးအနေ နဲ့ ဖေဖေ့ကို ငွေကြေးဥစ္စာထောက်ပံ့ ပေးဖို့မမျှော်လင့်ပါဘူး။ ဒီလိုပဲ သမီးကိုလည်း ဘဝတစ်လျှောက်လုံးစာအတွက် ငွေကြေးကို ဖေဖေ ထောက်ပံ့ပေးမှာ မဟုတ်ပါဘူး။ ဖေ့ဖေ့တာဝန်က သမီးအရွယ်ရောက်ပြီး ကိုယ့်ဟာကိုယ်ရပ်တည်နိုင်တဲ့အထိပဲ တာဝန်ယူ ပေးမှာပါ။ နောက်ပိုင်းကိစ္စကတော့ သမီးအပြင်ထွက်တဲ့အခါ ဘတ်စ် ကားစီးပြီးထွက်ချင်တာလား ဇိမ်ခံကားလေးနဲ့ ငြိမ့်ငြိမ့်လေးထွက်ချင်လားဆိုတာ သမီးရဲ့ဆုံးဖြတ်ချက်ဖြစ်သွားပါပြီ။

၇။ သမီး ရဲ့ စကားလုံးတွေကို တဖက်သားနားဝင်အောင် အလေးထား ပြီးပြောပါ။ ဒါပေမယ့် တခြားသူတွေဆီကတော့ အဲ့လိုပြန်ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ သမီးအနေနဲ့ လူတွေအပေါ် ကောင်းအောင်နေလို့ရတယ်။ ဒါပေမယ့် တခြားသူတွေက သမီးအပေါ်ပြန်ကောင်းလိမ့်မှာပဲလို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။ ဒီအချက် ကို သမီး နားမလည်ဘူးဆိုရင် နောက်ဆုံး သမီးဒုက္ခတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။

၈။ ဖေဖေ့ ဘဝတစ်လျှောက်မှာ ထီထိုးတာ အကြိမ်ကြိမ်ပဲ။ ဒါပေမယ့် တစ်ခါမှ ဆုကြေးငွေ မရခဲ့ဖူးဘူး။ အဲ့ဒါဘာအဓိပ္ပါယ်လဲဆိုတော့ သမီး ချမ်းသာချင်ရင် အလုပ်ကိုကြိုးစားလုပ်ရမယ်။ အလကားရတဲ့ထမင်းတနပ်ဆိုတာ ဘယ်တော့မှမရှိပါဘူး။

၉။ သမီးနားမှာ ဖေဖေ နေတဲ့အချိန်ဘယ်လောက်ပဲ ရှိနေပါစေ ရှိနေတဲ့ အချိန်တိုင်းကို တန်ဖိုးထားပေး သမီးရေ။ နောက်ဘဝမှ ဖေဖေတို့ ပြန်တွေ့ဖို့ဆိုတာ မသေချာဘူးလေ။

သမီးရဲ့ ဖေဖေ

#credit မေတ္တာ ဖြင့်မျှဝေသည်

Add a Comment

Your email address will not be published. Required fields are marked *

2 × 3 =