ထားဝယ် (၃) လောင်းပြိုင် မိသားစု ၃ ယောက် ရဲ့ နောက်ဆုံးခရီး

ထားဝယ် (၃) လောင်းပြိုင် မိသားစု ၃ ယောက် ရဲ့ နောက်ဆုံးခရီး

၃လောင်းပြိုင် လူသတ်မူ့ဖြစ်ပွား(ကနဦးသတင်း)

13.6.2020ည၁၁နာရီ တနသ်ာရီတိုင်းဒေသကြီး အထက်ရေဖြူမြို့ ဥုသာရံရထားလမ်းဘေးက နေအိမ်တွင်မိသားစုအလိုက် သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့သည်မြင့်မြတ်ရေဖြူ အသင်းနှင့်ဇဗ္ဗူအရိပ်သင်းတို့သွားရောက်ပြီးအခင်းပွားနေရာမှရေဖြူဆေးရုံ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

ရေဖြူမြို့တွင် သုံးလောင်းပြိုင် လူသတ်မှုဖြစ်

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့၊ ဥုသာရံ ရထားလမ်းဘေးက နေအိမ်တစ်အိမ်မှာ ဇွန်(၁၃) ရက်၊ ည (၁၁) နာရီခန့်က မိသားစု (၃)ယောက် အသတ်ခံ ခဲ့ရတယ်လို့ တနင်္သာရီတိုင်း ဒေသကြီးရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး စိန်ဝင်းကပြောပါတယ်။

အဲဒီသေဆုံးသူတွေဟာ အသက်(၂၆)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၂၈)နှစ် အရွယ် အမျိုးသမီးတစ်ဦး နဲ့ အသက်တစ်နှစ်ခွဲအရွယ် ကလေးတစ်ဦးတို့ ဖြစ်ပြီး ဓားဒဏ်ရာ အများအပြားရရှိထားတယ်လို့ ဒုတိယရဲမှူးကြီး စိန်ဝင်းကပြောပါတယ်။

“ သုံးယောက်စလုံးက အခင်းဖြစ်ရပ်မှာ သေဆုံးနေတာ။ တရားခံဖမ်းမိဖို့ စုံစမ်းနေတယ်။ ဘာသဲလွန်စ ကျန်မလဲဆိုတာ ရှာနေတယ် ” လို့ ဒုတိယရဲမှူးကြီး စိန်ဝင်းက ပြောပါတယ်။

အခင်းဖြစ်ရပ်ကို ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် စစ်ဆေးခဲ့ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက် နေတယ်လို့ဆိုပါတယ်။

အသတ်ခံရတာဟာ လူမှုရေးပြဿနာ ဒါမှမဟုတ် လောင်းကစားနဲ့ ပတ်သက်မှုရှိ မရှိကိုလည်း စုံစမ်းနေတယ်လို့ ဒုတိယရဲမှူးကြီး စိန်ဝင်းကပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ရေဖြူ မြို့မရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။

သတင်း-ဝေယံထက်ဝင်း

ထားဝယ် ၃လောင်းပြိုင်လူသတ်မှု အသတ်ခံရတဲ့ မိသားစု၃ယောက်ရဲ့ နောက်ဆုံးခရီး

ကြွေလွှင့်ခဲ့ရပြီ

ကိုအောင်ကျော်ထွန်း အသက် (26)နှစ်

မခင်ဖြိုးဝေ အသက် (28)နှစ်

သားလေး မောင်စုစုငယ် (1)နှစ် နဲ့ (10)လ

အားလုံး ကောင်းရာ သုဂတိလားပါစေ

နောက်ဘဝ ဆက်တိုင်းဆက်တိုင်း ဒီလိုအဖြစ်ဆိုးမျိုး လုံးဝမကြုံပါစေနဲ့လို့ဆုတောင်းပေးပါတယ်

Dawei JulyRain