က်ပ္ (၁.၂) ဘီလီယံ ကုန္က် မယ့္ အသည္းေရာဂါကု ေဆး႐ုံ ေဆာက္ ဖို႔ မိသားစု (၁)စုက လႉဒါန္း
|က်ပ္ (၁.၂) ဘီလီယံ ကုန္က် မယ့္ အသည္းေရာဂါကု ေဆး႐ုံ ေဆာက္ ဖို႔ မိသားစု (၁)စုက လႉဒါန္း
က်ပ္ (၁.၂) ဘီလီယံ ကုန္က်မယ့္ အသည္းေရာဂါကု ေဆး႐ုံ တည္ေဆာက္ဖို႔ မိသားစု (၁)စုက အစိုးရကို လႉဒါန္း…
မႏၲေလး၊ ဇြန္လ (၁၆)
မႏၲေလးၿမိဳ႕မွာ က်ပ္သိန္း(၁၂၀၀၀) ဝန္းက်င္ ကုန္က်မယ့္ အသည္းနဲ႔ သည္းေျခလမ္းေၾကာင္းဆိုင္ရာဌာန (၈) ထပ္ ေဆး႐ုံ အေဆာက္အဦး ကို မိသားစု တစ္စုက ေဆာက္လုပ္ လႉဒါန္းဖို႔ စီစဥ္ေနတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက သိရပါတယ္။
အဲဒီအတြက္ ဇြန္လ (၁၅) ရက္ေန႔ က လႉဒါန္းသူ မႏၲေလးၿမိဳ႕ေန သူရိန္ေက်ာ္စိုးဝင္း ကုမၸဏီပိုင္ရွင္ ဦးေက်ာ္ဝင္းနဲ႔ ေဒၚခင္ေထြးမိသားစုကို ျပည္ေထာင္စုဝန္ႀကီးက လက္ခံေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။
ေတြ႕ဆုံတဲ့အခါ ေဆာက္လုပ္လႉဒါန္းတဲ့ အလႉကို က်န္းမားေရးနဲ႔ အားကစား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက လက္ခံလိုက္ပါတယ္။
ဒါ့အျပင္ အခုအလႉဟာ လူနာေတြနဲ႔ ဝန္ႀကီးဌာန အတြက္ အလြန္အက်ိဳးရွိၿပီး မြန္ျမတ္တာေၾကာင့္ သေဘာတူ ခြင့္ျပဳၿပီး အျမန္ဆုံးစတည္ေဆာက္ႏိုင္ဖို႔ စီစဥ္ေဆာင္႐ြက္ေပးသြားမယ္လို႔ ဝန္ႀကီးေဒါက္တာျမင့္ေထြးက ေျပာပါတယ္။
ေဆး႐ုံကိုေတာ့ မႏၲေလးၿမိဳ႕အေထြထြေရာဂါကု ေဆး႐ုံႀကီးဝန္းထဲမွာ ေဆာက္လုပ္မွာျဖစ္တယ္ လို႔ သိရပါတယ္။ အားလုံးပဲ သာဓုေခၚႏိုင္ၾကပါေစ…
MOHS – က်န္းမာေရးဝန္ႀကီးဌာန
unicode
ကျပ် (၁.၂) ဘီလီယံ ကုန်ကျ မယ့် အသည်းရောဂါကု ဆေးရုံ ဆောက် ဖို့ မိသားစု (၁)စုက လှူဒါန်း
ကျပ် (၁.၂) ဘီလီယံ ကုန်ကျမယ့် အသည်းရောဂါကု ဆေးရုံ တည်ဆောက်ဖို့ မိသားစု (၁)စုက အစိုးရကို လှူဒါန်း…
မန္တလေး၊ ဇွန်လ (၁၆)
မန္တလေးမြို့မှာ ကျပ်သိန်း(၁၂၀၀၀) ဝန်းကျင် ကုန်ကျမယ့် အသည်းနဲ့ သည်းခြေလမ်းကြောင်းဆိုင်ရာဌာန (၈) ထပ် ဆေးရုံ အဆောက်အဦး ကို မိသားစု တစ်စုက ဆောက်လုပ် လှူဒါန်းဖို့ စီစဉ်နေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သိရပါတယ်။
အဲဒီအတွက် ဇွန်လ (၁၅) ရက်နေ့ က လှူဒါန်းသူ မန္တလေးမြို့နေ သူရိန်ကျော်စိုးဝင်း ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းနဲ့ ဒေါ်ခင်ထွေးမိသားစုကို ပြည်ထောင်စုဝန်ကြီးက လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံတဲ့အခါ ဆောက်လုပ်လှူဒါန်းတဲ့ အလှူကို ကျန်းမားရေးနဲ့ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံလိုက်ပါတယ်။
ဒါ့အပြင် အခုအလှူဟာ လူနာတွေနဲ့ ဝန်ကြီးဌာန အတွက် အလွန်အကျိုးရှိပြီး မွန်မြတ်တာကြောင့် သဘောတူ ခွင့်ပြုပြီး အမြန်ဆုံးစတည်ဆောက်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောပါတယ်။
ဆေးရုံကိုတော့ မန္တလေးမြို့အထွေထွရောဂါကု ဆေးရုံကြီးဝန်းထဲမှာ ဆောက်လုပ်မှာဖြစ်တယ် လို့ သိရပါတယ်။ အားလုံးပဲ သာဓုခေါ်နိုင်ကြပါစေ…
MOHS – ကျန်းမာရေးဝန်ကြီးဌာန