အဲကြန္း မသုံးပဲ အပူဒဏ္ကို အံတုခ်င္ပါသလား ဒီနည္းလမ္းမ်ား အသုံးျပဳ လုိက္ပါ

အဲကြန္း မသုံး ပဲ အပူဒဏ္ ကို အံတုခ် င္ ပါသလား ဒီနည္း လမ္းမ်ား အသုံးျပဳလုိက္ပါ

၁) အုပ္ႂကြပ္မိုး ပါ

အုပ္ႂကြပ္ဟာ အပူခ်ိန္ ၁၃၀၀ ဒီဂရီ စင္တီဂရိတ္ေလာက္အထိ ခံႏိုင္ရည္ရွိတဲ့အတြက္ မီးေလာင္ဒဏ္ကို ခံႏိုင္ရည္ရွိပါတယ္ ။
အိမ္တြင္း အေအးဓာတ္ကို ထိန္းေပးၿပီး ေနပူဒဏ္ ကိုလည္း သြပ္ထပ္မ်ားစြာ ခံႏိုင္ရည္ ရွိပါတယ္ ။

၂) Radiant Barrier သုံးပါ

အပူခံဂြမ္းလို႔ လူသိမ်ားၿပီး စက္႐ုံေတြမွာ သုံးတာေတြ႕ရ ပါတယ္ ။ မ်က္ႏွာက်က္ အေပၚမွာ တပ္ဆင္ရတဲ့ insulation material ျဖစ္ၿပီး အုပ္ႂကြပ္နဲ႔ တြဲသုံးမယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလးကို အပူဒဏ္ သက္သာသြားမွာ ျဖစ္ပါတယ္ ။
Youtube မွာတင္ထားတဲ့ video ေတြအရ သြပ္မိုးၿပီး Radiant Barrier သုံးထားတာေတာင္ အပူခ်ိန္ ၇ ဒီဂရီေလာက္ ေလ်ာ့က်သြားတာေတြ႕ရပါတယ္ ။

ဒီႏွစ္ခ်က္ဟာ initial cost လို႔ေခၚတဲ့ ကနဦးကုန္က်ေငြ မ်ားေပမယ့္ running cost ေတာ္ေတာ္ သက္သာေစမွာ ျဖစ္ပါတယ္ ။
အဲကြန္းသုံးမယ္ဆို ကနဦး ကုန္က်ေငြေရာ ၊ လစဥ္ကုန္က်ေငြအျပင္ ျပဳျပင္ထိန္းသိမ္းစရိတ္ပါ ထည့္ေပါင္းတြက္ရမွာ ျဖစ္ပါတယ္ ။
ဒါအျပင္ အဲကြန္းဟာ သဘာဝပတ္ဝန္းက်င္ကို ဒုကၡေပး တဲ့ ဇိမ္ခံပစၥည္း တစ္ခုလည္း ျဖစ္ပါတယ္ ။

၃) Aloe vera စိုက္ပါ

မိမိအိမ္ခန္းထဲမွာ Aloe Vera ပင္ေတြစိုက္ထားျခင္းျဖင့္ အိမ္တြင္း အပူခ်ိန္ကို သိသိသာသာ ေလ်ာ့ခ်ႏိုင္ပါတယ္ ။
ဒါ့အျပင္ aloe vera ဟာ formaldehyde compounds ေတြကိုလည္း စုပ္ယူေပး တဲ့အတြက္ေၾကာင့္ indoor air quality ကို ပိုမိုေကာင္းမြန္ေစမွာ ျဖစ္ပါတယ္ ။
ဒီအပင္စိုက္ထားျခင္းအားျဖင့္ အဆိပ္အေတာက္ေတြကို ရႈမိျခင္း အႏၲရာယ္မွလည္း ကာကြယ္ႏိုင္ပါတယ္ ။

၄) အထက္ပါ သုံးခ်က္ကေတာ့ ၿခံမက်ယ္လည္း လုပ္လို႔ရႏိုင္ပါတယ္ ။
နံပါတ္ေလး အခ်က္ကေတာ့ ၿခံက်ယ္က်ယ္သမားေတြ အတြက္ပါ ။
မိမိအိမ္မွာ ေျမကြက္လပ္အပို ရွိမယ္ဆိုရင္ ကြန္ကရစ္အျပည့္ခင္းျခင္းကို ေရွာင္ၾကည္ပါ ။
ျမက္ခင္းမ်ား စိုက္ျခင္းအားျဖင့္ အပူဒဏ္ေလ်ာ့ခ်ႏိုင္သလို ေျမေအာက္ေရကိုလည္း ျပန္လည္ျဖည့္တင္းေပးရာေရာက္ပါတယ္ ။

၅) အရိပ္ရအပင္ စိုက္ပါ ။

အာဆီယံႏိုင္ငံနဲ႔ အကိုက္ညီဆုံး Fast Growing Shade Trees ေတြထဲမွာ ပိေတာက္ပင္ကို ၫႊန္းဆိုၾကပါတယ္ ။ ဒုတိယကေတာ့ ကုကၠိဳလ္ပင္ပါ ။

ဒီငါးခ်က္ကို တတ္ႏိုင္တဲ့သူေတြ ၊ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းလိုစိတ္ရွိတဲ့သူေတြ အခုကစ လုပ္ေဆာင္ၾကမယ္ဆိုရင္ ေနာက္လာမည့္ႏွစ္ေတြမွာ အပူဒဏ္ ေလ်ာ့က်သြားႏိုင္ပါတယ္ ။

ေလးစားစြာျဖင့္ ခရစ္ဒက္ – SI THU ( IC )

unicode

အဲကွန်း မသုံး ပဲ အပူဒဏ် ကို အံတုချ င် ပါသလား ဒီနည်း လမ်းများ အသုံးပြုလိုက်ပါ

၁) အုပ်ကြွပ်မိုး ပါ

အုပ်ကြွပ်ဟာ အပူချိန် ၁၃၀၀ ဒီဂရီ စင်တီဂရိတ်လောက်အထိ ခံနိုင်ရည်ရှိတဲ့အတွက် မီးလောင်ဒဏ်ကို ခံနိုင်ရည်ရှိပါတယ် ။
အိမ်တွင်း အအေးဓာတ်ကို ထိန်းပေးပြီး နေပူဒဏ် ကိုလည်း သွပ်ထပ်များစွာ ခံနိုင်ရည် ရှိပါတယ် ။

၂) Radiant Barrier သုံးပါ

အပူခံဂွမ်းလို့ လူသိများပြီး စက်ရုံတွေမှာ သုံးတာတွေ့ရ ပါတယ် ။ မျက်နှာကျက် အပေါ်မှာ တပ်ဆင်ရတဲ့ insulation material ဖြစ်ပြီး အုပ်ကြွပ်နဲ့ တွဲသုံးမယ်ဆိုရင်တော့ တော်တော်လေးကို အပူဒဏ် သက်သာသွားမှာ ဖြစ်ပါတယ် ။
Youtube မှာတင်ထားတဲ့ video တွေအရ သွပ်မိုးပြီး Radiant Barrier သုံးထားတာတောင် အပူချိန် ၇ ဒီဂရီလောက် လျော့ကျသွားတာတွေ့ရပါတယ် ။

ဒီနှစ်ချက်ဟာ initial cost လို့ခေါ်တဲ့ ကနဦးကုန်ကျငွေ များပေမယ့် running cost တော်တော် သက်သာစေမှာ ဖြစ်ပါတယ် ။
အဲကွန်းသုံးမယ်ဆို ကနဦး ကုန်ကျငွေရော ၊ လစဉ်ကုန်ကျငွေအပြင် ပြုပြင်ထိန်းသိမ်းစရိတ်ပါ ထည့်ပေါင်းတွက်ရမှာ ဖြစ်ပါတယ် ။
ဒါအပြင် အဲကွန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေး တဲ့ ဇိမ်ခံပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ် ။

၃) Aloe vera စိုက်ပါ

မိမိအိမ်ခန်းထဲမှာ Aloe Vera ပင်တွေစိုက်ထားခြင်းဖြင့် အိမ်တွင်း အပူချိန်ကို သိသိသာသာ လျော့ချနိုင်ပါတယ် ။
ဒါ့အပြင် aloe vera ဟာ formaldehyde compounds တွေကိုလည်း စုပ်ယူပေး တဲ့အတွက်ကြောင့် indoor air quality ကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ် ။
ဒီအပင်စိုက်ထားခြင်းအားဖြင့် အဆိပ်အတောက်တွေကို ရှုမိခြင်း အန္တရာယ်မှလည်း ကာကွယ်နိုင်ပါတယ် ။

၄) အထက်ပါ သုံးချက်ကတော့ ခြံမကျယ်လည်း လုပ်လို့ရနိုင်ပါတယ် ။
နံပါတ်လေး အချက်ကတော့ ခြံကျယ်ကျယ်သမားတွေ အတွက်ပါ ။
မိမိအိမ်မှာ မြေကွက်လပ်အပို ရှိမယ်ဆိုရင် ကွန်ကရစ်အပြည့်ခင်းခြင်းကို ရှောင်ကြည်ပါ ။
မြက်ခင်းများ စိုက်ခြင်းအားဖြင့် အပူဒဏ်လျော့ချနိုင်သလို မြေအောက်ရေကိုလည်း ပြန်လည်ဖြည့်တင်းပေးရာရောက်ပါတယ် ။

၅) အရိပ်ရအပင် စိုက်ပါ ။

အာဆီယံနိုင်ငံနဲ့ အကိုက်ညီဆုံး Fast Growing Shade Trees တွေထဲမှာ ပိတောက်ပင်ကို ညွှန်းဆိုကြပါတယ် ။ ဒုတိယကတော့ ကုက္ကိုလ်ပင်ပါ ။

ဒီငါးချက်ကို တတ်နိုင်တဲ့သူတွေ ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းလိုစိတ်ရှိတဲ့သူတွေ အခုကစ လုပ်ဆောင်ကြမယ်ဆိုရင် နောက်လာမည့်နှစ်တွေမှာ အပူဒဏ် လျော့ကျသွားနိုင်ပါတယ် ။

လေးစားစွာဖြင့် ခရစ်ဒက် – SI THU ( IC )