ကိုဗစ္-၁၉ ေရာဂါ အတြက္ ပထမဆုံး အသက္ကယ္ေဆး ေတြ႕ရွိ၊ အလြယ္တကူ ရၿပီး ေစ်းသက္သာ

ကိုဗစ္-၁၉ ေရာဂါ အတြက္ ပထမဆုံး အသက္ကယ္ေဆး ေတြ႕ရွိ၊ အလြယ္တကူ ရၿပီး ေစ်းသက္သာ

ဒီေန႔ ၁၆ ဇြန္ ၂၀၂၀ ညေန ၆ နာရီ ခြဲေက်ာ္မွာ ဘီဘီစီ က်န္းမာေရးပိုင္း ကေန ထုတ္ျပန္တဲ့ သတင္းထူး (Breaking News) ကေတာ့ –

ေကာ္႐ိုနာဗိုင္းရပ္စ္အႏၲရာယ္မွ အသက္ကယ္ႏိုင္ သည့္ ပထမဦးေဆးဝါး ကို ေတြ႕ရွိပါၿပီ Dexamethasone လို႔ ေခၚပါတယ္။ ေစ်းမႀကီးဘဲ က်ယ္က်ယ္ျပန႔္ျပန္ရႏိုင္တယ္။ ေကာ္႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျပင္းျပင္းထန္ထန္ျဖစ္ေနသူေတြရဲ႕ အသက္ကို ကယ္ႏိုင္တယ္။

အဲ့ဒီေဆးဟာ အသစ္ေဖာ္စပ္တဲ့ ေဆးေတာ့ မဟုတ္ ပါဘူး။ ၁၉၆၀ ေက်ာ္ေလာက္ကတည္းက သုံးေနခဲ့တဲ့ ေဆးပါ။ အရင္းျပင္းထန္တဲ့ လူနာေတြကို စမ္းသပ္တာမွာ ေတာ္ေတာ္ေလးထိေရာက္ၿပီး အသက္ကို ကယ္ႏိုင္လိုက္တဲ့ အေျဖေတြ ရထားပါတယ္။

အဂၤလန္ေဆးဝါးကြၽမ္းက်င္သူေတြရဲ႕ အဆိုအရ ၎ေဆးဝါး ဟာ အသက္ရႈစက္ တပ္ဆင္ထားရသူလူနာအတြက္ အသက္ဆုံးရႈံးႏိုင္ေျခ ၃ ပုံတစ္ပုံခန႔္ေလွ်ာ့ခ်ႏိုင္ကာ ေအာက္ဆီဂ်င္ေပးထားရသူလူနာအတြက္ ၅ ပုံတစ္ပုံအထိ ေလွ်ာ့ခ်ႏိုင္တယ္လို႔ဆိုပါတယ္။

ဒီေဆးဟာ လက္ရွိကို႐ိုနာ ဗိုင္းရပ္ကို ကုသဖို႔ အၿပိဳင္အဆိုင္စမ္းသပ္ေနတဲ့ ေဆးေတြထဲက တစ္ခုလည္း ျဖစ္ပါတယ္။ ဒီေဆးကို အဂၤလန္မွာ ကို႐ိုနာဗိုင္းရပ္အႀကီးအက်ယ္ျပန႔္ႏွံ႔စဥ္ရရွိခဲ့ပါက လူအသက္ ၅၀၀၀ ခန႔္ကို ကယ္ဆယ္ႏိုင္ခဲ့မွာ ျဖစ္တယ္လို႔ ေဆးဝါးကြၽမ္းက်င္သူပညာရွင္ တို႔က ဆိုပါတယ္။

ဒီေဆးဟာ ေဈးသက္သာတာေၾကာင့္ ကိုဗစ္-၁၉ ေရာဂါသည္ အေရအတြက္ အမ်ားအျပားရွိေနတဲ့ ဆင္းရဲတဲ့ ႏိုင္ငံေတြအတြက္ အလြန္အက်ိဳး ရွိေစမွာျဖစ္ပါတယ္။

အဲဒီေဆးနဲ႔ စမ္းသပ္ခဲ့တဲ့ ကိုဗစ္-၁၉ လူနာ ၂၀ မွာ ၁၉ ဦးဟာ ေဆး႐ုံတင္ စရာမလိုဘဲ သက္သာေပ်ာက္ကင္းခဲ့ၿပီး ေဆး႐ုံတက္ဖို႔ လိုအပ္တဲ့ လူနာေတြထဲ မွာ ေအာက္ဆီဂ်င္နဲ႔ အသက္ရႈစက္တပ္ဆင္ဖို႔ လိုအပ္တဲ့လူနာေတြပါေသာ္လည္း ဒီေဆးကို မသုံးစြဲထားတဲ့လူနာေတြထက္ အေျခအေနပိုမိုေကာင္းမြန္ခဲ့တာေတြ႕ရပါတယ္။

စမ္းသပ္မႈကို ဦးေဆာင္သူပေရာဖက္ဆာပီတာေဟာ္ဘီက အသက္ရႈစက္တပ္ဆင္ထားရ သူလူနာ ၈ ေယာက္ကို ဒီေဆးနဲ႔ကုတိုင္း တစ္ေယာက္ကိုကယ္တင္ႏိုင္မွာျဖစ္တယ္လို႔ဆိုပါတယ္။ လက္ရွိအခ်ိန္အထိ အသက္ဆုံးရႈံးမႈကို အမ်ားဆုံးေလွ်ာ့ခ်ေပးႏိုင္တဲ့ေဆးလို႔ ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။

အထက္ပါစမ္းသပ္မႈေတြကို အဲဒီေဆးနဲ႔ ၁၀ ရက္ၾကာကုသခဲ့တာ ျဖစ္ၿပီး ကုန္က်စရိတ္ အေနနဲ႔ တစ္ရက္ကိုလူနာတစ္ဦးလွ်င္ ေပါင္ ၅ ဒသမ ၄၀ သာက်သင့္တယ္လို႔ သတင္းက ဆိုပါတယ္။

ဒက္ဇာမတ္သဆုန္းေဆးဟာ ကိုဗစ္-၁၉ ေရာဂါလကၡဏာမျပသူမ်ားနဲ႔ အသက္ရႉမႈ အခက္အခဲမျဖစ္သူမ်ားအေပၚမွာေတာ့ ထိေရာက္မႈမရွိဘူးလို႔ ဆိုပါတယ္။

ေဆးဝါးစမ္းသပ္မႈမ်ားကို မတ္လကစတင္ျပဳလုပ္ခဲ့ရာ အဲဒီအထဲမွငွက္ဖ်ားေဆးတစ္မ်ိဴး ျဖစ္တဲ့ ဟိုင္ဒ႐ိုကလို႐ို ကြင္းေဆးဟာ အသက္ဆုံးရႈံးပိုမိုျမင့္တက္ျခင္းနဲ႔ ႏွလုံးပိုင္းဆိုင္ရာျပႆနာမ်ားေၾကာင့္ စမ္းသပ္မႈရပ္ဆိုင္းခဲ့ၿပီး ရန္ဒက္ဆီဗာေဆးကေတာ့ လူနာရဲ႕ျပန္လည္ေကာင္းမြန္ႏႈန္းကို ျမႇင့္တင္ေပးႏိုင္တဲ့အတြက္ အတည္ျပဳခဲ့ၿပီးလဲ ျဖစ္ပါတယ္။

crd : blacker

unicode

ကိုဗစ်-၁၉ ရောဂါ အတွက် ပထမဆုံး အသက်ကယ်ဆေး တွေ့ရှိ၊ အလွယ်တကူ ရပြီး စျေးသက်သာ

ဒီနေ့ ၁၆ ဇွန် ၂၀၂၀ ညနေ ၆ နာရီ ခွဲကျော်မှာ ဘီဘီစီ ကျန်းမာရေးပိုင်း ကနေ ထုတ်ပြန်တဲ့ သတင်းထူး (Breaking News) ကတော့ –

ကော်ရိုနာဗိုင်းရပ်စ်အန္တရာယ်မှ အသက်ကယ်နိုင် သည့် ပထမဦးဆေးဝါး ကို တွေ့ရှိပါပြီ Dexamethasone လို့ ခေါ်ပါတယ်။ စျေးမကြီးဘဲ ကျယ်ကျယ်ပြန့်ပြန်ရနိုင်တယ်။ ကော်ရိုနာဗိုင်းရပ်စ်ကြောင့် ပြင်းပြင်းထန်ထန်ဖြစ်နေသူတွေရဲ့ အသက်ကို ကယ်နိုင်တယ်။

အဲ့ဒီဆေးဟာ အသစ်ဖော်စပ်တဲ့ ဆေးတော့ မဟုတ် ပါဘူး။ ၁၉၆၀ ကျော်လောက်ကတည်းက သုံးနေခဲ့တဲ့ ဆေးပါ။ အရင်းပြင်းထန်တဲ့ လူနာတွေကို စမ်းသပ်တာမှာ တော်တော်လေးထိရောက်ပြီး အသက်ကို ကယ်နိုင်လိုက်တဲ့ အဖြေတွေ ရထားပါတယ်။

အင်္ဂလန်ဆေးဝါးကျွမ်းကျင်သူတွေရဲ့ အဆိုအရ ၎င်းဆေးဝါး ဟာ အသက်ရှုစက် တပ်ဆင်ထားရသူလူနာအတွက် အသက်ဆုံးရှုံးနိုင်ခြေ ၃ ပုံတစ်ပုံခန့်လျှော့ချနိုင်ကာ အောက်ဆီဂျင်ပေးထားရသူလူနာအတွက် ၅ ပုံတစ်ပုံအထိ လျှော့ချနိုင်တယ်လို့ဆိုပါတယ်။

ဒီဆေးဟာ လက်ရှိကိုရိုနာ ဗိုင်းရပ်ကို ကုသဖို့ အပြိုင်အဆိုင်စမ်းသပ်နေတဲ့ ဆေးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဆေးကို အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်အကြီးအကျယ်ပြန့်နှံ့စဉ်ရရှိခဲ့ပါက လူအသက် ၅၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့မှာ ဖြစ်တယ်လို့ ဆေးဝါးကျွမ်းကျင်သူပညာရှင် တို့က ဆိုပါတယ်။

ဒီဆေးဟာ ဈေးသက်သာတာကြောင့် ကိုဗစ်-၁၉ ရောဂါသည် အရေအတွက် အများအပြားရှိနေတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေအတွက် အလွန်အကျိုး ရှိစေမှာဖြစ်ပါတယ်။

အဲဒီဆေးနဲ့ စမ်းသပ်ခဲ့တဲ့ ကိုဗစ်-၁၉ လူနာ ၂၀ မှာ ၁၉ ဦးဟာ ဆေးရုံတင် စရာမလိုဘဲ သက်သာပျောက်ကင်းခဲ့ပြီး ဆေးရုံတက်ဖို့ လိုအပ်တဲ့ လူနာတွေထဲ မှာ အောက်ဆီဂျင်နဲ့ အသက်ရှုစက်တပ်ဆင်ဖို့ လိုအပ်တဲ့လူနာတွေပါသော်လည်း ဒီဆေးကို မသုံးစွဲထားတဲ့လူနာတွေထက် အခြေအနေပိုမိုကောင်းမွန်ခဲ့တာတွေ့ရပါတယ်။

စမ်းသပ်မှုကို ဦးဆောင်သူပရောဖက်ဆာပီတာဟော်ဘီက အသက်ရှုစက်တပ်ဆင်ထားရ သူလူနာ ၈ ယောက်ကို ဒီဆေးနဲ့ကုတိုင်း တစ်ယောက်ကိုကယ်တင်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိအချိန်အထိ အသက်ဆုံးရှုံးမှုကို အများဆုံးလျှော့ချပေးနိုင်တဲ့ဆေးလို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အထက်ပါစမ်းသပ်မှုတွေကို အဲဒီဆေးနဲ့ ၁၀ ရက်ကြာကုသခဲ့တာ ဖြစ်ပြီး ကုန်ကျစရိတ် အနေနဲ့ တစ်ရက်ကိုလူနာတစ်ဦးလျှင် ပေါင် ၅ ဒသမ ၄၀ သာကျသင့်တယ်လို့ သတင်းက ဆိုပါတယ်။

ဒက်ဇာမတ်သဆုန်းဆေးဟာ ကိုဗစ်-၁၉ ရောဂါလက္ခဏာမပြသူများနဲ့ အသက်ရှူမှု အခက်အခဲမဖြစ်သူများအပေါ်မှာတော့ ထိရောက်မှုမရှိဘူးလို့ ဆိုပါတယ်။

ဆေးဝါးစမ်းသပ်မှုများကို မတ်လကစတင်ပြုလုပ်ခဲ့ရာ အဲဒီအထဲမှငှက်ဖျားဆေးတစ်မျိူး ဖြစ်တဲ့ ဟိုင်ဒရိုကလိုရို ကွင်းဆေးဟာ အသက်ဆုံးရှုံးပိုမိုမြင့်တက်ခြင်းနဲ့ နှလုံးပိုင်းဆိုင်ရာပြဿနာများကြောင့် စမ်းသပ်မှုရပ်ဆိုင်းခဲ့ပြီး ရန်ဒက်ဆီဗာဆေးကတော့ လူနာရဲ့ပြန်လည်ကောင်းမွန်နှုန်းကို မြှင့်တင်ပေးနိုင်တဲ့အတွက် အတည်ပြုခဲ့ပြီးလဲ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

3 × one =