




Source-Eint Chit

unicode

နှစ်ဖက်မိဘတွေ နဲ့ တရားသူကြီးရှေ့မှောက်မှာ လက်မှတ်ထိုး ခဲ့တဲ့နေ့က အမှတ်တရ ပုံလေးတွေကို တင်ပေး လာတဲ့ အိမ့်ချစ်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ပဲဖြစ်တဲ့ အဆိုတော်အိမ့်ချစ် ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။သူမကတော့ တစ်ကိုယ်တော်တေးစီရီး အယ်ဘမ်ပေါင်းများစွာအပြင် Singleအယ်ဘမ်ပေါင်းများစွာထွက်ရှိထားပြီး သူ့ရဲ့ သီချင်းတွေ ကလည်း ပရိသတ်တွေကြား မှာ ရေပန်းစားလူကြိုက်များခဲ့ပါတယ်။

အိမ့်ချစ်ကတော့ ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်နေ့မှာ သူမရဲ့ ချစ်သူ ကိုEricနဲ့ နှစ်ဖက်မိဘတွေရဲ့ သဘောတူညီချက်ဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီးရှေ့မှောက်မှာ မင်္ဂလာလက်မှတ်ထိုးပြီးလက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်တော့ အိမ့်ချစ်ကလက်မှတ်ထိုးခဲ့တဲ့နေ့က အမှတ်တရလေးတွေကို မျှဝေ လာခဲ့ပါတယ်။

သူမကတော့ “ နှစ်ဖက်မိဘတွေနဲ့တရားသူကြီးရှေ့မှောက်မှာလက်မှတ်ထိုး ခဲ့တဲ့နေ့က အမှတ်တရပုံလေးတွေ….”ဆိုတဲ့ caption လေးနဲ့အတူ ကြည်နူးစရာအမှတ်တရပုံ တင်ပေးထားတာပဲဖြစ်ပါတယ်။ချစ်တဲ့ပရိသတ်ကြီးအတွက်လည်း အိမ့်ချစ်တို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာကောင်းတဲ့ အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်..။

Source-Eint Chit

Add a Comment

Your email address will not be published. Required fields are marked *

17 − 13 =