ဘဝ အရောင်တွေ စုံတဲ့ သမ္မတကြီး DONALD J TRUMP ရဲ့ ဘဝ ဇာတ်ကြောင်း အပြည့်အစုံ

လက်ရှိ အမေရိကန် သမ္မတကြီး Donald J Trump ဟာ 1946 ဂျွန်လ ၁၄ ရက်နေ့ မှာ New York, Queen ရပ်ကွက်အနီးက Jamaica Hospital မှာ မွေးဖွားခဲ့သူဖြစ်ပါတယ်.. သူအဖေ ဘက် မိဘနှစ်ပါးက German နိုင်ငံမှ ရွေ့ပြောင်းလာကြပြီး သူ့အမေကတော့ Scotland မှာမွေးဖွားတဲ့ Immigrant မိဘတွေက မွေးဖွားလာသူ ဖြစ်ပါတယ်..

သူ့အဖေဟာ ဆောက်လုပ်ရေးလုပ်ငန်း ပိုင်ရှင် သူဌေးကြီး တစ်ဦးပါ.. သူတို့ကို ငယ်စဉ် ကတည်းက သူ့ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်စေပြီး စနေ တနင်္ဂနွေ ရုံးပိတ်ရက်များမှာပင် အိမ်မှာ မနေစေဘဲ ဆောက်လုပ်ရေး လုပ်ငန်းခွင် Site ထဲသို့ လှည့်လည် စစ်ဆေးခိုင်းပါတယ်..

သူအသက် ၁၃ နှစ်မှာ New York Military Academy (Private School) ကို တက်ရောက် ခဲ့ပြီး အားကစားမှာလည်း ထူးချွန်သူ ဖြစ်ပါတယ်.. အဲဒီနောက်မှာတော့ Fordham University မှာ ၂ နှစ်တက်ရောက်ပြီး University Of Pennsylvania ကို ပြောင်းရွေ့တက်ရောက်ခဲ့ပါတယ်..

1968 ခုနှစ်မှာ B.S Economics နဲ့ ဘွဲ့ရခဲ့ပါတယ်.. ဒါပေမယ့် သူ့ရဲ့ သမ္မတလောင်း ကြေငြာချက်မှာ အတန်းအားလုံးရဲ့ အဆင့် တစ်နဲ့ အောင်မြင်ခဲ့တယ်လို့ ဖေါ်ပြခဲ့လို့ ပြိုင်ဘက်နိုင်ငံရေး အင်အားစုတွေရဲ့ စုံစမ်းချက်အရ Honor Roll တောင် မရခဲ့ဖူးဘူးလို့ သတင်းထွက်လာပါတယ်..

အဲဒါကြောင့် အခု တရားစွဲခံရပြီး ထောင်ချခံလိုက်ရတဲ့ သူ့ရဲ့ ရှေ့နေ Michael Cohen က Fordham University and the New York Military Academy ကျောင်းနှစ်ကျောင်းကို School Record တွေထုတ်ပြန်ရင် တရားစွဲမယ်လို့ ချိန်းခြောက်ခဲ့ဘူးပါတယ်..

1966 ကောလိပ်ကျောင်းသား ဘဝမှာ ဆေးမအောင်လို့ တပ်က တာဝန် ထမ်းဆောင်ခွင့် ခတ္တရပ်နားခဲ့ပါတယ်.. 1968 နှစ်စမှာ စစ်ဆေးရေး Board အဖွဲ့က တာဝန်ပြန်လည်ထမ်းဆောင်ရန် ညွန်ကြားခဲ့ပါတယ်..

1968 အောက်တိုဘာမှာ တဖန် ခြေတောက်မှာ အရိုးအတက်ထွက်လို့ဆိုတဲ့ မှတ်ချက်နဲ့ 1-Y (unqualified for duty except in the case of a national emergency) အဆင့်သတ်မှတ်ပြီး တာဝန်ထမ်းဆောင်ရန် ရပ်ဆဲခဲ့ပြန်ပါတယ်..

1972 ခုနှစ်မှာတော့ 4-F due to bone spurs, which permanently disqualified him from service. အဆင့် သတ်မှတ်ပြီး တာဝန်ထမ်းဆောင်ခြင်းကို အပြီးတိုင် ရပ်ဆိုင်းခဲ့ပါတယ်..2015 ခုနှစ် သတင်းထောက်တွေ အမေးကိုတော့ ဘယ်ဘက်ခြေထောက်မှာ အတက်ထွက်ခဲ့မှန်း သူလည်း မမှတ်မိတော့ ပါဘူး…တဲ့..

အဲဒီ Service လူငယ်တိုင်း မဖြစ်မနေ ထမ်းဆောင်ရတဲ့ Duty ပါ..(အလားတူ သမ္မတ Bill Clinton လည်းရှောင်ရှားဘူးခဲ့ကြောင်း သိရပါတယ်..)

နောက်ပိုင်း သူ့အဖေဆီက အမွေဆက်ခံပြီး သူ့အနားကို အခုသူနဲ့ ပြသနာ တက်တဲ့ သူ့ရဲ့ ရှေ့နေ Michael Cohen ရောက်ရှိလာခဲ့ပြီး ၁၃ နှစ်လုံးလုံး သူ့ကို အများကြီး အကာအကွယ်ပေးခဲ့ဘူးပါတယ်..သူ့ကုမ္ပဏီဟာ 2018 မှာ State နဲ့ Federal က အရေးယူတဲ့အမူ့ပေါင်း ၄၀၀၀ ကျော်ရှိနေခဲ့ပါပြီ.. အဲဒီထဲမှာမှ 1975 ခုနှစ်လောက်က ထရန့်ပိုင်ဆိုင်မူ့စီမံခန့်ခွဲတဲ့နေရာမှာ လူမျိုးရေး ခွဲခြားဆက်ဆံမူ့တွေ ရှိနေတယ်ဆိုပြီး …..

သန်း ၁၀၀ လျှော်ကျေးရလိုမူ့နဲ့ တရာဆွဲလို့ Michael Cohen က တန်ပြန် တရားစွဲကာ စီမံခန့်ခွဲမူ့ ပြင်ဆင်ပြီး အမူ့ပြီးဆုံးခဲ့ဘူးပါတယ်.. ထရန့်ရဲ့ နိုင်ငံရေးအကြံပေး လူမိုက်ကြီး Roger Stone ကို ထရန့်နားခေါ်လာ တာလည်း သူပါဘဲ…

1991 မှာတော့ ကုပ္မဏီ လုပ်ငန်းတွေ အရူံးပြလို့ သူ့ရဲ့ ပိုင်ဆိုင်မူ့တွေထဲက Atlantic City နဲ့ New York က Hotel နဲ့ Casino လုပ်ငန်းတွေကို ဒေဝါလီခံခဲ့ပါတယ်.. 1991 ကနေ 2009 အတွင်း ဒေဝါလီခံခြင်းဆိုင်ရာ ဥပဒေရဲ့ အကာအကွယ်ကို ၆ ကြိမ်ယူခဲ့ဘူးပါတယ်.. 1980 ဝန်းကျင်မှာ ဘဏ် ၇၀ ကနေ ချေးငွေ ၄ ဘီလီယံ ကျွေးတင်နေလို့ Deutsche Bank ကလွဲလို့ ဘယ်ဘဏ်ကမှ ငွေမချေးတော့ပါဘူး.. ဒေဝါလီခံပြီးနောက် အိမ်ခြံမြေလုပ်ငန်း ကနေ အမှတ် တံဆိပ်လိုင်းဘက် ကူးခဲ့ပါတယ်..

2000 က စလို့ သူပိုင် လုပ်ငန်း အဆောက်အဦးတွေ ကို Trump Tower လို့ နာမည်ပေးပြီး အမေရိကန်နဲ့ ကမ္ဘာတလွား ဖြစ်တဲ့ Chicago; Las Vegas; Washington, D.C.; Panama City; Toronto; and Vancouver. There were also Trump-branded buildings in Dubai, Honolulu, Istanbul, Manila, Mumbai, နဲ့ Indonesia. တို့မှာ ဆောက်လုပ်ခဲ့ပါတယ်..

ရုရှားနဲ့ စွတ်ဆွဲခံရတာလည်း ရုရှားမှာ ဆောက်မယ့် အဲဒီ ထရန့်တာဝါ နဲ့ ပတ်သက်နေတာပါဘဲ.. အဲဒီအပြင် Trump University ဆိုပြီး အိမ်အရောင်းအဝယ်လုပ်ငန်းတွေကို သင်ကြားပေးတဲ့ ကျောင်းလည်း ဖွင့်လှစ်ခဲ့ပါတယ်..1988 ခုနှစ်မှာ Eastern Airline က လေယာဉ် ၂၁ စီးကို ၃၈၀ မီလျှံနဲ့ ငွေချေးဝယ်ယူပြီး New York City, Boston, and Washington, D.C ကိုပျံသန်းတဲ့ Trump Shuttle ဆိုပြီး ပြေးဆွဲလိုက်ပါသေးတယ်..1992 မှာတော့ အရူံးပေါ်လို့ US Air ကိုပြန်ရောင်းခဲ့ပါတယ်..

1995 ကနေ 2015 အထိ အောက်ပါ.. အလှမယ်ရွေးချယ်ရေး ပြိုင်ပွဲတွေကို ပိုင်ဆိုင်ခဲ့ပါတယ်.. Miss Universe pageants, Miss USA Miss Teen USA

သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို အင်ပါယာကြီး တစ်ခုလို ထူထောင် ခဲ့ပြီး အဲဒီမှာ သူက ဘဝရှင် မင်းတြားကြီးပေါ့. အဲဒါကြောင့် သမ္မတဖြစ်တော့ နိုင်ငံတာဝန်တွေကို ထမ်းဆောင်ရင်း သူ့စီးပွားရေး အကျိုးအမြတ်နဲ့ ရောချလို့ မရအောင် သူ့သားသမိးတွေကို လုပ်ငန်းတာဝန်တွေ ခွဲဝေပေးလိုက်ရပါတယ်..

အဲဒီအပြင်ကို တီဗီဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်စုစုပေါင်း ၈ ကား ပါဝင် သရုပ်ဆောင်ခဲ့ဘူးပါတယ်..သူ့အစ်ကို Fred Trump တယောက် အရက်တွေ အရမ်းသောက်လို့ ကွယ်လွန်သွားတဲ့အတွက် သူဟာ အရက်သောက်တာကို ဆန့်ကျင်သူဖြစ်ပါတယ်.. ဆေးလိပ်လည်း မသောက် ဆေးခြောက်လည်း မရူ တညကို ၃-၄ နာရီဘဲ အိပ်တာကို နှစ်သက် ပါတယ်.. ဂေါက်ရိုက်တာတော့ အလွန်ဝါသနာထုံပါတယ်..

အကြမ်းဖျဉ်း ကောက်ကြောင်းကိုဘဲ ဖေါ်ပြပေးလိုက်ပါတယ် အသေးစိတ်သိချင်ရင် အောက်က လင့်မှာ ဆက်လက် လေ့လာနိုင်ပါတယ်.. ကျွန်တော် ဒီအချက်အလက် တော်တော်များများကို ဝီကီ ပီးဒီယား ကမှီးပါတယ်..အံ့သြမိတာ တချက်က တောက်လျှောက် သုံးလာတဲ့ သက်တမ်းမှာ အကြောင်းအရာတွေကို ယဌာဘူတ ကျကျ အလည်ကဘဲ သမာသမတ်ကျစွာ ဖေါ်ပြတတ်တဲ့ ဝီကီပီးဒီးယား ဟာဒီတခါတော့ အဆိုးဘက်ကိုသာသာထိုးထိုးလေးရေးပြီး တင်ပြထားတာကိုတွေ့ရလို့ အံ့သြမိပါတယ်..

သူ့ငယ်ငယ်က ပုံတွေဟာ လူချောတယောက်ဖြစ်လို့ ကျွန်တော်က ကလေးတွေခေါ်ပြပြီး ဒီမှာကြည့်စမ်း ထရန့်ငယ်ငယ်က Elvis တို့လိုဘဲ ချောတယ်လို့ပြောတော့ ကလေးတွေက သူဘယ်လောက်ချောချော သူ့ရင်ဘတ်ထဲက ညစ်ပတာတွေက သူ့ရုပ်ချောတာကို ဖုံးသွားတယ်ဆိုပြီး လာတောင် မကြည့်ကြပါဘူး.. ကျွန်တော်တင်ပြရခြင်း အကြောင်းအရင်းက ဒီမိုကရေစီနိုင်ငံကြီးတခုမှာ အခုလို ခက်ထန်တဲ့ အာဏာရှင်ဆန်ဆန် သမ္မတတယောက် ဘယ်လိုမွေးဖွား လာရသလည်းနဲ့ အခုလို အားသာတဲ့ အချက်နဲ့ အားနဲတဲ့ အချက်တွေဟာ ဘယ်အရာေ တွက မြစ်ဖျားခံလည်းဆိုတာ သိကြရင် အဆင်ပြေ ပါပြီ…

လေးစားစွာဖြင့် ခရစ်ဒက်……………ဝင်းဗိုလ်..
2020

Add a Comment

Your email address will not be published. Required fields are marked *

five + 10 =