အစိုးရသစ္ လက္ထက္မွာ မေျပာင္းလဲတဲ့ ပုံစံ အမ်ိဳးမ်ိဳး နဲ႔ ဝန္ေဆာင္မႈ ေပးေနတဲ့ က.ည.န

အစိုးရသစ္လက္ထက္မွာ မေျပာင္းလဲ တဲ့ ပုံစံအမ်ိဳးမ်ိဳး နဲ႔ ျပည္သူကို ဝန္ေဆာင္မႈ ေပးေနတဲ့ က.ည.န…

အခြန္ေတြေတာ့ နည္းလမ္းအမ်ိဳးမ်ိဳး၊ ပုံစံအမ်ိဳးမ်ိဳး နဲ႔ ေကာက္တယ္။ မေပးလို႔ မရေတာ့လဲ ႀကိတ္မွိတ္ေပးၾကရတယ္။ ေပးရတဲ့ အခြန္နဲ႔ ထိုက္တန္တဲ့ ဝန္ေဆာင္မႈမရွိ၊ ေရွ႕ေနာက္မညီတဲ့ ေပၚလစီေတြခ်၊စီမံခန႔္ခြဲမႈက ေသာက္တလြဲ။

ပြဲစားမလိုပါလို႔ စာကပ္ ထားတယ္။ ပြဲစားပါမွ အဆင္ေျပေအာင္ ရႈပ္ေထြးရွည္လ်ားတဲ့ လုပ္ငန္းစဥ္ (Process) အမ်ိဳးမ်ိဳး၊ လုပ္ထုံးလုပ္နည္းမ်ားစြာနဲ႔ စာ႐ြက္စာတမ္းအစုံကို ဟိုေနရာကိုသြားယူ၊ ၿပီးရင္ ဒီေနရာ ျပန္လာ၊ ေဟာေနာက္ၿပီး ဟိုဌာနကို ဘဏ္ပိတ္ခ်ိန္အမွီ ေျပး… ၿပီးရင္ အဲယားကြန္းခန္း ထဲမွာ ေအးေအး လူလူထိုင္ေနတဲ့ ဦးစီးမႉးဆိုသူ ရဲ႕ လက္မွတ္ ကေလးရဖို႔ လူအုပ္ထဲညပ္ပိတ္ေနေအာင္ တန္းစီ… ဆူညံသံေတြၾကား ကိုယ့္နာမည္ေက်ာ္မသြားေအာင္ နားစြင့္ထား၊ ကိုယ့္အလွည့္ေရာက္ရင္ ဖိနပ္ကေလးခြၽတ္ (ဘုန္းႀကီးေက်ာင္းလဲမဟုတ္).. ၿပီး ေက်းဇူးေတာ္ရွင္ အဂၢမဟာပ႑ိတ ဘဒၵႏၲဦးစီးမႉးရဲ႕ လက္မွတ္ေလး တစ္ခ်က္ရဖို႔ မ်က္ႏွာခ်ိဳေသြးၿပီး ေတာင္းရတာ။

ဘာေတြလဲ အဲဒါေတြက… ဘာလို႔ မေျပာင္းေသးတာလဲ… ျပည္သူ႔ဝန္ထမ္းဆိုတာ ျပည္သူ႔ဝန္ ထမ္းရတဲ့ ျပည္သူ႔ ကြၽန္သာျဖစ္တယ္။ သခင္မဟုတ္ဘူး။

ႀကိဳးနီစနစ္ကို တိုက္ဖ်က္ရမယ့္အစား ရွင္သန္ႀကီး ထြားေအာင္ လုပ္ေဆာင္ေန တဲ့၊ ႏွစ္ၿခိဳက္စြာ ဖက္တြယ္ေနတဲ့၊ ကညနဆိုတဲ့ ဌာနေရ… `ေျပာင္းလဲခ်ိန္ တန္ပါၿပီကြာ..

crd : blacker

unicode

အစိုးရသစ် လက်ထက်မှာ မပြောင်းလဲတဲ့ ပုံစံ အမျိုးမျိုး နဲ့ ဝန်ဆောင်မှု ပေးနေတဲ့ က.ည.န

အစိုးရသစ်လက်ထက်မှာ မပြောင်းလဲ တဲ့ ပုံစံအမျိုးမျိုး နဲ့ ပြည်သူကို ဝန်ဆောင်မှု ပေးနေတဲ့ က.ည.န…

အခွန်တွေတော့ နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုး နဲ့ ကောက်တယ်။ မပေးလို့ မရတော့လဲ ကြိတ်မှိတ်ပေးကြရတယ်။ ပေးရတဲ့ အခွန်နဲ့ ထိုက်တန်တဲ့ ဝန်ဆောင်မှုမရှိ၊ ရှေ့နောက်မညီတဲ့ ပေါ်လစီတွေချ၊စီမံခန့်ခွဲမှုက သောက်တလွဲ။

ပွဲစားမလိုပါလို့ စာကပ် ထားတယ်။ ပွဲစားပါမှ အဆင်ပြေအောင် ရှုပ်ထွေးရှည်လျားတဲ့ လုပ်ငန်းစဉ် (Process) အမျိုးမျိုး၊ လုပ်ထုံးလုပ်နည်းများစွာနဲ့ စာရွက်စာတမ်းအစုံကို ဟိုနေရာကိုသွားယူ၊ ပြီးရင် ဒီနေရာ ပြန်လာ၊ ဟောနောက်ပြီး ဟိုဌာနကို ဘဏ်ပိတ်ချိန်အမှီ ပြေး… ပြီးရင် အဲယားကွန်းခန်း ထဲမှာ အေးအေး လူလူထိုင်နေတဲ့ ဦးစီးမှူးဆိုသူ ရဲ့ လက်မှတ် ကလေးရဖို့ လူအုပ်ထဲညပ်ပိတ်နေအောင် တန်းစီ… ဆူညံသံတွေကြား ကိုယ့်နာမည်ကျော်မသွားအောင် နားစွင့်ထား၊ ကိုယ့်အလှည့်ရောက်ရင် ဖိနပ်ကလေးချွတ် (ဘုန်းကြီးကျောင်းလဲမဟုတ်).. ပြီး ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဦးစီးမှူးရဲ့ လက်မှတ်လေး တစ်ချက်ရဖို့ မျက်နှာချိုသွေးပြီး တောင်းရတာ။

ဘာတွေလဲ အဲဒါတွေက… ဘာလို့ မပြောင်းသေးတာလဲ… ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူ့ဝန် ထမ်းရတဲ့ ပြည်သူ့ ကျွန်သာဖြစ်တယ်။ သခင်မဟုတ်ဘူး။

ကြိုးနီစနစ်ကို တိုက်ဖျက်ရမယ့်အစား ရှင်သန်ကြီး ထွားအောင် လုပ်ဆောင်နေ တဲ့၊ နှစ်ခြိုက်စွာ ဖက်တွယ်နေတဲ့၊ ကညနဆိုတဲ့ ဌာနရေ… `ပြောင်းလဲချိန် တန်ပါပြီကွာ..

crd : blacker