တ႐ုတ္-အိႏၵိယ နယ္စပ္ မွာ ျဖစ္သည့္ တိုက္ပြဲ မဟုတ္တဲ့ ရန္ပြဲ ေသဆုံးသူ (၂၀) ဦးထိ ရွိလာ

တ႐ုတ္-အိႏၵိယ နယ္စပ္ မွာ ျဖစ္သည့္ တိုက္ပြဲ မဟုတ္တဲ့ ရန္ပြဲ ေသဆုံးသူ (၂၀) ဦးထိ ရွိလာ

ဇြန္လ ၁၆ ရက္ေန႔မွာ တ႐ုတ္နဲ႔ အိႏၵိယ နယ္စပ္ ရန္ပြဲေၾကာင့္ အိႏၵိယ စစ္သား သုံးေယာက္ ေသဆုံးခဲ့တယ္လို႔ အေစာပိုင္းက ထုတ္ျပန္ခဲ့ေပမယ့္ ဒါဏ္ရာရထားတဲ့ စစ္သား ၁၇ ေယာက္ပါ ထပ္ေသဆုံးခဲ့တဲ့ အတြက္ စုစုေပါင္း ေသဆုံးသူ ၂၀ ရွိလာၿပီလို႔ အိႏၵိယက ထုတ္ျပန္ထားပါတယ္။

တ႐ုတ္ဘက္မွာလည္း ထိခိုက္ေသဆုံးမႈ ရွိတယ္လို႔ အိႏၵိယ က ေျပာေပမယ့္ တ႐ုတ္ကေတာ့ ဘာမွ တရားဝင္ ထုတ္ျပန္တာ မရွိေသးပါဘူး။

တ႐ုတ္ေျပာခြင့္ရ ပုဂၢိဳလ္ကေတာ့ အိႏၵိယ နယ္ျခားေစာင့္ တပ္ေတြဟာ တ႐ုတ္နယ္ေျမထဲကို တနလၤာေန႔က ႏွစ္ႀကိမ္တိုင္ ဝင္လာၿပီး အူယားစရာ ျဖစ္ေအာင္ ရန္စတဲ့ အျပင္ တ႐ုတ္စစ္သည္ေတြကို တိုက္ခိုက္ လာတာေၾကာင့္ နယ္စပ္ရန္ ပြဲျဖစ္တာလို႔ ဆိုပါတယ္။

ဒီျဖစ္စဥ္မွာလည္း တစ္ဖက္နဲ႔ တစ္ဖက္ ေသနတ္ပစ္ခတ္ ျခင္း မရွိပဲ ေက်ာက္တုန္းေတြနဲ႔ ပစ္ေပါက္တာေတြ ဒုတ္ေတြနဲ႔ ႐ိုက္နက္တာေတြေၾကာင့္ ေသဆုံး ဒါဏ္ရာ ရၾကတာ ျဖစ္တယ္ လို႔ဆိုပါတယ္။ ေထာင္နဲ႔ခ်ီတဲ့ စစ္သားေတြ၊ တင့္ကားေတြ၊ သံခ်ပ္ကာကားေတြနဲ႔ ၂ ႏိုင္ငံလုံးက နယ္စပ္မွာ ေခါင္းခ်င္းဆိုင္ေနၾကတာပါ။ တပ္ဖြဲ႕ ၂ ခုၾကား အကြာအေဝးက ကိုက္ အနည္းငယ္ပဲ ေဝးပါတယ္။

တ႐ုတ္အစိုးရကေတာ့ သတင္းစာရွင္းလင္းပြဲလုပ္ပီး ေျဖရွင္းေနေပမယ့္ အိႏၵိယဘက္ က တရားဝင္ သတင္းစာရွင္းပြဲ ျပဳလုပ္ျခင္းမရွိေသးပါဘူး။ ၂ ဖက္ စစ္ဖက္ အရာရွိေတြ အစည္းအေဝးအၿပီးမွာေတာ့ မ်က္ႏွာခ်င္းဆိုင္ထားတဲ့ ၂ ႏိုင္ငံတပ္ေတြ ျပန္ဆုတ္သြားၾကပီလို႔ ေနာက္ဆုံးသိရပါတယ္။

တ႐ုတ္ နဲ႔ အိႏၵိယ ႏွစ္ႏိုင္ငံၾကား မွာ က်ည္ေပါက္သည္အထိ ျပႆနာ မျဖစ္တာ ႏွစ္ေလးဆယ္ ေက်ာ္ ၾကာခဲ့ၿပီ ျဖစ္ၿပီး ျဖစ္တယ္လို႔ သိရပါတယ္။ သူတို႔ ၂ ႏိုင္ငံ ေနာက္ဆုံး ျပသနာျဖစ္ခဲ့တာက ၁၉၇၅ မွာျဖစ္ပီး အဲဒီေနရာမွာပဲျဖစ္ပါတယ္။ အဆိုပါတိုက္ပြဲတုန္းက အိႏၵိယစစ္သား ၄ ဦး ေသဆုံးခဲ့ပါတယ္။

ေနာက္ထပ္ အိႏၵိယနဲ႔ တ႐ုတ္နယ္ေျမထိစပ္ေနတဲ့ေနရာ ကေတာ့ ျမန္မာႏိုင္ငံ ရဲ႕ ထိပ္ဆုံးက ကခ်င္ျပည္နားမွာ ျဖစ္ပါတယ္။

(ရန္ပြဲျဖစ္သည့္ေနရာသည္ ပုံ၏ ဘယ္ဘက္အစြန္နား အနီကြင္းျဖင့္ဝိုင္းထားေသာေနရာျဖစ္သည္။)

unicode

တရုတ်-အိန္ဒိယ နယ်စပ် မှာ ဖြစ်သည့် တိုက်ပွဲ မဟုတ်တဲ့ ရန်ပွဲ သေဆုံးသူ (၂၀) ဦးထိ ရှိလာ

ဇွန်လ ၁၆ ရက်နေ့မှာ တရုတ်နဲ့ အိန္ဒိယ နယ်စပ် ရန်ပွဲကြောင့် အိန္ဒိယ စစ်သား သုံးယောက် သေဆုံးခဲ့တယ်လို့ အစောပိုင်းက ထုတ်ပြန်ခဲ့ပေမယ့် ဒါဏ်ရာရထားတဲ့ စစ်သား ၁၇ ယောက်ပါ ထပ်သေဆုံးခဲ့တဲ့ အတွက် စုစုပေါင်း သေဆုံးသူ ၂၀ ရှိလာပြီလို့ အိန္ဒိယက ထုတ်ပြန်ထားပါတယ်။

တရုတ်ဘက်မှာလည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ အိန္ဒိယ က ပြောပေမယ့် တရုတ်ကတော့ ဘာမှ တရားဝင် ထုတ်ပြန်တာ မရှိသေးပါဘူး။

တရုတ်ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ အိန္ဒိယ နယ်ခြားစောင့် တပ်တွေဟာ တရုတ်နယ်မြေထဲကို တနင်္လာနေ့က နှစ်ကြိမ်တိုင် ဝင်လာပြီး အူယားစရာ ဖြစ်အောင် ရန်စတဲ့ အပြင် တရုတ်စစ်သည်တွေကို တိုက်ခိုက် လာတာကြောင့် နယ်စပ်ရန် ပွဲဖြစ်တာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်မှာလည်း တစ်ဖက်နဲ့ တစ်ဖက် သေနတ်ပစ်ခတ် ခြင်း မရှိပဲ ကျောက်တုန်းတွေနဲ့ ပစ်ပေါက်တာတွေ ဒုတ်တွေနဲ့ ရိုက်နက်တာတွေကြောင့် သေဆုံး ဒါဏ်ရာ ရကြတာ ဖြစ်တယ် လို့ဆိုပါတယ်။ ထောင်နဲ့ချီတဲ့ စစ်သားတွေ၊ တင့်ကားတွေ၊ သံချပ်ကာကားတွေနဲ့ ၂ နိုင်ငံလုံးက နယ်စပ်မှာ ခေါင်းချင်းဆိုင်နေကြတာပါ။ တပ်ဖွဲ့ ၂ ခုကြား အကွာအဝေးက ကိုက် အနည်းငယ်ပဲ ဝေးပါတယ်။

တရုတ်အစိုးရကတော့ သတင်းစာရှင်းလင်းပွဲလုပ်ပီး ဖြေရှင်းနေပေမယ့် အိန္ဒိယဘက် က တရားဝင် သတင်းစာရှင်းပွဲ ပြုလုပ်ခြင်းမရှိသေးပါဘူး။ ၂ ဖက် စစ်ဖက် အရာရှိတွေ အစည်းအဝေးအပြီးမှာတော့ မျက်နှာချင်းဆိုင်ထားတဲ့ ၂ နိုင်ငံတပ်တွေ ပြန်ဆုတ်သွားကြပီလို့ နောက်ဆုံးသိရပါတယ်။

တရုတ် နဲ့ အိန္ဒိယ နှစ်နိုင်ငံကြား မှာ ကျည်ပေါက်သည်အထိ ပြဿနာ မဖြစ်တာ နှစ်လေးဆယ် ကျော် ကြာခဲ့ပြီ ဖြစ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ ၂ နိုင်ငံ နောက်ဆုံး ပြသနာဖြစ်ခဲ့တာက ၁၉၇၅ မှာဖြစ်ပီး အဲဒီနေရာမှာပဲဖြစ်ပါတယ်။ အဆိုပါတိုက်ပွဲတုန်းက အိန္ဒိယစစ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။

နောက်ထပ် အိန္ဒိယနဲ့ တရုတ်နယ်မြေထိစပ်နေတဲ့နေရာ ကတော့ မြန်မာနိုင်ငံ ရဲ့ ထိပ်ဆုံးက ကချင်ပြည်နားမှာ ဖြစ်ပါတယ်။

(ရန်ပွဲဖြစ်သည့်နေရာသည် ပုံ၏ ဘယ်ဘက်အစွန်နား အနီကွင်းဖြင့်ဝိုင်းထားသောနေရာဖြစ်သည်။)

Add a Comment

Your email address will not be published. Required fields are marked *

20 + 4 =