Konay Konay
unicode
17.6.2020 နံနက် 3 နာရီခန့်အချိန် မင်းသားကြီး ခရီသည်တင်ယာဉ် ဂုတ်တွင်းတွင် တိမ်းမှောက်မှု ကနဦးသတင်း
မကွေးဘက်မှ လားရှိုးဘက်သို့ခရီးသည်များ တင်ဆောင် မောင်းနှင်လာသည့် မင်းသားကြီးခရီးသည်တင် expressယာဉ်သည် ယနေန့နံနက်၃နာရီကျော်အချိန်ခန့်က ဂုတ်တွင်းကုလားမကွေ့နေရာ အရောက်၌ အောက်ထပ်သို့ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းသိရပါသည်။
ကနဦး သုံးသပ်ချက်အရယာဉ်ဘရိတ်ပေါက်ခြင်းဟု ယူဆရပြီး ယာဉ်မောင်းကထိန်းမရတော့ကြောင်းခရီးသည်များကို အော်ဟစ်အသိပေးခဲ့သည်ဟုစုံစမ်းကြားသိရပါသည်။
၎င်းဖြစ်စဉ်၌ ယာဉ်မောင်း အပါအဝင် -ကျား ၂ဦးသေဆုံးပြီး ကျား ၁၁ မ၅ဦးဒဏ်ရာရရှိကြောင်းကနဦးသတင်းများ အရသိရှိရပါသည်။
နောင်ချိုမှ စေတနာမွန် လူမှုကူညီရေး၊ ဖြူစင်မေတ္တာလူမှုကူညီရေး၊ နောင်ပိန်ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းများ၊ နောင်ချိုပရဟိတအဖွဲ့သားများ၊ နောင်ချိုမီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့် အခြားသက်ဆိုင်ရာတာဝန်ရှိသူများကကူညီကယ်ဆယ် ရေးလုပ်ငန်းများဆောင်ရွက်ပေးနေ ပါသည်။
ကုလားမကွေ့အပေါ်ထပ်မှ အောက်ထပ်လမ်ပေါ် သို့ပြုတ်ကျခြင်း ဖြစ်၍ကျန်ခရီးသည်များသက်သာခဲ့ရပါသည်။ အောက်ရှိ ချောင်းအတွင်းပြုတ်မကျ၍ တော်ပါသေးသည်။ စိတ်မကောင်းစရာသတင်းဖြစ်ပါသည်။ယာဉ်မောင်းများအားလုံးဂရုစိုက်ကြပါ။
Konay Konay