အိႏၵိယ စစ္သည္ အေယာက္(၂၀) က်ဆုံး ခဲ့တဲ့ တ႐ုတ္-အိႏၵိယ လက္သီးစစ္ပြဲ ျဖစ္စဥ္ အျပည့္အစုံ

အိႏၵိယ စစ္သည္ အေယာက္(၂၀) က်ဆုံး ခဲ့တဲ့ တ႐ုတ္-အိႏၵိယ လက္သီးစစ္ပြဲ ျဖစ္စဥ္ အျပည့္အစုံ

မေန႔ညက ျဖစ္စဥ္က တကယ္ေတာ့ တိုက္ပြဲ မဟုတ္ခဲ့ ပါဘူး။ တ႐ုတ္ျပည္တိဘက္ ေဒသနဲ႔ အိႏၵိယရဲ႕ ကက္ရွ္မီးယားေဒသ ထိစပ္ေန တဲ့ Ladakh ေဒသမွာ ျပသနာျဖစ္ပြားတာပါ။ အဲဒီေနရာမွာ နယ္နမိတ္ အျငင္းပြားမႈနဲ႔ ပတ္သက္ပီး တ႐ုတ္ကေကာ အိႏၵိယကပါ စစ္တပ္ေတြ တိုးပီး ခ်ထားခဲ့တာ တလခန႔္ရွိပါပီ။ ေထာင္နဲ႔ခ်ီ တဲ့ စစ္သားေတြ၊ တင့္ကားေတြ၊ သံခ်ပ္ကာကားေတြနဲ႔ ၂ႏိုင္ငံလုံးက နယ္စပ္ မွာ ေခါင္းခ်င္းဆိုင္ေနၾကတာပါ။ တပ္ဖြဲ႕ ၂ ခုၾကား အကြာအေဝးက ကိုက္အနည္းငယ္ပဲ ေဝးပါတယ္။

မေန႔ညကေတာ့ ဘယ္သူက က်ဴးေက်ာ္လာမွန္းမသိပဲ ၂ ဖက္ အဖြဲ႕ေတြ မ်က္ႏွာခ်င္းဆိုင္ေတြ႕ၾကပီး လက္သီးေတြနဲ႔ထိုး၊ ခဲေတြနဲ႔ပစ္ပီး အျပင္းအထန္ ရန္ျဖစ္ၾကတာပါ။ ေသနတ္ပစ္တာေတာ့ တခ်က္မွ မရွိဘူးလို႔ ၂ႏိုင္ငံလုံးက ေျပာပါတယ္။

အရင္ရက္ပိုင္း ကလဲ ရန္တခါျဖစ္ဖူးပီး မေန႔ည ကေတာ့ အေတာ္ျပင္းထန္ပါတယ္။ ၂ ဖက္စလုံးမွာ ေသေၾကဒဏ္ရာရတာေတြရွိတယ္လို႔ သိရပါတယ္။ အိႏၵိယဘက္ကေတာ့ အေယာက္ ၂၀ က်ဆုံးေၾကာင္း ေျပာထားပီးေတာ့ တ႐ုတ္ဘက္ကေတာ့ အေသအေပ်ာက္စာရင္း မေၾကညာ ေသးပါဘူး။

တ႐ုတ္အစိုးရကေတာ့ သတင္းစာ ရွင္းလင္းပြဲလုပ္ပီး ေျဖရွင္းေနေပမယ့္ အိႏၵိယဘက္က တရားဝင္ သတင္းစာရွင္းပြဲ ျပဳလုပ္ျခင္း မရွိေသးပါဘူး။ ၂ ဖက္ စစ္ဖက္ အရာရွိေတြ အစည္းအေဝးအၿပီးမွာေတာ့ မ်က္ႏွာခ်င္းဆိုင္ထားတဲ့ ၂ ႏိုင္ငံတပ္ေတြ ျပန္ဆုတ္သြားၾကပီလို႔ ေနာက္ဆုံး သိရပါတယ္။ သူတို႔ ၂ ႏိုင္ငံ ေနာက္ဆုံး ျပသနာျဖစ္ခဲ့တာက ၁၉၇၅ မွာျဖစ္ပီး အဲဒီေနရာမွာပဲ ျဖစ္ပါတယ္။ အဆိုပါ တိုက္ပြဲတုန္းက အိႏၵိယ စစ္သား ၄ဦး ေသဆုံးခဲ့ပါတယ္။

ေနာက္ထပ္ အိႏၵိယ နဲ႔ တ႐ုတ္နယ္ေျမ ထိစပ္ေနတဲ့ေနရာကေတာ့ ျမန္မာႏိုင္ငံ ရဲ႕ ထိပ္ဆုံးက ကခ်င္ျပည္နားမွာ ျဖစ္ပါတယ္။ (ရန္ပြဲျဖစ္သည့္ေနရာသည္ ပုံ၏ဘယ္ဘက္ အစြန္နား အနီကြင္းျဖင့္ဝိုင္းထားေသာ ေနရာျဖစ္သည္။)

Nay Thway

unicode

အိန္ဒိယ စစ်သည် အယောက်(၂၀) ကျဆုံး ခဲ့တဲ့ တရုတ်-အိန္ဒိယ လက်သီးစစ်ပွဲ ဖြစ်စဉ် အပြည့်အစုံ

မနေ့ညက ဖြစ်စဉ်က တကယ်တော့ တိုက်ပွဲ မဟုတ်ခဲ့ ပါဘူး။ တရုတ်ပြည်တိဘက် ဒေသနဲ့ အိန္ဒိယရဲ့ ကက်ရှ်မီးယားဒေသ ထိစပ်နေ တဲ့ Ladakh ဒေသမှာ ပြသနာဖြစ်ပွားတာပါ။ အဲဒီနေရာမှာ နယ်နမိတ် အငြင်းပွားမှုနဲ့ ပတ်သက်ပီး တရုတ်ကကော အိန္ဒိယကပါ စစ်တပ်တွေ တိုးပီး ချထားခဲ့တာ တလခန့်ရှိပါပီ။ ထောင်နဲ့ချီ တဲ့ စစ်သားတွေ၊ တင့်ကားတွေ၊ သံချပ်ကာကားတွေနဲ့ ၂နိုင်ငံလုံးက နယ်စပ် မှာ ခေါင်းချင်းဆိုင်နေကြတာပါ။ တပ်ဖွဲ့ ၂ ခုကြား အကွာအဝေးက ကိုက်အနည်းငယ်ပဲ ဝေးပါတယ်။

မနေ့ညကတော့ ဘယ်သူက ကျူးကျော်လာမှန်းမသိပဲ ၂ ဖက် အဖွဲ့တွေ မျက်နှာချင်းဆိုင်တွေ့ကြပီး လက်သီးတွေနဲ့ထိုး၊ ခဲတွေနဲ့ပစ်ပီး အပြင်းအထန် ရန်ဖြစ်ကြတာပါ။ သေနတ်ပစ်တာတော့ တချက်မှ မရှိဘူးလို့ ၂နိုင်ငံလုံးက ပြောပါတယ်။

အရင်ရက်ပိုင်း ကလဲ ရန်တခါဖြစ်ဖူးပီး မနေ့ည ကတော့ အတော်ပြင်းထန်ပါတယ်။ ၂ ဖက်စလုံးမှာ သေကြေဒဏ်ရာရတာတွေရှိတယ်လို့ သိရပါတယ်။ အိန္ဒိယဘက်ကတော့ အယောက် ၂၀ ကျဆုံးကြောင်း ပြောထားပီးတော့ တရုတ်ဘက်ကတော့ အသေအပျောက်စာရင်း မကြေညာ သေးပါဘူး။

တရုတ်အစိုးရကတော့ သတင်းစာ ရှင်းလင်းပွဲလုပ်ပီး ဖြေရှင်းနေပေမယ့် အိန္ဒိယဘက်က တရားဝင် သတင်းစာရှင်းပွဲ ပြုလုပ်ခြင်း မရှိသေးပါဘူး။ ၂ ဖက် စစ်ဖက် အရာရှိတွေ အစည်းအဝေးအပြီးမှာတော့ မျက်နှာချင်းဆိုင်ထားတဲ့ ၂ နိုင်ငံတပ်တွေ ပြန်ဆုတ်သွားကြပီလို့ နောက်ဆုံး သိရပါတယ်။ သူတို့ ၂ နိုင်ငံ နောက်ဆုံး ပြသနာဖြစ်ခဲ့တာက ၁၉၇၅ မှာဖြစ်ပီး အဲဒီနေရာမှာပဲ ဖြစ်ပါတယ်။ အဆိုပါ တိုက်ပွဲတုန်းက အိန္ဒိယ စစ်သား ၄ဦး သေဆုံးခဲ့ပါတယ်။

နောက်ထပ် အိန္ဒိယ နဲ့ တရုတ်နယ်မြေ ထိစပ်နေတဲ့နေရာကတော့ မြန်မာနိုင်ငံ ရဲ့ ထိပ်ဆုံးက ကချင်ပြည်နားမှာ ဖြစ်ပါတယ်။ (ရန်ပွဲဖြစ်သည့်နေရာသည် ပုံ၏ဘယ်ဘက် အစွန်နား အနီကွင်းဖြင့်ဝိုင်းထားသော နေရာဖြစ်သည်။)

Nay Thway

Add a Comment

Your email address will not be published. Required fields are marked *

5 + 5 =