ညအိပ္ယာ ဝင္လွ်င္ ေျခေထာက္ပူ ကုိက္ခဲေနသူမ်ား အတြက္ ကိုယ္ေတြ႕ေဆးနည္း

ညအိပ္ယာ ဝင္လွ်င္ ေျခေထာက္ပူ ကုိက္ခဲေနသူမ်ား အတြက္ ကိုယ္ေတြ႕ေဆးနည္း

ကြ်န္ေတာ့္မွာည အိပ္ယာဝင္ၿပီဆိုရင္ ေတာ္ေတာ္နဲ႔အိပ္မေပ်ာ္ ပါဘူး အထူးသျဖင့္ ကြ်န္ေတာ္႔ေျခေထာက္ကတရုတ္အေမႊးပြေစာင္ဆိုၿခံဳအိပ္လို႔မရဘူး

ေဆာင္းရာသီျဖစ္ေနပါေစ တရုတ္ကလာတဲ႔အေမႊးပြေစာင္ၿခံဳ လိုက္တာနဲ႔ ေျခဖ်ားေတြပူ ကိုက္ခဲလာတာ ေနာက္ဆုံးမေနနိုင္ေတာ့ ေျခေထာက္ကိုေစာင္အျပင္ဘက္ထုတ္ၿပီးအိပ္မွရတယ္

အေပၚပိုင္းဘဲေစာင္ၿခံဳ အိပ္ရတယ္ တစ္ခါတစ္ရံေဆာင္း ရာသီေတာင္မွေျခဖ်ားေတြပူေနလို႔ ေရေအးသြားေလာင္းၿပီးမွအိပ္လို႔ရတယ္

ဒါေတာင္ခနေလးေနရင္ေျခေထာက္အဖ်ားပိုင္းကိုေစာင္အျပင္ ထုတ္အိပ္ရတာဘဲ ေျခေထာက္ဖ်ားကပူလာရင္အိပ္ကိုမရေတာ့ဘူး ဒီလိုျဖစ္လာတာၾကာခဲ႔ပါၿပီဗ်ာ…

ေနာက္ဆုံးတရုတ္ အေမႊးပြေစာင္ျမင္တာနဲ႔ၿခံဳအိပ္ရမွာကိုေၾကာက္ လာပါတယ္

မႏၲေလးလိုပူတဲ႔ေနရာ ကိုခရီးထြက္ရၿပီဆိုရင္ ေစာင္မၿခံဳရေပမဲ႔ ပူတဲ႔ဒါဏ္နဲ႔ေျခဖ်ားေတြပူလာရင္အိပ္ကိုမရေတာ့ဘူး ကိုက္ခဲလာေတာ့တာပါဘဲ

အခုေတာ့တရုတ္ အေမႊးပြေစာင္ၿခံဳလည္း အိပ္လို႔ရလာသလို ကိုက္တာခဲ တာေတြလဲေလ်ာ့သြားပါၿပီ

ဒါဘာေၾကာင့္လဲ ? ? ?

ဘာေဆးနဲ႔ေပ်ာက္တာ လဲေမးရင္ ဟုတ္ကဲ႔ ေျပာျပ ပါ႔မယ္

ေထြေထြထူးထူးလုပ္စရာ မလိုသလို ေငြကုန္လည္းအရမ္း သက္သာတဲ႔နည္းပါ

ညအိပ္ယာမဝင္ခင္ ေရေႏြးပူနဲ႔ေရေအးနဲ႔မွ်တေအာင္စပ္ၿပီး ဇလုံတစ္ခု ထဲထည့္ပါ ေျခဖ်ားျမွပ္ေအာင္ေတာ့ေရထည့္ပါ အဲဒီေရထဲမွာ အိမ္သုံးရိုးရိုးဆားလက္တစ္ဆုပ္စာထည့္ၿပီး ေျခဖ်ားေတြကိုနာရီဝက္ၾကာေအာင္စိမ္ေပးပါ ညစဥ္ညတိုင္းလုပ္ေပးပါ

၄/၅ ရက္ဆားရည္စိပ္ၿပီးတာနဲ႔ကို သိသိသာသာ သက္သာလာပါလိမ္႔မယ္

အခုဆိုတရုတ္အေႏြးေစာင္နဲ႔အိပ္လို႔ရသလို ခါတိုင္းလိုေျခေထာက္ ကိုေစာင္အျပင္ဘက္ထုတ္အိပ္စရာမလိုေတာ့ပါဘူး ကိုက္တာခဲတာေတြလည္းသိသိသာသာသက္သာလာပါၿပီ

အဲဒီအတြက္ေဆးနည္းသိၿပီးလုပ္ေပး ခဲ႔တဲ႔ကြ်န္ေတာ္႔ဇနီးကိုလည္းေက်းဇူး တင္ပါတယ္

ညညေျခဖ်ားေတြပူ ကိုက္ခဲလို႔ အိပ္မရဘူးဆိုတဲ႔သူေတြ လုပ္ၾကည့္ လိုက္ပါ

တစ္ျခားလူမ်ားသိေအာင္လည္း ေဝမွ်ေပးနိုင္ပါတယ္

မဂၤလာထြန္း ( ေက်ာက္မဲ )

ေမတၱာျဖင့္

အိမ္တြင္းေဆးျမီးတိုမ်ားစုစည္းမွဳ႕

Via-Sai Min Thant

unicode

ညအိပ်ယာ ဝင်လျှင် ခြေထောက်ပူ ကိုက်ခဲနေသူများ အတွက် ကိုယ်တွေ့ဆေးနည်း

ကျွန်တော့်မှာည အိပ်ယာဝင်ပြီဆိုရင် တော်တော်နဲ့အိပ်မပျော် ပါဘူး အထူးသဖြင့် ကျွန်တော့်ခြေထောက်ကတရုတ်အမွှေးပွစောင်ဆိုခြုံအိပ်လို့မရဘူး

ဆောင်းရာသီဖြစ်နေပါစေ တရုတ်ကလာတဲ့အမွှေးပွစောင်ခြုံ လိုက်တာနဲ့ ခြေဖျားတွေပူ ကိုက်ခဲလာတာ နောက်ဆုံးမနေနိုင်တော့ ခြေထောက်ကိုစောင်အပြင်ဘက်ထုတ်ပြီးအိပ်မှရတယ်

အပေါ်ပိုင်းဘဲစောင်ခြုံ အိပ်ရတယ် တစ်ခါတစ်ရံဆောင်း ရာသီတောင်မှခြေဖျားတွေပူနေလို့ ရေအေးသွားလောင်းပြီးမှအိပ်လို့ရတယ်

ဒါတောင်ခနလေးနေရင်ခြေထောက်အဖျားပိုင်းကိုစောင်အပြင် ထုတ်အိပ်ရတာဘဲ ခြေထောက်ဖျားကပူလာရင်အိပ်ကိုမရတော့ဘူး ဒီလိုဖြစ်လာတာကြာခဲ့ပါပြီဗျာ…

နောက်ဆုံးတရုတ် အမွှေးပွစောင်မြင်တာနဲ့ခြုံအိပ်ရမှာကိုကြောက် လာပါတယ်

မန္တလေးလိုပူတဲ့နေရာ ကိုခရီးထွက်ရပြီဆိုရင် စောင်မခြုံရပေမဲ့ ပူတဲ့ဒါဏ်နဲ့ခြေဖျားတွေပူလာရင်အိပ်ကိုမရတော့ဘူး ကိုက်ခဲလာတော့တာပါဘဲ

အခုတော့တရုတ် အမွှေးပွစောင်ခြုံလည်း အိပ်လို့ရလာသလို ကိုက်တာခဲ တာတွေလဲလျော့သွားပါပြီ

ဒါဘာကြောင့်လဲ ? ? ?

ဘာဆေးနဲ့ပျောက်တာ လဲမေးရင် ဟုတ်ကဲ့ ပြောပြ ပါ့မယ်

ထွေထွေထူးထူးလုပ်စရာ မလိုသလို ငွေကုန်လည်းအရမ်း သက်သာတဲ့နည်းပါ

ညအိပ်ယာမဝင်ခင် ရေနွေးပူနဲ့ရေအေးနဲ့မျှတအောင်စပ်ပြီး ဇလုံတစ်ခု ထဲထည့်ပါ ခြေဖျားမြှပ်အောင်တော့ရေထည့်ပါ အဲဒီရေထဲမှာ အိမ်သုံးရိုးရိုးဆားလက်တစ်ဆုပ်စာထည့်ပြီး ခြေဖျားတွေကိုနာရီဝက်ကြာအောင်စိမ်ပေးပါ ညစဉ်ညတိုင်းလုပ်ပေးပါ

၄/၅ ရက်ဆားရည်စိပ်ပြီးတာနဲ့ကို သိသိသာသာ သက်သာလာပါလိမ့်မယ်

အခုဆိုတရုတ်အနွေးစောင်နဲ့အိပ်လို့ရသလို ခါတိုင်းလိုခြေထောက် ကိုစောင်အပြင်ဘက်ထုတ်အိပ်စရာမလိုတော့ပါဘူး ကိုက်တာခဲတာတွေလည်းသိသိသာသာသက်သာလာပါပြီ

အဲဒီအတွက်ဆေးနည်းသိပြီးလုပ်ပေး ခဲ့တဲ့ကျွန်တော့်ဇနီးကိုလည်းကျေးဇူး တင်ပါတယ်

ညညခြေဖျားတွေပူ ကိုက်ခဲလို့ အိပ်မရဘူးဆိုတဲ့သူတွေ လုပ်ကြည့် လိုက်ပါ

တစ်ခြားလူများသိအောင်လည်း ဝေမျှပေးနိုင်ပါတယ်

မင်္ဂလာထွန်း ( ကျောက်မဲ )

မေတ္တာဖြင့်

အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့

Via-Sai Min Thant

Add a Comment

Your email address will not be published. Required fields are marked *

4 × 3 =