Covid ကာလ မေလးရွားက ျမန္မာအလုပ္လက္မဲ့မ်ား မိမိကိုယ္ကို အဆုံးစီရင္မူေတြျဖစ္လာ

Covid ကာလ မေလးရွားက ျမန္မာအလုပ္လက္မဲ့မ်ား မိမိကိုယ္ကို အဆုံးစီရင္မူေတြျဖစ္လာ

Covid19ကပ္ေရာဂါျဖစ္ၿပီးေနာက္ဆက္တြဲအေနနဲ႔ ျပည္ပႏိုင္ငံေတြမွာအလုပ္လုပ္ကိုင္ေနတဲ့ျမန္မာႏိုင္ငံသားမ်ား အလုပ္လက္မဲ့ေတြျဖစ္လာတာေၾကာင့္ ေနထိုင္ စားေသာက္ေရးေတြ ခက္ခဲလာေနပါတယ္။ အလုပ္လက္မဲ့ျဖစ္ရတဲ့အထဲ ေနရပ္ျပန္ဖို႔ကလည္း တရားမဝင္အလုပ္သမားေတြျဖစ္တာ ေၾကာင့္ေနရပ္ျပန္လို႔ မရတဲ့အေျခအေန မွာ စိတ္ဓါတ္က်ၿပီးထြက္ေပါက္မရွိသလိုျဖစ္လာၾကၿပီး မိမိကိုယ္ကိုယ္အဆုံးစီရင္မူေတြဟာ မေလးရွားႏိုင္ငံမွာဒီရက္ထဲ ဆက္တိုက္ခပ္စိတ္စိတ္ျဖစ္ပြားလာပါတယ္ ။ဒါဟာစိုးရိမ္စရာပါ ။မေလးရွားႏိုင္ငံလူမူေရးအသင္းတခုလည္းျဖစ္ ကပုန္းနာေရးကူညီမူအသင္းဥကၠဌ ဦးစန္းဝင္း ကေတာ့ မိမိကိုယ္ကိုအဆုံးစီရင္တဲ့သူေတြဟာ ဒီရက္ပိုင္းမွာပဲ လူ ၃ ဦးရွိတယ္လို႔ ဆိုပါတယ္။

၁။ေမလကုန္မွာ ပဲရပ္ျပည္နယ္အီပို႔ၿမိဳ႕မွာ မိမိကိုယ္ကို အဆုံးစီရင္ေသဆုံးသူတဦး ကိုေက်ာ္ထက္ဦး(အသက္ ၄၂ႏွစ္)

၂။ (၁၃-၆-၂၀)မွာစလန္ေကာျပည္နယ္ ရာဝမ္းၿမိဳ႕မွာ ေန ထိုင္ေနသူ တဦးျဖစ္တဲ့ ျမန္မာႏိုင္ငံမေကြးတိုင္း ေတာင္တြင္းႀကီးၿမိဳ႕ က်ီးေအာင္ေက်း႐ြာသားျဖစ္တဲ့ ကိုေက်ာ္စြာဝင္း (အသက္၃၀ ႏွစ္)

၃။(၁၆-၆-၂၀)မွာေတာ့ ကြာလာလမ္ပူၿမိဳ႕ က SUNGAI BESI အရပ္က Apartment မွာေနထိုင္ေန တဲ့ ဧရာဝတီတိုင္း ေျမာင္းျမၿမိဳ႕က မေအးသႏၲာဦး (အသက္၃၅ႏွစ္) ဟာ မိမိကိုယ္ကို အဆုံးစီရင္ၿပီး ေသဆုံးသြားခဲ့ပါတယ္ ။

ဒါကေတာ့ တရားမဝင္ ေနထိုင္ေနၾကရတဲ့ျမန္မာေ႐ႊေျပာင္း အလုပ္သမားေတြ ကိုဗစ္၁၉ ကာလမွာ အလုပ္လက္မဲ့ျဖစ္ၿပီး ေနထိုင္ရပ္တည္ႏိုင္စြမ္းမရွိေတာ့တဲ့ကာလမွာ ေနရပ္ျပန္ႏိုင္ေရးအတြက္ သက္ဆိုင္ရာတာဝန္ရွိသူေတြက အတတ္ႏိုင္ဆုံး ႀကိဳးပမ္းေဆာင္႐ြက္ေပးဖို႔ ေမတၱာရပ္ခံအပ္ပါတယ္။မေလးရွားႏိုင္ငံကို ေရာက္ေနသူေတြက ျပန္ဖို႔အတြက္အခက္အခဲေတြ ရွိေနၾကပါတယ္။ မေလးရွားႏိုင္ငံမွာလည္းနယ္စပ္ေတြလည္း ဒီႏွစ္ကုန္ေလာက္ထိ ပိတ္ထားမယ္လို႔လည္း ကုန္သည္သတင္းရပ္ကြက္ေတြကေျပာပါတယ္ ။

အရင္တုန္းကေတာ့ ေနရပ္ျပန္ခ်င္သူေတြဟာ ပြဲစားေတြကို သုံးတာမ်ိဳး လဝကမွာအဖမ္းခံတာမ်ိဳး လုပ္ၿပီး ထိုင္းမေလးနယ္စပ္လမ္း ကေန တဆင့္ မဲေဆာက္ျမဝတီလမ္းကေန ျပန္ၾကသူေတြလည္းရွိပါတယ္။ အခုအခါမွာေတာ့ ထိုင္းမေလးနယ္စပ္လမ္း ကလည္း Covid 19 ကာလမွာ ပိတ္ဆို႔ထားမူေတြေၾကာင့္ေနရပ္ျပန္ဖို႔ခက္ခဲေနပါတယ္။

Credit SAW

unicode

Covid ကာလ မလေးရှားက မြန်မာအလုပ်လက်မဲ့များ မိမိကိုယ်ကို အဆုံးစီရင်မူတွေဖြစ်လာ

Covid19ကပ်ရောဂါဖြစ်ပြီးနောက်ဆက်တွဲအနေနဲ့ ပြည်ပနိုင်ငံတွေမှာအလုပ်လုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသားများ အလုပ်လက်မဲ့တွေဖြစ်လာတာကြောင့် နေထိုင် စားသောက်ရေးတွေ ခက်ခဲလာနေပါတယ်။ အလုပ်လက်မဲ့ဖြစ်ရတဲ့အထဲ နေရပ်ပြန်ဖို့ကလည်း တရားမဝင်အလုပ်သမားတွေဖြစ်တာ ကြောင့်နေရပ်ပြန်လို့ မရတဲ့အခြေအနေ မှာ စိတ်ဓါတ်ကျပြီးထွက်ပေါက်မရှိသလိုဖြစ်လာကြပြီး မိမိကိုယ်ကိုယ်အဆုံးစီရင်မူတွေဟာ မလေးရှားနိုင်ငံမှာဒီရက်ထဲ ဆက်တိုက်ခပ်စိတ်စိတ်ဖြစ်ပွားလာပါတယ် ။ဒါဟာစိုးရိမ်စရာပါ ။မလေးရှားနိုင်ငံလူမူရေးအသင်းတခုလည်းဖြစ် ကပုန်းနာရေးကူညီမူအသင်းဥက္ကဌ ဦးစန်းဝင်း ကတော့ မိမိကိုယ်ကိုအဆုံးစီရင်တဲ့သူတွေဟာ ဒီရက်ပိုင်းမှာပဲ လူ ၃ ဦးရှိတယ်လို့ ဆိုပါတယ်။

၁။မေလကုန်မှာ ပဲရပ်ပြည်နယ်အီပို့မြို့မှာ မိမိကိုယ်ကို အဆုံးစီရင်သေဆုံးသူတဦး ကိုကျော်ထက်ဦး(အသက် ၄၂နှစ်)

၂။ (၁၃-၆-၂၀)မှာစလန်ကောပြည်နယ် ရာဝမ်းမြို့မှာ နေ ထိုင်နေသူ တဦးဖြစ်တဲ့ မြန်မာနိုင်ငံမကွေးတိုင်း တောင်တွင်းကြီးမြို့ ကျီးအောင်ကျေးရွာသားဖြစ်တဲ့ ကိုကျော်စွာဝင်း (အသက်၃၀ နှစ်)

၃။(၁၆-၆-၂၀)မှာတော့ ကွာလာလမ်ပူမြို့ က SUNGAI BESI အရပ်က Apartment မှာနေထိုင်နေ တဲ့ ဧရာဝတီတိုင်း မြောင်းမြမြို့က မအေးသန္တာဦး (အသက်၃၅နှစ်) ဟာ မိမိကိုယ်ကို အဆုံးစီရင်ပြီး သေဆုံးသွားခဲ့ပါတယ် ။

ဒါကတော့ တရားမဝင် နေထိုင်နေကြရတဲ့မြန်မာရွှေပြောင်း အလုပ်သမားတွေ ကိုဗစ်၁၉ ကာလမှာ အလုပ်လက်မဲ့ဖြစ်ပြီး နေထိုင်ရပ်တည်နိုင်စွမ်းမရှိတော့တဲ့ကာလမှာ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။မလေးရှားနိုင်ငံကို ရောက်နေသူတွေက ပြန်ဖို့အတွက်အခက်အခဲတွေ ရှိနေကြပါတယ်။ မလေးရှားနိုင်ငံမှာလည်းနယ်စပ်တွေလည်း ဒီနှစ်ကုန်လောက်ထိ ပိတ်ထားမယ်လို့လည်း ကုန်သည်သတင်းရပ်ကွက်တွေကပြောပါတယ် ။

အရင်တုန်းကတော့ နေရပ်ပြန်ချင်သူတွေဟာ ပွဲစားတွေကို သုံးတာမျိုး လဝကမှာအဖမ်းခံတာမျိုး လုပ်ပြီး ထိုင်းမလေးနယ်စပ်လမ်း ကနေ တဆင့် မဲဆောက်မြဝတီလမ်းကနေ ပြန်ကြသူတွေလည်းရှိပါတယ်။ အခုအခါမှာတော့ ထိုင်းမလေးနယ်စပ်လမ်း ကလည်း Covid 19 ကာလမှာ ပိတ်ဆို့ထားမူတွေကြောင့်နေရပ်ပြန်ဖို့ခက်ခဲနေပါတယ်။

Credit SAW

Add a Comment

Your email address will not be published. Required fields are marked *

5 × five =