ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါ ကူးစက္-ေသဆုံးဦးေရ အျမင့္ဆုံး အေရအတြက္ ျဖစ္လာၿပီး အနီေရာင္ ဇုန္သတ္မွတ္မႈ ထပ္မံ တိုးခ်ဲ႕လိုက္ရတဲ့ ဘဂၤလားေဒ့ရ္

ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါ ကူးစက္-ေသဆုံးဦးေရ အျမင့္ဆုံး အေရအတြက္ ျဖစ္လာၿပီး အနီေရာင္ ဇုန္သတ္မွတ္မႈ ထပ္မံ တိုးခ်ဲ႕လိုက္ရတဲ့ ဘဂၤလားေဒ့ရ္

( ဇြန္ – ၁၆၊ ၂၀၂၀ ) ဘဂၤလားဒက္ရွ္တြင္ ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါ ကူးစက္-ေသဆုံးဦးေရ အျမင့္ဆုံးအေရအတြက္ ျဖစ္လာ။ ၃,၈၆၂-ဦးထပ္မံေတြ႕ရွိ၊ ၅၃-ဦးေသဆုံး၊ Lock down ၂၁-ရက္သို႔ တိုးျမႇင့္၊ အနီေရာင္ဇုန္သတ္မွတ္မႈ ထပ္မံတိုးခ်ဲ႕၍ ဘဂၤလားဒက္ရွ္တပ္မေတာ္သားမ်ား ကင္းလွည့္ ေစာင့္ၾကပ္မႈ အရွိန္ျမႇင့္

ကို႐ိုနာ ဗိုင္းရပ္စ္ေရာဂါကပ္ က်ေရာက္လွ်က္ ရွိေသာ ဘဂၤလားဒက္ရွ္ႏိုင္ငံတြင္ ေရာဂါပိုးကူးစက္လွ်က္ရွိသူ ၃,၈၆၂-ဦးကို ၂၄-နာရီအတြင္း ထပ္မံေတြ႕ရွိျခင္းျဖင့္ စုစုေပါင္း ကူးစက္ခံရသူ ၉၄,၄၈၁-ဦး ျဖစ္လာေၾကာင္း၊ အလားတူပင္ ေသဆုံးမႈမွာလည္း ၅၄-ဦးျဖစ္သျဖင့္ ၁-ရက္အတြင္း အမ်ားဆုံးအေရအတြက္ျဖစ္ လာသည္ဟု Dhaka Tribune က ယေန႔ေရးသားသည္။

ႏိုင္ငံတစ္ဝွမ္း ကူးစက္ေရာဂါ ျပန႔္ပြားမႈ ျပင္းထန္ လာသည့္အတြက္ Red Zone အနီေရာင္ဇုန္ သတ္မွတ္ထားေသာဧရိယာမ်ားတြင္ လူအမ်ားသြားလာလႈပ္ရွားၾကရာတြင္ ေရာဂါကူးစက္မႈဟန႔္တားေရးအတြက္ အစိုးရျပ႒ာန္းထားသည့္အတိုင္း လိုက္နာၾကေစရန္ ဘဂၤလားဒက္ရွ္တပ္မေတာ္က ကင္းလွည့္မႈ ေစာင့္ၾကပ္မႈကို တိုးျမႇင့္ထားေၾကာင္း သိရွိရသည္။

အသက္ေဘးထိခိုက္ေစႏိုင္ေသာ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈကို တားဆီးရန္ အတြက္ ဒါကာၿမိဳ႕ေတာ္ ေျမာက္ပိုင္းႏွင့္ေတာင္ပိုင္းမွ ဧရိယာ ၄၅-ခုအား အနီေရာင္ဇုန္သတ္မွတ္ထားေၾကာင္း၊ Lock dwon တားဆီးပိတ္ဆို႔ျခင္းမ်ားကို စမ္းသပ္မႈအေနျဖင့္ ဧရိယာတစ္ခုမွစတင္ကာ တျဖည္းျဖည္း ဆက္လက္ ေဆာင္႐ြက္သြားမည္ဆို၏။

တနလၤာေန႔ အာဏာပိုင္မ်ား၏ သတင္းထုတ္ျပန္ခ်က္ အရ အနီေရာင္ဇုန္အျဖစ္သတ္မွတ္ခံရသည့္ဧရိယာမ်ားရွိ အစိုးရ႐ုံးမ်ားႏွင့္ စီးပြားေရးလုပ္ငန္းမ်ားအားလုံးကို ဆက္လက္ပိတ္ထားမည္ျဖစ္ၿပီး အဝါေရာင္ႏွင့္အစိမ္းေရာင္ဇုန္မ်ားရွိ အစိုးရ႐ုံးမ်ားကိုမူ အကန႔္အသတ္ျဖင့္သာ ဖြင့္လွစ္ထားမည္ျဖစ္ေၾကာင္း သိရွိ ရသည္။

ထို႔အျပင္လူအမ်ား သြားလာလႈပ္ရွားမႈ ကန႔္သတ္ျခင္းမ်ားကို ဇြန္လ ၃၀-ရက္ေန႔အထိ ၂၁-ရက္ၾကာ ဆက္လက္ျပ႒ာန္းထားမည္ျဖစ္ၿပီး ေဒသႏၲရအုပ္ခ်ဳပ္ေရးႏွင့္ တရားဥပေဒစိုးမိုးေရးေအဂ်င္စီမ်ားအား ဘဂၤလားဒက္ရွ္တပ္မေတာ္သားမ်ားက ကူညီေဆာင္႐ြက္ ေပးမည္ျဖစ္သည္။

ေလးစားမႈျဖင့္ ခရစ္ဒက္ Oung Marine

unicode

ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်-သေဆုံးဦးရေ အမြင့်ဆုံး အရေအတွက် ဖြစ်လာပြီး အနီရောင် ဇုန်သတ်မှတ်မှု ထပ်မံ တိုးချဲ့လိုက်ရတဲ့ ဘင်္ဂလားဒေ့ရ်

( ဇွန် – ၁၆၊ ၂၀၂၀ ) ဘင်္ဂလားဒက်ရှ်တွင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကူးစက်-သေဆုံးဦးရေ အမြင့်ဆုံးအရေအတွက် ဖြစ်လာ။ ၃,၈၆၂-ဦးထပ်မံတွေ့ရှိ၊ ၅၃-ဦးသေဆုံး၊ Lock down ၂၁-ရက်သို့ တိုးမြှင့်၊ အနီရောင်ဇုန်သတ်မှတ်မှု ထပ်မံတိုးချဲ့၍ ဘင်္ဂလားဒက်ရှ်တပ်မတော်သားများ ကင်းလှည့် စောင့်ကြပ်မှု အရှိန်မြှင့်

ကိုရိုနာ ဗိုင်းရပ်စ်ရောဂါကပ် ကျရောက်လျှက် ရှိသော ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် ရောဂါပိုးကူးစက်လျှက်ရှိသူ ၃,၈၆၂-ဦးကို ၂၄-နာရီအတွင်း ထပ်မံတွေ့ရှိခြင်းဖြင့် စုစုပေါင်း ကူးစက်ခံရသူ ၉၄,၄၈၁-ဦး ဖြစ်လာကြောင်း၊ အလားတူပင် သေဆုံးမှုမှာလည်း ၅၄-ဦးဖြစ်သဖြင့် ၁-ရက်အတွင်း အများဆုံးအရေအတွက်ဖြစ် လာသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

နိုင်ငံတစ်ဝှမ်း ကူးစက်ရောဂါ ပြန့်ပွားမှု ပြင်းထန် လာသည့်အတွက် Red Zone အနီရောင်ဇုန် သတ်မှတ်ထားသောဧရိယာများတွင် လူအများသွားလာလှုပ်ရှားကြရာတွင် ရောဂါကူးစက်မှုဟန့်တားရေးအတွက် အစိုးရပြဋ္ဌာန်းထားသည့်အတိုင်း လိုက်နာကြစေရန် ဘင်္ဂလားဒက်ရှ်တပ်မတော်က ကင်းလှည့်မှု စောင့်ကြပ်မှုကို တိုးမြှင့်ထားကြောင်း သိရှိရသည်။

အသက်ဘေးထိခိုက်စေနိုင်သော ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးရန် အတွက် ဒါကာမြို့တော် မြောက်ပိုင်းနှင့်တောင်ပိုင်းမှ ဧရိယာ ၄၅-ခုအား အနီရောင်ဇုန်သတ်မှတ်ထားကြောင်း၊ Lock dwon တားဆီးပိတ်ဆို့ခြင်းများကို စမ်းသပ်မှုအနေဖြင့် ဧရိယာတစ်ခုမှစတင်ကာ တဖြည်းဖြည်း ဆက်လက် ဆောင်ရွက်သွားမည်ဆို၏။

တနင်္လာနေ့ အာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက် အရ အနီရောင်ဇုန်အဖြစ်သတ်မှတ်ခံရသည့်ဧရိယာများရှိ အစိုးရရုံးများနှင့် စီးပွားရေးလုပ်ငန်းများအားလုံးကို ဆက်လက်ပိတ်ထားမည်ဖြစ်ပြီး အဝါရောင်နှင့်အစိမ်းရောင်ဇုန်များရှိ အစိုးရရုံးများကိုမူ အကန့်အသတ်ဖြင့်သာ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း သိရှိ ရသည်။

ထို့အပြင်လူအများ သွားလာလှုပ်ရှားမှု ကန့်သတ်ခြင်းများကို ဇွန်လ ၃၀-ရက်နေ့အထိ ၂၁-ရက်ကြာ ဆက်လက်ပြဋ္ဌာန်းထားမည်ဖြစ်ပြီး ဒေသန္တရအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအေဂျင်စီများအား ဘင်္ဂလားဒက်ရှ်တပ်မတော်သားများက ကူညီဆောင်ရွက် ပေးမည်ဖြစ်သည်။

လေးစားမှုဖြင့် ခရစ်ဒက် Oung Marine

Add a Comment

Your email address will not be published. Required fields are marked *

18 − eleven =