လွမ်းနေတဲ့ပရိသတ်တွေအတွက် အလွမ်းပြေ သူ့ရဲ့ပုံလေးတွေကို တင်ပေးလိုက်တဲ့ “ခွန်းနေကြည်ချို”

ပရိသတ်ကြီးရေ ခွန်းနေခြည်ချိုကတော့ ပရိသတ်အချစ်တော် မင်းသမီးချော တစ်လက်ပဲဖြစ်ပါတယ်။ မကြာသေးခင်က MRTV – 4 ကနေထုတ်လွှင့်ပြသခဲ့တဲ့ “ဝိပါက”ဇာတ်လမ်းတွဲမှာလည်း မင်းသားချောသီဟအောင်နဲ့ လိုက်ဖက်ညီအောင်တွဲဖက်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို တခဲနက် ရရှိခဲ့ပါသေးတယ်။

ခွန်းနေကြည်ချိုက မိခိုင်ရယ်လို့ ဇာတ်ရုပ်ကိုပြီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့်လည်း အောင်မြင်မှုတွေများစွာရရှိပြီး ပရိသတ်ရင်ထဲနေရာတစ်နေရာရယူနိုင်ခဲ့တာဆိုရင်လည်းမမှားပါဘူးနော်။ ဇာတ်လမ်းတွဲလေးပြီးသွားတဲ့အထိပရိသတ်ရင်ထဲမှာ တသသလွမ်းဆွတ်ပြီးကျန်ခဲ့ရတဲ့အထိကို လွှမ်းမိုးထားနိုင်ခဲ့တဲ့ အထိကို အောင်မြင်ခဲ့တာပါ။

လတ်တလောမှာတော့ ပရိသတ်အချစ်တော် မိခိုင်လေးက သူ့ကိုလွမ်းနေတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ပုံလေးတွေကို အမှတ်တရအလွမ်းပြေအနေနဲ့ မျှဝေဖော်ပြလာခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးတွေထဲက မိခိုင်လေးကို ချစ်ကြတဲ့ပရိသတ်ကြီးတွေအတွက် မိခိုင်လေးရဲ့ ပုံလေးတွေကို အလွမ်းပြေအဖြစ်မျှဝေဖော်ပြပေးလိုက်ပါတယ်။

Source – Khun Nay Kyi Cho

zawgyi




Source – Khun Nay Kyi Cho