ႏိုင္ငံေတာ္က ျဖန႔္ေဝသည့္ ရိကၡာအေပၚ ေငြေကာက္ခံသည့္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး တာဝန္မွ ရပ္စဲခံရ

ႏိုင္ငံေတာ္က ျဖန႔္ေဝသည့္ ရိကၡာအေပၚ ေငြေကာက္ခံသည့္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး တာဝန္မွ ရပ္စဲခံရ

ကပ္ေဘးကာလ မွာ အေျခခံ လက္လုပ္လက္စားေတြ အတြက္ ႏိုင္ငံေတာ္က အခမဲ့ျဖန႔္ေဝတဲ့ ရိကၡာအေပၚ ေငြေၾကးေကာက္ခံခဲ့တာေၾကာင့္ စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္၊ ၿမိဳ႕သစ္ၿမိဳ႕၊ ထုံကတင္ေက်း႐ြာ အုပ္စု အုပ္ခ်ဳပ္ေရးမႉး တစ္ဦးကို သက္ဆိုင္ရာက စုံစမ္းစစ္ေဆး ေနပါတယ္။ ေက်း႐ြာလူထု အတြက္ အ‌ေျခခံစားေသာက္ကုန္ ၅ မ်ိဳးျဖန႔္ေဝရာ မွာ တစ္အိမ္ကို က်ပ္ ၅၀၀ ႏႈန္းနဲ႔ ေကာက္ခံတယ္လို႔ တိုင္ၾကားတဲ့အတြက္ အခုလို စစ္ေဆးေနတာျဖစ္ပါတယ္။

“ျပည္သူတခ်ိဳ႕က တိုင္ၾကားတဲ့ အတြက္ေလာေလာဆယ္ေတာ့ တာဝန္က ရပ္စဲၿပီး စုံစမ္း စစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္။ ဟုတ္မွန္ရင္ေတာ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးနဲ႔အညီ အေရး ယူသြားမွာပါ။”လို႔ အမည္မေဖာ္လိုတဲ့ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဝန္ထမ္းတစ္ဦးက ေျပာပါတယ္။

ႏိုင္ငံေတာ္ကေန အေျခခံလက္လုပ္ လက္စားဝင္ေငြနည္းမိသားစုေတြ အတြက္ ဆန္၊ ဆီ၊ ဆား၊ ၾကက္သြန္၊ ပဲ စတဲ့အေျခခံစားေသာက္ကုန္ ၅ မ်ိဳးကို ရပ္ေက်းအုပ္ခ်ဳပ္ေရးမႈးေတြ ကတဆင့္ ျဖန႔္ေဝေပးေနတာပါ။ စစ္ကိုင္းတိုင္းအတြင္း ေထာက္ပံ့ခံအိမ္ေထာင္စု ၄၄၀၀၀၀ ေက်ာ္ရွိၿပီး လူဦးေရ ၁၈ သိန္းေက်ာ္ ရွိပါတယ္။ အေျခခံလူတန္းစား အမ်ားဆုံးက ေ႐ႊဘိုခ႐ိုင္ျဖစ္ၿပီး အနည္းဆုံးက တမူးခ႐ိုင္ျဖစ္ပါတယ္

စားေသာက္ကုန္ေပးေဝရာမွာ ေငြေၾကးမေကာက္ခံဖို႔ ႏိုင္ငံေတာ္ကလည္း ထုတ္ျပန္ ထားသလို ၿမိဳ႕နယ္အလိုက္ ၫႊန္ၾကားထားတာေတြလည္း ရွိပါတယ္။ အခုေငြေၾကးေကာက္ခံတာက သယ္ယူစရိတ္ အတြက္ေကာက္ခံတာလို႔ သိရပါတယ္။

ဒီဗြီဘီ

unicode

နိုင်ငံတော်က ဖြန့်ဝေသည့် ရိက္ခာအပေါ် ငွေကောက်ခံသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး တာဝန်မှ ရပ်စဲခံရ

ကပ်ဘေးကာလ မှာ အခြေခံ လက်လုပ်လက်စားတွေ အတွက် နိုင်ငံတော်က အခမဲ့ဖြန့်ဝေတဲ့ ရိက္ခာအပေါ် ငွေကြေးကောက်ခံခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့၊ ထုံကတင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေး နေပါတယ်။ ကျေးရွာလူထု အတွက် အ‌ခြေခံစားသောက်ကုန် ၅ မျိုးဖြန့်ဝေရာ မှာ တစ်အိမ်ကို ကျပ် ၅၀၀ နှုန်းနဲ့ ကောက်ခံတယ်လို့ တိုင်ကြားတဲ့အတွက် အခုလို စစ်ဆေးနေတာဖြစ်ပါတယ်။

“ပြည်သူတချို့က တိုင်ကြားတဲ့ အတွက်လောလောဆယ်တော့ တာဝန်က ရပ်စဲပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဟုတ်မှန်ရင်တော့ ရပ်ကျေးအုပ်ချုပ်ရေးနဲ့အညီ အရေး ယူသွားမှာပါ။”လို့ အမည်မဖော်လိုတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

နိုင်ငံတော်ကနေ အခြေခံလက်လုပ် လက်စားဝင်ငွေနည်းမိသားစုတွေ အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ပဲ စတဲ့အခြေခံစားသောက်ကုန် ၅ မျိုးကို ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေ ကတဆင့် ဖြန့်ဝေပေးနေတာပါ။ စစ်ကိုင်းတိုင်းအတွင်း ထောက်ပံ့ခံအိမ်ထောင်စု ၄၄၀၀၀၀ ကျော်ရှိပြီး လူဦးရေ ၁၈ သိန်းကျော် ရှိပါတယ်။ အခြေခံလူတန်းစား အများဆုံးက ရွှေဘိုခရိုင်ဖြစ်ပြီး အနည်းဆုံးက တမူးခရိုင်ဖြစ်ပါတယ်

စားသောက်ကုန်ပေးဝေရာမှာ ငွေကြေးမကောက်ခံဖို့ နိုင်ငံတော်ကလည်း ထုတ်ပြန် ထားသလို မြို့နယ်အလိုက် ညွှန်ကြားထားတာတွေလည်း ရှိပါတယ်။ အခုငွေကြေးကောက်ခံတာက သယ်ယူစရိတ် အတွက်ကောက်ခံတာလို့ သိရပါတယ်။

ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *

5 × four =