




crd : xbmedia

unicode

ဖေဖေရောင်နီဦး နဲ့ မေမေပျိုဖြူ တို့က အားလုံးကို နှုတ်ဆက် ခဲ့ပါပြီ

ပရိသတ်တွေ အကြိုက်တွေ့နေကြတဲ့ MRTV-4 ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲလေး ကတော့ ဇာတ်သိမ်းသွားခဲ့ပါပြီ ပရိသတ်ကြီးရေ ။ အမြွှာ အဖြစ် သရုပ်ဆောင် ခဲ့တဲ့ ကျော်ထက်ဇော် ကတော့ ကာရိုက်တာ နှစ်ခုလုံးကို ပီပြင်အောင် အကောင်းဆုံး သရုပ်ဆောင်ပြသွားခဲ့ပြီး တခြားအနုပညာရှင်တွေ အားလုံးကလည်း တာဝန်ကျေခဲ့ ကြပါပြီ ။

ဇာတ်သိမ်းပိုင်းပြီးသွားတဲ့ နောက်မှာတော ဖေဖေရောင်နီဦးနဲ့ မေမေပျိုဖြူတို့က အားလုံးကိုနှုတ်ဆက်ခဲ့ပါပြီဗျာ အားပေးခဲ့တဲ့ ပရိတ်သတ်တစ်ယောက်စီတိုင်းကိုရော ယုံကြည်စွာတာဝန်ပေးအပ်ခဲ့ တဲ့ တာဝန်ရှိလူကြီးများအားလုံးကို ကျေးဇူးအထူးတင်လျက် ထပ်မံကြိုးစားသွားပါ့မယ်ခင်ဗျာ ဆိုတဲ့စာသားလေးနဲ့ အတူ ကျော်ထက်ဇော်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ဇာတ်သိမ်းခန်း ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးခဲ့ပါသေးတယ် ။

စလည်ဆုံး အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်တဲ့အကြောင်းနဲ့ နောက်ထပ် ဇာတ်လမ်းတွဲတွေ မှာလည်း ဆက်လက်အားပေးကြဖို့ ကျော်ထက်ဇော် တစ်ယောက် ပရိသတ်တွေကို တောင်းဆိုထားပါသေးတယ် ။ ပျော်ရွှင်စရာဇာတ်သိမ်းလေးရဲ့ နောက်မှာတော့ ပရိသတ်တွေက အခုတော့ကလေးထိန်းနေရပြီမလားလို့လည်း စနောက်မှတ်ချက်တွေပေးခဲ့ကြပါ သေးတယ် ။

crd : xbmedia

Add a Comment

Your email address will not be published. Required fields are marked *

12 + ten =