Live Sale တွေ မှာအောင်မြင်နေတဲ့နောက်ကွယ်က သူမရဲ့အဆောင်ယတြာလေးကို ထုတ်ဖော်ပြောပြလိုက်တဲ့ “နှိုင်းရှင်မြင့်မိုရ်”
|နှိုင်းရှင်ဆိုတာနဲ့အခုမှာအောင်မြင်နေတဲ့သူတစ်ယောက်ပါ။ သူမဟာ Live saleလေးတွေကနေပရိသတ် အချစ်တွေနဲ့ အောင်မြင်လာခဲ့တာဖြစ်ပါတယ်။ သူမရဲ့ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကိုအကောင်းဆုံးကျော်ဖြတ်ရင်း အောင်မြင်လာခဲ့တာပါ။အခုမှာဆိုသူမဟာLive Saleလေးတွေမှာအောင်မြင်ပြီး အလုပ်တွေများစွာပါကမ်းလှမ်းခံနေရတာပါ။ အခုလိုအောင်မြင်ပေမယ့်လည်း ဘဝမေ့သူတစ်ယောက်မဟုတ်ပါဘူး။
လူမှုကွန်ရက်မှာလည်းစာလေးတွေတင်လေ့ရှိပြီးအခုမှာလည်းအောင်မြင်နေတာဂါတာရှိလားမေးတဲ့ ပရိသတ်ကိုခုလိုပြောပြခဲ့တာပါ။ ဘာဂါထာမှမရွတ်ဘူးရှင့်မသွားခင်တော့သစ္စာပြုပြီး အိမ်ကဘုရားမှာတိုင်တည်သွားပါတယ်…ဘုရားတပည့်တော်မရှာတဲ့ ငွေသည် သန့်ရှင်းပါသည်…သူများ အပူစာမဟုတ်ပါ…ထိုသန့်ရှင်းသောလုပ်အားခထဲမှ ဘုရားတပည့်တော်မ နဂါးရစ်တောင် ဆရာတော်ဘုရားကြီးအလှူငါးမျိုးအတွက် အလှုငွေနေ့စဉ် 50000 ကိုအာစိန္နကံလှုဒါန်းပါသည်…
ရှိလို့လှူခြင်းမဟုတ် သိလို့လှူခြင်းဖြစ်ပါသည်….ထိုလှူတန်းသောငွေများသည် ခုနှစ်ရက်သားသမီး လုပ်ငန်းရှင်များ ခုနှစ်ရက်သားသမီးကာစတန်မာများ၏ အလှူလည်းဖြစ်ပါသည်…ဤမှန်သောသစ္စာစကားများကြောင့် အစစအရာရာ အဆင်ပြေပါစေလို့ပဲ သစ္စာပြုပြီး အိမ်ကထွက်ပါတယ် ဆိုပြီးပြောပြခဲ့တာပါ။
crd
zawgyi
crd