ေနာက္ဆံုးေတာ့ ေက်ာင္းေတြ ျပန္ဖြင့္ ပါၿပီ (တႏုိင္ငံလံုး ေက်ာင္းဖြင့္မယ့္ ရက္ကုိ ေၾကျငာၿပီ)

အေျခခံပညာေက်ာင္းေတြကို ဇူလိုင္လ ထဲျပန္ဖြင့္ေတာ့မယ္ လို႔ အေျခခံ ပညာဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။

“ေကာ္မတီထုတ္ ထားတဲ့သတင္းက အမွန္ပါ။ အေျခခံေက်ာင္းေတြ ရဲ႕ ေအာင္စာရင္းေတြကို ဇူလိုင္လအတြင္း မွာ ထုတ္ေပးရမွာေပါ့။ ဇူလိုင္လမွာ ေက်ာင္းေတြျပန္ဖြင့္မယ္ ဆိုရင္ ေက်ာင္းမဖြင့္ခင္ ေအာင္စာရင္းထုတ္ေပးဖို႔ လုပ္ရမယ္။” လို႔ ဦးကိုေလးဝင္းက ေျပာပါတယ္။

ဇူလိုင္လေက်ာင္းဖြင့္ခ်ိန္ မွာ ေက်ာင္းသား မ်ားရင္ (၂)သုတ္ခြဲၿပီး ေက်ာင္းတက္ႏိုင္ဖို႔ စီစဥ္ေနသလို ေက်ာင္းအပ္ႏွံ ႏိုင္မယ့္ရက္ကိုလည္း ထပ္ေၾကညာေပးသြားမယ္လို႔ သိရပါတယ္။

“တကၠသိုလ္ဝင္တန္းေရာ၊ Grade-5 ၊ Grade-9 တို႔ရဲ႕ စာေမးပြဲေတြေရာ ေက်ာင္းတြင္းစစ္ စာေမးပြဲေတြေရာ၊ ေနာက္ၿပီး ေက်ာင္းအပ္ႏိုင္ေရး ကိစၥေတြေရာ လုပ္ရမွာေပါ။ ေလာေလာဆယ္ေတာ့အေျဖလႊာစစ္ေဆးတာေတြ အရင္လုပ္ရဦးမယ္။ အေျဖလႊာစစ္ေဆးတာကို ဘယ္ေန႔လုပ္ခြင့္ဆိုတာ ကို စာေစာင့္ရဦးမယ္” လို႔ ဦးကိုေလးဝင္းက ေျပာပါတယ္။ ဆယ္တန္းေအာင္စာရင္းေတြကေတာ့ သတ္မွတ္ရက္ထက္ေနာက္က်ႏိုင္ေပမဲ့ ဇူလိုင္လေက်ာင္းမဖြင့္ခင္ ထုတ္ျပန္ ေပးသြားမယ္လို႔သူကေျပာပါတယ္။

အခုခ်ိန္မွာေတာ့ ေက်ာင္းေတြျပန္ဖြင့္ႏိုင္ ဖို႔ ေနျပည္ေတာ္ အပါအဝင္ တိုင္းနဲ႔ျပည္နယ္ေတြက Facility Q ဖြင့္လွစ္ထားတဲ့ ေက်ာင္းေတြစာရင္းေကာက္ယူခဲ့တဲ့အခါ မူလတန္း၊ အလယ္တန္းေက်ာင္းနဲ႔ အထက္တန္းေက်ာင္းေပါင္း (၆၀၂၁)ေက်ာင္းရွိတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ Quarantine လုပ္ထားတဲ့ အေျခခံပညာေက်ာင္း အားလုံးကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္နဲ႔အညီ ပိုးသတ္ေဆးဖ်န္းၿပီး ဇြန္လ(၁၅)ရက္ေန႔အၿပီး ပညာေရးဝန္ႀကီးဌာနကို လႊဲေျပာင္းေပးသြား မယ္လို႔ သိရပါတယ္။

အေျခခံပညာေက်ာင္းေတြမွာ Q ဝင္ေရာက္ေနသူေတြကလြဲလို႔ ေနာက္တိုး Quarantine ထားဖို႔ လိုအပ္တဲ့သူေတြကို သက္ဆိုင္ရာၿမိဳ႕နယ္ေတြထဲမွာရွိတဲ့ အစိုးရပိုင္အေဆာက္အဦးေတြနဲ႔ အဆင့္ျမင့္ပညာ ဦးစီးဌာနေအာက္က တကၠသိုလ္၊ ေကာလိပ္၊ ဒီဂရီအေဆာက္အဦးေနရေတြမွာ ေနရာခ်ထားေပးသြားမယ္လို႔ သိရ ပါတယ္။

ၿပီးခဲတဲ့ ေမလ(၁၂)ရက္ေန႔ကလည္း ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ကိုဗစ္ ကပ္ေရာဂါ ကာကြယ္ေဆး မေပၚေသးေပမဲ့ ေက်ာင္းေတြကိုျပန္ဖြင့္ရမွာျဖစ္တယ္လို႔ ေျပာၾကားထားပါေသးတယ္။

crd : whitesone

unicode

အခြေခံပညာကျောင်းတွေကို ဇူလိုင်လ ထဲပြန်ဖွင့်တော့မယ် လို့ အခြေခံ ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

“ကော်မတီထုတ် ထားတဲ့သတင်းက အမှန်ပါ။ အခြေခံကျောင်းတွေ ရဲ့ အောင်စာရင်းတွေကို ဇူလိုင်လအတွင်း မှာ ထုတ်ပေးရမှာပေါ့။ ဇူလိုင်လမှာ ကျောင်းတွေပြန်ဖွင့်မယ် ဆိုရင် ကျောင်းမဖွင့်ခင် အောင်စာရင်းထုတ်ပေးဖို့ လုပ်ရမယ်။” လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ဇူလိုင်လကျောင်းဖွင့်ချိန် မှာ ကျောင်းသား များရင် (၂)သုတ်ခွဲပြီး ကျောင်းတက်နိုင်ဖို့ စီစဉ်နေသလို ကျောင်းအပ်နှံ နိုင်မယ့်ရက်ကိုလည်း ထပ်ကြေညာပေးသွားမယ်လို့ သိရပါတယ်။

“တက္ကသိုလ်ဝင်တန်းရော၊ Grade-5 ၊ Grade-9 တို့ရဲ့ စာမေးပွဲတွေရော ကျောင်းတွင်းစစ် စာမေးပွဲတွေရော၊ နောက်ပြီး ကျောင်းအပ်နိုင်ရေး ကိစ္စတွေရော လုပ်ရမှာပေါ။ လောလောဆယ်တော့အဖြေလွှာစစ်ဆေးတာတွေ အရင်လုပ်ရဦးမယ်။ အဖြေလွှာစစ်ဆေးတာကို ဘယ်နေ့လုပ်ခွင့်ဆိုတာ ကို စာစောင့်ရဦးမယ်” လို့ ဦးကိုလေးဝင်းက ပြောပါတယ်။ ဆယ်တန်းအောင်စာရင်းတွေကတော့ သတ်မှတ်ရက်ထက်နောက်ကျနိုင်ပေမဲ့ ဇူလိုင်လကျောင်းမဖွင့်ခင် ထုတ်ပြန် ပေးသွားမယ်လို့သူကပြောပါတယ်။

အခုချိန်မှာတော့ ကျောင်းတွေပြန်ဖွင့်နိုင် ဖို့ နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ်တွေက Facility Q ဖွင့်လှစ်ထားတဲ့ ကျောင်းတွေစာရင်းကောက်ယူခဲ့တဲ့အခါ မူလတန်း၊ အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းပေါင်း (၆၀၂၁)ကျောင်းရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် Quarantine လုပ်ထားတဲ့ အခြေခံပညာကျောင်း အားလုံးကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ပိုးသတ်ဆေးဖျန်းပြီး ဇွန်လ(၁၅)ရက်နေ့အပြီး ပညာရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးသွား မယ်လို့ သိရပါတယ်။

အခြေခံပညာကျောင်းတွေမှာ Q ဝင်ရောက်နေသူတွေကလွဲလို့ နောက်တိုး Quarantine ထားဖို့ လိုအပ်တဲ့သူတွေကို သက်ဆိုင်ရာမြို့နယ်တွေထဲမှာရှိတဲ့ အစိုးရပိုင်အဆောက်အဦးတွေနဲ့ အဆင့်မြင့်ပညာ ဦးစီးဌာနအောက်က တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီအဆောက်အဦးနေရတွေမှာ နေရာချထားပေးသွားမယ်လို့ သိရ ပါတယ်။

ပြီးခဲတဲ့ မေလ(၁၂)ရက်နေ့ကလည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ် ကပ်ရောဂါ ကာကွယ်ဆေး မပေါ်သေးပေမဲ့ ကျောင်းတွေကိုပြန်ဖွင့်ရမှာဖြစ်တယ်လို့ ပြောကြားထားပါသေးတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

fifteen + twenty =