အခြေအနေမကောင်း တဲ့ တောင် နဲ့ မြောက် နှစ်နိုင်ငံ တင်းမာမှုနောက် ကွယ်…
|အခြေအနေမကောင်း တဲ့ တောင် နဲ့ မြောက် နှစ်နိုင်ငံ တင်းမာမှုနောက် ကွယ်…
၂၀၁၈ ခုနှစ် မြောက်နဲ့ တောင်ကိုရီးယား နယ်စပ်နားမှာ အဆောက်အအုံ တစ်ခုရှိတယ်။ မြောက်ကိုရီးယား Kaesong မြို့မှာ ပေါ့။ အဲဒီအဆောက်အအုံက မြောက် နဲ့ တောင် ကိုရီးယားလူမျိုးတွေအကြား ချစ်ကြည်ရေး အစည်းအဝေးတွေလုပ်တဲ့နေရာပေါ့။
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့ က စတဲ့ပြဿနာ။ မြောက်ကိုရီးယားပြည်ပြေးတွေက တောင်ကိုရီးယား ဘက်ကနေ မြောက်ကိုရီးယားဘက်ကို မီးပုံးပျံတွေလွှတ်ပြီး စာတွေကြဲတယ်။ (အရင်ကလည်း ကြဲနေကျ)။ ဖိနှိပ်မှုတွေမခံနဲ့၊ လူ့အခွင့်အရေးဆိုတာ ဘာလဲ၊ ခရစ်ယျာန် ဘာသာကိုးကွယ်ကြဖို့.. စသည်ဖြင့်ပေါ့။
သူတို့ဒေါသဖြစ်တာက ပြည်ပြေးတွေ ကို တောင်ကိုရီးယားက ကာကွယ်ပေးထားတာကိုပဲ။ သူတို့ဘက်ကကြည့်ရင် ပြည်ပြေးတွေဟာ အပြစ်ရှိသူတွေဖြစ်တယ်။ တောင်ကိုရီးယားက ဆက်ပြီးလက်ခံထားရင် ပြည်ပြေးတွေရဲ့ ပြစ်မှုတွေအတွက် လျော်ကြေးပေးရမယ်လို့ ငွေတောင်းတယ်။ အခြားနိုင်ငံတွေကျတော့ မတောင်း ရဲဘဲ နဲ့။ တောင်ကိုရီးယားဘက်က မပေး။ ပေးမယ်ဆိုလည်း နည်းတာမဟုတ်ဘူးလေ။
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့။ သူတို့ တောင်ကိုရီးယား နဲ့ အဆက်အသွယ်ဖြတ်မယ် ဆုံးဖြစ်လိုက်တာဖြစ်တယ်။ တောင်ကိုရီးယားက ခေါ်တဲ့ ဖုန်းတွေကို မကိုင်တော့ဘူး။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ညီမ Kim Yo Jong က တနင်္ဂနွေနေ့ (၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၃ ရက်နေ့)က “ မကြာခင်မှာပဲ အသုံးမကျတဲ့မြောက် – တောင် – ပူးတွဲဆက်ဆံရေးရုံး လုံးဝပြိုကျသွားတဲ့ မြင်ကွင်းကိုမြင်တွေ့ရလိမ့်ယ်။ စောင့်ကြည့်ပါ ” တဲ့။
မကြာပါဘူး။ မနေ့ (ဇွန်လ ၁၆ ရက်) ကိုရီးယား စံတော်ချိန် ၂ နာရီ ၄၉ မိနစ်။ Kaesong မြို့မှာရှိတဲ့ မြောက်ကိုရီးယားနိုင်ငံခြား ဆက်ဆံရေး ၄ ထပ်ရုံးကြီးကို မြောက်ကိုရီးယားဘက် မိုင်းနဲ့ ဖေါက်ခွဲ ဖျက်ဆီးလိုက်ပဲ။ ချစ်ကြည်ရေးရုံးဟာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့်ကြေကွဲဖွယ်ကောင်းလောက်အောင် အစိတ်စိတ် အမွှာမွှာပျက်စီးသွားတယ်။
မြောက်ကိုရီးယားဘက်က နယ်စပ်ဘက်ကို စစ်တပ်တွေလွှတ်မယ်လို့စေလွှတ်ခြိမ်းခြောက်နေတယ်။ စစ်ကားတွေ နယ်စပ်ဘက် မှာ တရုန်းရုန်း..။ တောင်ကိုရီးယား နဲ့ပတ်သက်တဲ့ နယ်စပ်တွေ၊ ရုံးတွေ တစ်ခုပြီး တစ်ခု ထပ်ဖျက်ဆီးဦးမယ်လို့ စာရင်းနဲ့ကို နံပါတ်တပ်ပြီး ပြောတယ်။

North Korea has replaced dozens of guards and fortified a section of its border with South Korea following the dramatic defection of one of its soldiers two weeks ago, a report said. / AFP PHOTO / KOREA POOL / – / South Korea OUT-/AFP/Getty Images
မြောက်ကိုရီးယားစစ်တပ်က တောင်ကိုရီးယားကိုတိုက်ခိုက် ဖို့ အပြည့်အဝအဆင်သင့်ဖြစ်နေပြီတဲ့။ သမ္မတ မွန်း (Moon Jae-in)က တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို တောင်းပန်ဖို့ပြောခဲ့သေးတယ်။ သူတို့က ဘာစကားမှကို အပြောမခံတာ။
တောင်ကိုရီးယားဘက်က မြောက်ကိုရီးယား ပြည်ပြေးတွေကို လက်ခံတာ သူတို့ စိတ်အနာဆုံးပဲတဲ့။ သူတို့ ပြည်သူတွေကို ထင်တိုင်းကြဲ အနိုင်ကျင့်ချင်တယ်လေ။ တောင်ကိုရီးယားဘက်က မြောက်ကိုရီးယားမှ မဟုတ် အခြားနိုင်ငံသားတွေလည်း နိုင်ငံရေးခိုလှုံခွင့်ပေးနေတာ။
နောက်တစ်ခုက သူတို့ငွေလိုရင် အဲ့ဒီလို ပြဿနာရှာလေ့ရှိတယ်။ ငွေပေးလိုက်ရင် အဆင်ပြေသွားပြန်ရော..။ ဘာရည်ရွယ်ချက်နဲ့ ပြဿနာရှာတာလဲတော့ သူတို့ပဲသိမှာပါ။ သူတို့ က အမေရိကန်ကို မကျေနပ်လည်း တောင်ကိုရီးယားကိုပဲ မဲတာ။
ဘာတွေဆက်ဖြစ် မလဲတော့ မသိ။ ကျွန်မတို့လို နယ်စပ် Paju မြို့နဲ့ နီးတဲ့ ပြည်သူတွေလည်း အဲ့ဒီလို သတင်းတွေကြားရတိုင်း ဘယ်ပြေးရ မလဲမသိ။ ပြီးတော့လည်းပြီးသွားတာပါပဲ။
မရွှေမိုး (ကိုရီးယား)
June 17th, 2020.