ငြိမ်းမြတ်သူ ကို နာမည်ကြီးချင်တာ နဲ့ HD ကားရိုက်တယ်လို့ ပြောလိုက်တဲ့ ဆယ်လီ တစ်ယောက် (ရုပ်သံ) နှမသားချင်း စာနာပါကွာ…

ငြိမ်းမြတ်သူ ကို နာမည်ကြီးချင်တာ နဲ့ HD ကားရိုက်တယ်လို့ ပြောလိုက်တဲ့ ဆယ်လီ တစ်ယောက် (ရုပ်သံ) နှမသားချင်း စာနာပါကွာ…

ငြိမ်းမြတ်သူဆိုတဲ့ လူငယ်တစ်ယောက်ကတော့ မကြာသေးခင် အချိန်ကာလအတွင်းမှာပဲ ဆယ်လီတစ်ယောက်ဖြစ်လာတဲ့ တက်သစ်စ လူငယ်တစ်ယောက်ပါ။ သူမရဲ့ ဟာသလေးတွေနဲ့ လူတွေသတိထားမိခဲ့ရာမှ ချိမ့်ကေကိုနဲ့ MTVရိုက်လိုက်တဲ့အခါမှာတော့ အရမ်းကို နာမည်ကြီးပီး လူတွေအာရုံစိုက်ခြင်းကို ခံလာရတဲ့တက်သစ်စ ဆယ်လီ တစ်ယောက်ဖြစ်ပါတယ်။

သူမရဲ့ အားနည်းချက်တွေကို ဂရုမစိုက်ဘဲ ဝါသနာအရ ယုံကြည်ချက် အရ ကြိုးစားအောင်မြင်လာတယ်ဆိုရင် ဘယ်သူမှငြင်းလို့မရပါ။ ဒါကိုပဲ အသားမဲလို့ သွားခေါလို့ စသဖြင့် လှောင်ပြောင်ကဲ့ရဲ့နေကြသည်မှာ လွန်စွာပင် အံ့အားသင့်စရာကောင်းလှပါသည်။

လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိကြပါတယ်၊ လူတစ်ဖက်သားရဲ့ အားနည်းချက် ကို လှောင်ပြောင်ကဲ့ရဲ့တာဟာ အင်မတန်မှကို စိတ်ဓာတ်နိမ့်ကျသူတို့ လုပ်လေ့ရှိတဲ့ အလုပ်တစ်ခုပဲဖြစ်ပါတယ်။

အမှန်တစ်ကယ်ဆို မပြည့်စုံမှုတွေကြားထဲက ခက်ခဲကျပ်တည်းစွာ ရုန်းကန်ကြိုးစားနေတဲ့ လူငယ်တွေကို ဝိုင်းဝန်းအားပေးကြရမှာဖြစ်သလို မသင့်တော်တာတွေ့ရင်လည်း လမ်းမှန်ရောက်အောင် ယဉ်ကျေးစွာထောက်ပြသင့်ပါတယ်။

ဒါတင်အားမရသေးဘဲ မကြာခင် အချိန်ပိုင်းအတွင်းကပဲ ငြိမ်းမြတ်သူHDထွက်တယ်ဆိုပီး ဗွီယိုဖိုင် တစ်ခု အွန်လိုင်းမှာပျံ့နှံ့ခဲ့ပါတယ်။ ကာယကံရှင် ငြိမ်းမြတ်သူကိုယ်တိုင်မှလည်း ဒီကိစ္စဟာ သူမဟုတ်ကြောင်း အတိအလင်းရှင်းလင်းပြထားပီး ဒီကိစ္စနဲ့ပတ်သက်လို့ ဆက်လက်ပြောဆိုစွပ်စွဲနေမယ်ဆိုရင် တရားဥပဒေအရ ရင်ဆိုင်သွားမယ်လို့လည်း ပြောထား ပါတယ်။

အခုလိုမကောင်းကြံကြသူတွေ လူတစ်ဖက်သားအားနည်းချက်ကို လှောင်ပြောင်ကဲ့ရဲ့ကြသူများ အနေဖြင့် ငြိမ်းမြတ်သူနေရာမှာ ခင်များတို့ ညီမ၊ နှမ အစ်မ တူမ သို့မဟုတ်ဆွေမျိုးတော်စပ်သူတစ်ယောက်ကို အခုလိုဝေဖန်အပုတ်ချကြမယ်ဆိုရင် ဘယ်လိုခံစားရမလဲဗျာ။ ကိုယ်ချင်းစာကြပါ။

ကိုယ်မကြိုက်ရင် မနှစ်သက်ရင် အားမပေးနဲ့ပေါ့ဗျာ။ အခုလို မိန်းကလေးတစ်ယောက် ဘဝပျက်သွားနိုင်တဲ့ အထိ စနောက်လိုက်တာပဲဖြစ်ဖြစ် တမင်တကာလုပ်လိုက်တာပဲဖြစ်ဖြစ် မလုပ်သင့်ပါဘူးဗျာ။ အားလုံးပဲ အားနည်းချက်ကို ချနင်လှောင်ပြောင်ကဲ့ရဲ့ ခံရခြင်းမှ ကင်းဝေးကြပါစေဗျာ……

#သာဂိ

Add a Comment

Your email address will not be published. Required fields are marked *

four × 1 =