ေျမာက္ကိုရီးယား ဘက္က တမင္ရန္စသည့္ စစ္ေရး ဆိုင္ရာ လုပ္ေဆာင္ခ်က္ မွန္သမွ်ကို ျပင္းျပင္း ထန္ထန္ တုံ႔ျပန္သြားမည္

ေျမာက္ကိုရီးယား ဘက္က တမင္ရန္စသည့္ စစ္ေရး ဆိုင္ရာ လုပ္ေဆာင္ခ်က္ မွန္သမွ်ကို ျပင္းျပင္း ထန္ထန္ တုံ႔ျပန္သြားမည္

ေျမာက္ကိုရီးယားဘက္က တမင္ ရန္စသည့္ စစ္ေရးဆိုင္ရာ လုပ္ေဆာင္ခ်က္မွန္သမွ်ကို ျပင္းျပင္း ထန္ထန္ တုံ႔ျပန္သြားမည္ျဖစ္ေၾကာင္း ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက ဇြန္လ ၁၆ ရက္တြင္ ထုတ္ျပန္ခဲ့သည္။ ကိုရီးယားႏွစ္ႏိုင္ငံ ဆက္ဆံေရး႐ုံးကို ေျမာက္ကိုရီးယားတို႔က ႐ုတ္တရက္ ေဖာက္ခြဲ ဖ်က္ဆီးပစ္ခဲ့ၿပီးေနာက္ပိုင္း ကိုရီးယားကြၽန္းဆြယ္တြင္ တင္းမာမႈမ်ား ျပန္လည္ျမင့္တက္လာေနခဲ့သည္။

အေစာပိုင္းတစ္ရက္က ေျမာက္ကိုရီးယား တို႔သည္ နယ္စပ္ၿမိဳ႕ ေကေဆာင္ရွိ ကိုရီးယားႏွစ္ႏိုင္ငံ ဆက္ဆံေရး႐ုံးကို ေဖာက္ခြဲဖ်က္ဆီးပစ္ခဲ့သည္ နယ္စပ္ကို ျဖတ္၍ ၿပဳံယမ္းဆန႔္က်င္ေသာ ဝါဒျဖန႔္ လက္ကမ္းစာေစာင္မ်ား ပို႔လႊတ္ေနသည့္ ေတာင္ကိုရီးယား တက္ႂကြလႈပ္ရွားသူမ်ား၏ လုပ္ရပ္ကို ဆန႔္က်င္ ကန႔္ကြက္ေသာအားျဖင့္ ဆက္ဆံေရး႐ုံးကို ၿဖိဳခ်ပစ္မည္ဟု ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္း၏ ညီမ ကင္ယိုဂ်ဳံက ယင္းမတိုင္မီ သုံးရက္ခန႔္က သတိေပးေျပာဆိုခဲ့သည္။

ဆက္ဆံေရး႐ုံး ၿဖိဳခ်ဖ်က္ဆီးျခင္းႏွင့္အတူ ေျမာက္ကိုရီးယား အေနျဖင့္ စစ္ေရးအရ အေရးယူလုပ္ေဆာင္ျခင္း၊ ကိုရီးယားႏွစ္ႏိုင္ငံ သေဘာတူညီခ်က္မ်ားေအာက္တြင္ လက္နက္ျဖဳတ္သိမ္းထားေသာ နယ္စပ္ေဒသမ်ားသို႔ တပ္ဖြဲ႕ဝင္မ်ား ေ႐ႊ႕ေျပာင္းျခင္း အပါအဝင္ ေတာင္ကိုရီးယားအေပၚ အျခားေသာ ၿခိမ္းေျခာက္မႈမ်ား လုပ္ လာႏိုင္သည့္ အေျခအေနမ်ားႏွင့္ပတ္သက္၍ စိုးရိမ္ပူပန္မႈမ်ားကို ျမင့္တက္ေစခဲ့သည္“လက္ရွိ လုံၿခဳံေရး အေျခအေနအရ ကြၽန္ေတာ္တို႔ စစ္တပ္က ေျမာက္ကိုရီးယား စစ္တပ္ရဲ႕ လႈပ္ရွားမႈေတြကို အခ်ိန္ျပည့္ အနီးကပ္ ေစာင့္ၾကည့္ေနပါတယ္၊ လက္ရွိအေျခအေနကို စစ္ေရး အက်ပ္အတည္းတစ္ခုအျဖစ္ အရွိန္ျမင့္မသြားေအာင္ တားဆီးဖို႔ အေကာင္းဆုံး စီမံလုပ္ေဆာင္ေနပါတယ္” ဟု ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။“အကယ္၍ ေျမာက္ကိုရီးယားဘက္က တမင္ဆြတဲ့ စစ္ေရး လုပ္ေဆာင္ခ်က္ေတြ လုပ္လာမယ္ဆိုရင္ ကြၽန္ေတာ္တို႔ စစ္တပ္ကလည္း သူတို႔ကို ျပင္းျပင္းထန္ထန္ တုံ႔ျပန္သြားမွာပါ” ဟု ယင္းက ထုတ္ျပန္ခဲ့သည္။

ႏွစ္ဘက္ သေဘာတူညီခ်က္ေအာက္ရွိ စစ္မဲ့ဇုန္မ်ားသို႔ တပ္ဖြဲ႕ဝင္မ်ား ေ႐ႊ႕ေျပာင္းၿပီး ေရွ႕တန္းမ်ဥ္း ကို ခံတပ္တစ္ခုအျဖစ္ ေျပာင္းလဲမည့္ အစီအစဥ္တစ္ခုႏွင့္ပတ္သက္၍ သုံးသပ္ ေလ့လာေနသည္ဆိုၿပီး အေစာပိုင္းတစ္ရပ္က ေျမာက္ကိုရီးယားစစ္တပ္ စစ္ဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ထားခဲ့သည္။

crd : panpyoelat

unicode

မြောက်ကိုရီးယား ဘက်က တမင်ရန်စသည့် စစ်ရေး ဆိုင်ရာ လုပ်ဆောင်ချက် မှန်သမျှကို ပြင်းပြင်း ထန်ထန် တုံ့ပြန်သွားမည်

မြောက်ကိုရီးယားဘက်က တမင် ရန်စသည့် စစ်ရေးဆိုင်ရာ လုပ်ဆောင်ချက်မှန်သမျှကို ပြင်းပြင်း ထန်ထန် တုံ့ပြန်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကို မြောက်ကိုရီးယားတို့က ရုတ်တရက် ဖောက်ခွဲ ဖျက်ဆီးပစ်ခဲ့ပြီးနောက်ပိုင်း ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ ပြန်လည်မြင့်တက်လာနေခဲ့သည်။

အစောပိုင်းတစ်ရက်က မြောက်ကိုရီးယား တို့သည် နယ်စပ်မြို့ ကေဆောင်ရှိ ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးရုံးကို ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သည် နယ်စပ်ကို ဖြတ်၍ ပြုံယမ်းဆန့်ကျင်သော ဝါဒဖြန့် လက်ကမ်းစာစောင်များ ပို့လွှတ်နေသည့် တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများ၏ လုပ်ရပ်ကို ဆန့်ကျင် ကန့်ကွက်သောအားဖြင့် ဆက်ဆံရေးရုံးကို ဖြိုချပစ်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း၏ ညီမ ကင်ယိုဂျုံက ယင်းမတိုင်မီ သုံးရက်ခန့်က သတိပေးပြောဆိုခဲ့သည်။

ဆက်ဆံရေးရုံး ဖြိုချဖျက်ဆီးခြင်းနှင့်အတူ မြောက်ကိုရီးယား အနေဖြင့် စစ်ရေးအရ အရေးယူလုပ်ဆောင်ခြင်း၊ ကိုရီးယားနှစ်နိုင်ငံ သဘောတူညီချက်များအောက်တွင် လက်နက်ဖြုတ်သိမ်းထားသော နယ်စပ်ဒေသများသို့ တပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းခြင်း အပါအဝင် တောင်ကိုရီးယားအပေါ် အခြားသော ခြိမ်းခြောက်မှုများ လုပ် လာနိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို မြင့်တက်စေခဲ့သည်“လက်ရှိ လုံခြုံရေး အခြေအနေအရ ကျွန်တော်တို့ စစ်တပ်က မြောက်ကိုရီးယား စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို အချိန်ပြည့် အနီးကပ် စောင့်ကြည့်နေပါတယ်၊ လက်ရှိအခြေအနေကို စစ်ရေး အကျပ်အတည်းတစ်ခုအဖြစ် အရှိန်မြင့်မသွားအောင် တားဆီးဖို့ အကောင်းဆုံး စီမံလုပ်ဆောင်နေပါတယ်” ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။“အကယ်၍ မြောက်ကိုရီးယားဘက်က တမင်ဆွတဲ့ စစ်ရေး လုပ်ဆောင်ချက်တွေ လုပ်လာမယ်ဆိုရင် ကျွန်တော်တို့ စစ်တပ်ကလည်း သူတို့ကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာပါ” ဟု ယင်းက ထုတ်ပြန်ခဲ့သည်။

နှစ်ဘက် သဘောတူညီချက်အောက်ရှိ စစ်မဲ့ဇုန်များသို့ တပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းပြီး ရှေ့တန်းမျဉ်း ကို ခံတပ်တစ်ခုအဖြစ် ပြောင်းလဲမည့် အစီအစဉ်တစ်ခုနှင့်ပတ်သက်၍ သုံးသပ် လေ့လာနေသည်ဆိုပြီး အစောပိုင်းတစ်ရပ်က မြောက်ကိုရီးယားစစ်တပ် စစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားခဲ့သည်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

eleven − 1 =