အေမစု ရဲ႕ ေမြးေန႔မွာ ၿမိဳ႕ထဲက အိမ္တိုင္းနီးပါးမွာ အေမစုပုံေလး ခ်ိတ္ထားႏိုင္ဖို ့ ႀကိဳးပမ္းေန တဲ့ ေမာင္ေမာင္ေအး

အေမစု ရဲ႕ ေမြးေန႔မွာ ၿမိဳ႕ထဲက အိမ္တိုင္းနီးပါးမွာ အေမစုပုံေလး ခ်ိတ္ထားႏိုင္ဖို ့ ႀကိဳးပမ္းေန တဲ့ ေမာင္ေမာင္ေအး

မၾကာခင္ေရာက္ရွိ ေတာ့မယ့္ ဇြန္လ(၁၉)ရက္ေန႔ေလးကေတာ့ ျမန္မာတစ္ႏိုင္ငံလုံးသာမက ကမာၻကလူေတြပါေလးစားခ်စ္ခင္ၾကည္ညိဳေနရတဲ့ အေမစုရဲ႕(၇၅) ႏွစ္ျပည့္ေမြးေန႔ေလးပဲ ျဖစ္ပါတယ္။ အေမ့ကိုေလးစားခ်စ္ခင္ၾကတဲ့ သားသမီးေတြကေတာ့ အေမစုရဲ႕ေမြးေန႔ေလး ကို မွတ္မွတ္ရရေလးျဖစ္ေအာင္ စီစဥ္ေနၾက ပါတယ္။ မႏွစ္က အသက္(၇၄) ႏွစ္ျပည့္ေမြးေန႔မွာေတာ့ လူအေယာက္(၇၄၀)နဲ႔ မဟာဗႏၶဳလပန္းၿခံမွာ အေမစုရဲ႕ေမြးေန႔ကို ဆုေတာင္းေပးခဲ့ၾကပါတယ္။

ဒီႏွစ္မွာေတာ့ Covid-19 ေၾကာင့္ လူစုလူေဝး နဲ႔ျပဳလုပ္ေပးဖို႔ မျဖစ္ႏိုင္ေတာ့တာေၾကာင့္ ေမာင္ေမာင္ေအးကေတာ့ လူအေယာက္(၇၅၀၀) ရဲ႕ ဓာတ္ပုံေတြနဲ႔အတူ အေမစုေမြးေန႔ကိုဆုေတာင္းေပးဖို႔ စီစဥ္ထားခဲ့ပါတယ္။ ဒါ့အျပင္ ထပ္ၿပီးေတာ့မွတ္မွတ္ရရေလး ျဖစ္သြားေအာင္ ရန္ကုန္ၿမိဳ႕ရဲ႕ အခ်က္အျခာက်တဲ့ ေနရာေတြက အိမ္တိုင္းနီးပါးရဲ႕ ဝရံတာေတြမွာ အေမစုရဲ႕ပုံေလးေတြ ခ်ိတ္ဆြဲထားၾကရင္ေတာ့ ပိုၿပီးၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ရွိသြားမွာပဲ လို႔ သူ႔ရဲ႕ဆႏၵေလးကို မွ်ေဝခဲ့ၿပီး ဒီေန႔မွာေတာ့ လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ႀကိဳးပမ္းေနၿပီ ျဖစ္ပါတယ္။ ပါဝင္ကူညီၾကတဲ့ မိတ္ေဆြေတြ ေၾကာင့္ ဒီေန႔မွာ ဗြီႏိုင္းအခ်ပ္ေရ(၁၀၀၀) လက္ခံရရွိခဲ့ၿပီး တစ္လမ္းလုံးအိမ္အစိ ခ်ိတ္ဆြဲခ်င္သူေတြ ဆက္သြယ္ၿပီး ယူႏိုင္ေၾကာင္း မွ်ေဝခဲ့ပါတယ္။

ေမာင္ေမာင္ေအးကေတာ့ အခုလိုႀကိဳးစားပမ္းစားလုပ္ေနတဲ့ အေပၚမွာ “ကိုယ္ေလးစားၾကည္ညိဳတန္ဖိုးထားတဲ့သူ…ကိုယ့္တသက္မွာ တခါသာႀကဳံခြင့္ရေနတဲ့သူအတြက္ ကိုယ့္တန္ဖိုးထားမႈ ခ်စ္ျခင္းကို ေဖာ္ျပၾကတဲ့ေနရာမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အျမင္မတူတဲ့သူေတြရွိေနမွာ နားလည္လက္ခံေပးလို႔ရေပမယ့္ ဉာဏ္ရည္ နိမ့္ပါးစြာ ေလွာင္ေျပာင္ဆဲဆို အပုတ္ခ်ခ်င္တဲ့သူေတြကိုေတာ့ စကၠန႔္မဆိုင္းဘဲ တန္းဘေလာ့ေလ့ရွိသလို ဒီလို အနိမ့္စားေတြရဲ႕ ေအာက္လုံးထိုးႏွက္မႈေတြေၾကာင့္ေတာ့ ကိုယ့္ရဲ႕ဘယ္ေနရာမွာမွ ျမဴတစ္မႈန္စာေလးေတာင္ ပြန္းပဲ့မသြားပါေၾကာင္းလည္း အသိေပးလိုက္ပါရေစ” လို႔လည္း သူ႔ရဲ႕ ခံယူခ်က္ကို ျပတ္ျပတ္သားသား ေရးသားေဖာ္ျပခဲ့ပါေသးတယ္။ ပရိသတ္ႀကီးေရ မၾကာခင္မွာက်ေရာက္မယ့္ အေမစုရဲ႕ စိန္ရတုေမြးေန႔ေလးမွာ မွတ္မွတ္ရရျဖစ္ေစဖို႔ ေမာင္ေမာင္ေအးကေတာ့ အင္တိုက္အားတိုက္ ေဆာင္႐ြက္ေနၿပီျဖစ္တဲ့အေၾကာင္း မွ်ေဝေပး လိုက္ပါတယ္ေနာ္။

crd : panpyoelat

unicode

အမေစု ရဲ့ မွေးနေ့မှာ မြို့ထဲက အိမ်တိုင်းနီးပါးမှာ အမေစုပုံလေး ချိတ်ထားနိုင်ဖို ့ ကြိုးပမ်းနေ တဲ့ မောင်မောင်အေး

မကြာခင်ရောက်ရှိ တော့မယ့် ဇွန်လ(၁၉)ရက်နေ့လေးကတော့ မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာကလူတွေပါလေးစားချစ်ခင်ကြည်ညိုနေရတဲ့ အမေစုရဲ့(၇၅) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ အမေ့ကိုလေးစားချစ်ခင်ကြတဲ့ သားသမီးတွေကတော့ အမေစုရဲ့မွေးနေ့လေး ကို မှတ်မှတ်ရရလေးဖြစ်အောင် စီစဉ်နေကြ ပါတယ်။ မနှစ်က အသက်(၇၄) နှစ်ပြည့်မွေးနေ့မှာတော့ လူအယောက်(၇၄၀)နဲ့ မဟာဗန္ဓုလပန်းခြံမှာ အမေစုရဲ့မွေးနေ့ကို ဆုတောင်းပေးခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ Covid-19 ကြောင့် လူစုလူဝေး နဲ့ပြုလုပ်ပေးဖို့ မဖြစ်နိုင်တော့တာကြောင့် မောင်မောင်အေးကတော့ လူအယောက်(၇၅၀၀) ရဲ့ ဓာတ်ပုံတွေနဲ့အတူ အမေစုမွေးနေ့ကိုဆုတောင်းပေးဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါ့အပြင် ထပ်ပြီးတော့မှတ်မှတ်ရရလေး ဖြစ်သွားအောင် ရန်ကုန်မြို့ရဲ့ အချက်အခြာကျတဲ့ နေရာတွေက အိမ်တိုင်းနီးပါးရဲ့ ဝရံတာတွေမှာ အမေစုရဲ့ပုံလေးတွေ ချိတ်ဆွဲထားကြရင်တော့ ပိုပြီးမြိုင်မြိုင်ဆိုင်ဆိုင်ရှိသွားမှာပဲ လို့ သူ့ရဲ့ဆန္ဒလေးကို မျှဝေခဲ့ပြီး ဒီနေ့မှာတော့ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ ပါဝင်ကူညီကြတဲ့ မိတ်ဆွေတွေ ကြောင့် ဒီနေ့မှာ ဗွီနိုင်းအချပ်ရေ(၁၀၀၀) လက်ခံရရှိခဲ့ပြီး တစ်လမ်းလုံးအိမ်အစိ ချိတ်ဆွဲချင်သူတွေ ဆက်သွယ်ပြီး ယူနိုင်ကြောင်း မျှဝေခဲ့ပါတယ်။

မောင်မောင်အေးကတော့ အခုလိုကြိုးစားပမ်းစားလုပ်နေတဲ့ အပေါ်မှာ “ကိုယ်လေးစားကြည်ညိုတန်ဖိုးထားတဲ့သူ…ကိုယ့်တသက်မှာ တခါသာကြုံခွင့်ရနေတဲ့သူအတွက် ကိုယ့်တန်ဖိုးထားမှု ချစ်ခြင်းကို ဖော်ပြကြတဲ့နေရာမှာ အကြောင်းအမျိုးမျိုးကြောင့် အမြင်မတူတဲ့သူတွေရှိနေမှာ နားလည်လက်ခံပေးလို့ရပေမယ့် ဉာဏ်ရည် နိမ့်ပါးစွာ လှောင်ပြောင်ဆဲဆို အပုတ်ချချင်တဲ့သူတွေကိုတော့ စက္ကန့်မဆိုင်းဘဲ တန်းဘလော့လေ့ရှိသလို ဒီလို အနိမ့်စားတွေရဲ့ အောက်လုံးထိုးနှက်မှုတွေကြောင့်တော့ ကိုယ့်ရဲ့ဘယ်နေရာမှာမှ မြူတစ်မှုန်စာလေးတောင် ပွန်းပဲ့မသွားပါကြောင်းလည်း အသိပေးလိုက်ပါရစေ” လို့လည်း သူ့ရဲ့ ခံယူချက်ကို ပြတ်ပြတ်သားသား ရေးသားဖော်ပြခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ မကြာခင်မှာကျရောက်မယ့် အမေစုရဲ့ စိန်ရတုမွေးနေ့လေးမှာ မှတ်မှတ်ရရဖြစ်စေဖို့ မောင်မောင်အေးကတော့ အင်တိုက်အားတိုက် ဆောင်ရွက်နေပြီဖြစ်တဲ့အကြောင်း မျှဝေပေး လိုက်ပါတယ်နော်။

crd : panpyoelat