





မိုးသူ(ျမဝတီ)

unicode

မြဝတီ ပြည်သူ့စစ်ဂိတ် တခုမှာ ထိုင်းပြန်တွေကို တယောက် ဘတ် (၃၀၀၀) နဲ့ ခိုးသွ င်းနေဟု ဆို

ဒီ သတင်းသာမှန်နေရင် နိုင်ငံတော် အစိုးရရဲ့ စေတနာတွေအလဟဿဖြစ်ရမှာမို့ အမြန်ဆုံးစီစစ်ကြပါ ကိုဗစ်မကင်းပဲ တပြည်လုံးနားကားကုန်တော့မယ်နော်

၁၆-၆-၂၀၂၀ မြဝတီမြို့ နယ်စပ်ကမ်းနား အမှတ်(၃) ပြည်သူ့စစ်ဂိတ်နဲ့ အနီးအနားဂိတ်တချို့မှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို ညဘက် ကမ်းကူးလက်ခံနေတာ ခိုင်လုံတဲ့သတင်းရထားတယ်။

ရထားတဲ့သတင်းကိုလဲ သက်ဆိုင်ရာ အဖွဲ့ အစည်း အသီးသီးကို သတင်းပို့ထားတယ်။ တယောက်ကို ထိုင်းဘတ်ငွေ ၃၀၀၀ နဲ့မြို့အလိုက် ကားနဲ့ ပို့ဆောင်နေတယ်။ ပါဝင်ပါတ်သက်သူဘယ်သူဘယ်ဝါဆိုတာလဲ သိထားပြီးဖြစ်ပါတယ်။

အချိန်နဲ့ တပြေးညီ သတင်း ပေးထားပါလျက် မတားဆီး နိုင်တာ အံ့သြမိတယ်။ ရောဂါကပ်ဘေးကြီးအတွက် အမျိုးသားရေး စိတ်ဓါတ် မထားနိုင်တဲ့ ပါတ်သက်သူများကိုလဲ ရွံတယ်။ အချိန်တိုအတွင်း တိတိကျကျထပ်တင်ပေးပါမယ်။

မိုးသူ(ျမဝတီ)

Add a Comment

Your email address will not be published. Required fields are marked *

four × 4 =