ယုန္ေလး အကူအညီ နဲ႔ ပထမဆုံး အႀကိမ္ ရန္ကုန္ၿမိဳ႕ကိုလာၿပီး သီခ်င္း ဖန္တီးခြင့္ရေတာ့မယ့္ Min Z

ယုန္ေလး အကူအညီ နဲ႔ ပထမဆုံး အႀကိမ္ ရန္ကုန္ၿမိဳ႕ကိုလာၿပီး သီခ်င္း ဖန္တီးခြင့္ရေတာ့မယ့္ Min Z

မိသားစုရဲ႕ ဝန္ကိုထမ္းရင္း ဝါသနာပါရာ ဂီတခရီးလမ္းကို ေလွ်ာက္လွမ္းဖို႔ႀကိဳးစားေနသူေလးကေတာ့ မင္းZ ပါ။ မင္းZ ကိုေတာ့ Covid-19 ကာလ အဆိုေတာ္ေတြကစတင္လိုက္တဲ့ Rap Challenge မွာ သူ႔ဘဝရဲ႕အေၾကာင္းအရာေတြကို Rap ႐ြတ္ခဲ့ရာမွ ပရိသတ္ေတြစတင္ သတိထားမိ ခဲ့တယ္လို႔ ဆိုရမွာပါ။ သူ႔ေနာက္မွာ သူေစာင့္ေရွာက္ေပးေနရတဲ့မိသားစုက ရွစ္ေယာက္ရွိတယ္ဆိုတဲ့သီခ်င္းစာသားေလးကေတာ့ ပရိသတ္ရင္ကို ထိေစခဲ့ၿပီး ဝါသနာရွင္ေတြကို ေဖးမကူညီတတ္သူယုန္ေလးကေတာ့ မင္းZ ကိုအကူညီေပးကာ လက္ကမ္း ႀကိဳဆိုခဲ့ပါတယ္။

ပထမဆုံးအေနနဲ႔ ယုန္ေလး ၊မင္းZ နဲ႔ ေက်ာ္စြာ တို႔ေပါင္းၿပီး “ဝမ္းစာ” သီခ်င္းေလးကို ဖန္တီးခဲ့ၿပီး ၾကည့္ရႉအားေပးသူ ငါးနာရီအတြင္း တစ္သန္းရရွိခဲ့တဲ့အထိ ေအာင္ျမင္ခဲ့ပါတယ္။ ဝမ္းစာသီခ်င္းတုန္းကေတာ့ Stay Home ကာလမို႔ မင္းZ ကိုမႏၲေလးၿမိဳ႕ကမွာပဲ အသံသြင္းေစခဲ့ၿပီး အခုတစ္ေခါက္ မွာေတာ့ မင္းZ တစ္ေယာက္ ရန္ကုန္ၿမိဳ႕ ကိုလာၿပီး သီခ်င္းသြင္းရေတာ့မွာျဖစ္ပါတယ္။ ရန္ကုန္လာေနၿပီျဖစ္တဲ့ မင္းZ နဲ႔ပတ္သက္ၿပီး “ႀကိဳဆိုပါတယ္ ညီေလးေရ . ရန္ကုန္ကိုလာဖို႔ႏိုင္ငံျခား သြားသလို မိဘေတြ အေလးထားၿပီး ေလဆိပ္အထိ မိသားစုေတြ လိုက္ပို႔ ေပးတာေတြေတာ့ ပိုၿပီး ပီတိျဖစ္ပါတယ္ . စိတ္ကူး သီခ်င္းေလးကို အေကာင္ထည္ဖို႔ Min Z တစ္ေယာက္ ရန္ကုန္လာပါၿပီ . ေဆးစာေတြ ေထာက္ခံစာေတြ အကုန္ယူၿပီးတရားဝင္လာတာပါ ခင္မ်ား . ငါတို႔ ညီအစ္ကိုေတြ စိတ္ကူး ေတြအကုန္ အေကာင္ထည္ေဖာ္ၾကစို႔ ” ဆိုၿပီးယုန္ေလး ကေတာ့ သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွာ ေရးသားခဲ့ၿပီး

မင္းZ ကေတာ့ ေလဆိပ္ကပုံေလး နဲ႔အတူ “အေမ ကိုယ္တိုင္လိုက္ပို႔တာ တစ္ခါမွမေရာက္ဖူးေတာ့ စိတ္မခ်လို႔တဲ့… မွာလိုက္တာေတြလည္း စုံေနပါေရာ ကိုယုန္ေလးဖို႔တဲ့ ေလဆိပ္ေရာက္မွ ဘယ္ကထြက္လာမွန္းမသိဖူး… ထိုးမုန႔္ေတြ အေဖက လည္း ဆရာစကားကိုနားေထာင္တဲ့…ကြၽန္ေတာ္တို႔ ညီအကို(၃) ေယာက္ရဲ႕ စိတ္ကူးေလး ျပည့္စုံေအာင္ ဖန္တီးခြင့္ရေတာ့မွာေပါ့ ဗ်ာ ” ဆိုၿပီး ေရးသားမွ်ေဝ ခဲ့ပါတယ္ ပရိသတ္ႀကီးေရ… ပထမဆုံးအႀကိမ္ရန္ကုန္ၿမိဳ႕ႀကီးကို လာမယ့္ မင္းZ တစ္ေယာက္ေတာ့ ရန္ခုန္ေနေလာက္ၿပီထင္ပါရဲ႕ေနာ္။ စိတ္အား ထက္သန္စြာ နဲ႔ သုံးေယာက္ေပါင္း ဖန္တီးၾကဦးမယ့္ “စိတ္ကူး” သီခ်င္းေလးထြက္လာရင္ အားေပးၾကဖို႔ အသင့္ ပဲမလား။

Source – Yone Lay, Min Z
Credit Cele Gabar

unicode

ယုန်လေး အကူအညီ နဲ့ ပထမဆုံး အကြိမ် ရန်ကုန်မြို့ကိုလာပြီး သီချင်း ဖန်တီးခွင့်ရတော့မယ့် Min Z

မိသားစုရဲ့ ဝန်ကိုထမ်းရင်း ဝါသနာပါရာ ဂီတခရီးလမ်းကို လျှောက်လှမ်းဖို့ကြိုးစားနေသူလေးကတော့ မင်းZ ပါ။ မင်းZ ကိုတော့ Covid-19 ကာလ အဆိုတော်တွေကစတင်လိုက်တဲ့ Rap Challenge မှာ သူ့ဘဝရဲ့အကြောင်းအရာတွေကို Rap ရွတ်ခဲ့ရာမှ ပရိသတ်တွေစတင် သတိထားမိ ခဲ့တယ်လို့ ဆိုရမှာပါ။ သူ့နောက်မှာ သူစောင့်ရှောက်ပေးနေရတဲ့မိသားစုက ရှစ်ယောက်ရှိတယ်ဆိုတဲ့သီချင်းစာသားလေးကတော့ ပရိသတ်ရင်ကို ထိစေခဲ့ပြီး ဝါသနာရှင်တွေကို ဖေးမကူညီတတ်သူယုန်လေးကတော့ မင်းZ ကိုအကူညီပေးကာ လက်ကမ်း ကြိုဆိုခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ ယုန်လေး ၊မင်းZ နဲ့ ကျော်စွာ တို့ပေါင်းပြီး “ဝမ်းစာ” သီချင်းလေးကို ဖန်တီးခဲ့ပြီး ကြည့်ရှူအားပေးသူ ငါးနာရီအတွင်း တစ်သန်းရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဝမ်းစာသီချင်းတုန်းကတော့ Stay Home ကာလမို့ မင်းZ ကိုမန္တလေးမြို့ကမှာပဲ အသံသွင်းစေခဲ့ပြီး အခုတစ်ခေါက် မှာတော့ မင်းZ တစ်ယောက် ရန်ကုန်မြို့ ကိုလာပြီး သီချင်းသွင်းရတော့မှာဖြစ်ပါတယ်။ ရန်ကုန်လာနေပြီဖြစ်တဲ့ မင်းZ နဲ့ပတ်သက်ပြီး “ကြိုဆိုပါတယ် ညီလေးရေ . ရန်ကုန်ကိုလာဖို့နိုင်ငံခြား သွားသလို မိဘတွေ အလေးထားပြီး လေဆိပ်အထိ မိသားစုတွေ လိုက်ပို့ ပေးတာတွေတော့ ပိုပြီး ပီတိဖြစ်ပါတယ် . စိတ်ကူး သီချင်းလေးကို အကောင်ထည်ဖို့ Min Z တစ်ယောက် ရန်ကုန်လာပါပြီ . ဆေးစာတွေ ထောက်ခံစာတွေ အကုန်ယူပြီးတရားဝင်လာတာပါ ခင်များ . ငါတို့ ညီအစ်ကိုတွေ စိတ်ကူး တွေအကုန် အကောင်ထည်ဖော်ကြစို့ ” ဆိုပြီးယုန်လေး ကတော့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပြီး

မင်းZ ကတော့ လေဆိပ်ကပုံလေး နဲ့အတူ “အမေ ကိုယ်တိုင်လိုက်ပို့တာ တစ်ခါမှမရောက်ဖူးတော့ စိတ်မချလို့တဲ့… မှာလိုက်တာတွေလည်း စုံနေပါရော ကိုယုန်လေးဖို့တဲ့ လေဆိပ်ရောက်မှ ဘယ်ကထွက်လာမှန်းမသိဖူး… ထိုးမုန့်တွေ အဖေက လည်း ဆရာစကားကိုနားထောင်တဲ့…ကျွန်တော်တို့ ညီအကို(၃) ယောက်ရဲ့ စိတ်ကူးလေး ပြည့်စုံအောင် ဖန်တီးခွင့်ရတော့မှာပေါ့ ဗျာ ” ဆိုပြီး ရေးသားမျှဝေ ခဲ့ပါတယ် ပရိသတ်ကြီးရေ… ပထမဆုံးအကြိမ်ရန်ကုန်မြို့ကြီးကို လာမယ့် မင်းZ တစ်ယောက်တော့ ရန်ခုန်နေလောက်ပြီထင်ပါရဲ့နော်။ စိတ်အား ထက်သန်စွာ နဲ့ သုံးယောက်ပေါင်း ဖန်တီးကြဦးမယ့် “စိတ်ကူး” သီချင်းလေးထွက်လာရင် အားပေးကြဖို့ အသင့် ပဲမလား။

Source – Yone Lay, Min Z
Credit Cele Gabar

Add a Comment

Your email address will not be published. Required fields are marked *

12 + fifteen =