တောင် မြောက် ကိုရီးယား နှစ်နိုင်ငံ စစ်ပွဲ ဖြစ်လုနီးပါး ဆက်ဆံရေး တင်းမာလာရခြင်း ရဲ့ နောက်ကွယ်က အကြောင်းရင်း

တောင် မြောက် ကိုရီးယား နှစ်နိုင်ငံ စစ်ပွဲ ဖြစ်လုနီးပါး ဆက်ဆံရေး တင်းမာလာရခြင်း ရဲ့ နောက်ကွယ်က အကြောင်းရင်း

မြောက် နဲ့ တောင် အခြေအနေ မကောင်း

၂၀၁၈ ခုနှစ် မြောက်နဲ့ တောင်ကိုရီးယား နယ်စပ်နား မှာ အဆောက်အအုံ တစ်ခုရှိတယ်။ မြောက်ကိုရီးယား Kaesong မြို့မှာပေါ့။

အဲဒီအဆောက်အအုံက မြောက် နဲ့ တောင် ကိုရီးယားလူမျိုးတွေ အကြား ချစ်ကြည်ရေး အစည်းအဝေးတွေလုပ်တဲ့နေရာပေါ့။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့ က စတဲ့ပြဿနာ။ မြောက်ကိုရီးယား ပြည်ပြေးတွေက တောင်ကိုရီးယားဘက်ကနေ မြောက်ကိုရီးယားဘက်ကို မီးပုံးပျံတွေလွှတ်ပြီး စာတွေကြဲတယ်။ ( အရင်ကလည်း ကြဲနေကျ)။ ဖိနှိပ်မှုတွေမခံနဲ့၊ လူ့အခွင့်အရေးဆိုတာ ဘာလဲ၊ ခရစ်ယျာန် ဘာသာကိုးကွယ်ကြဖို့.. စသည် ဖြင့်ပေါ့။

သူတို့ဒေါသဖြစ်တာက ပြည်ပြေးတွေကို တောင်ကိုရီးယားက ကာကွယ် ပေးထားတာကိုပဲ။

သူတို့ဘက်ကကြည့်ရင် ပြည်ပြေးတွေဟာ အပြစ်ရှိသူ တွေဖြစ်တယ်။ တောင်ကိုရီးယားက ဆက်ပြီးလက်ခံထားရင် ပြည်ပြေးတွေရဲ့ ပြစ်မှုတွေအတွက် လျော်ကြေးပေးရမယ်လို့ ငွေတောင်းတယ်။

အခြားနိုင်ငံတွေကျတော့ မတောင်းဘဲနဲ့ ဆိုတော့ တောင်ကိုရီးယား ဘက်က မပေး။ ပေးမယ်ဆိုလည်း နည်းတာမဟုတ်ဘူးလေ။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့

သူတို့ တောင်ကိုရီးယားနဲ့ အဆက်အသွယ်ဖြတ်မယ် ဆုံးဖြစ်လိုက်တာဖြစ်တယ်။ တောင်ကိုရီးယား က ခေါ်တဲ့ ဖုန်းတွေကို မကိုင်တော့ပါ။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ညီမ Kim Yo Jong က
တနင်္ဂနွေနေ့( ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၃ ရက်နေ့)က

“ မကြာခင်မှာပဲ အသုံးမကျတဲ့မြောက် – တောင် – ပူးတွဲဆက်ဆံရေးရုံး လုံးဝပြိုကျသွားတဲ့ မြင်ကွင်းကိုမြင်တွေ့ရလိမ့်ယ်။ စောင့်ကြည့်ပါ ” တဲ့။

မကြာပါဘူး။

မနေ့ ( ဇွန်လ ၁၆ ရက်) ကိုရီးယား စံတော်ချိန် ၂ နာရီ ၄၉ မိနစ်။

Kaesong မြို့မှာရှိ တဲ့ မြောက်ကိုရီးယားနိုင်ငံခြားဆက်ဆံရေး ၄ ထပ်ရုံးကြီးကို မြောက်ကိုရီးယားဘက် မိုင်းနဲ့ ဖေါက်ခွဲ ဖျက်ဆီးလိုက်ပဲ။

ချစ်ကြည်ရေးရုံးဟာ ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့်ကြေကွဲဖွယ် ကောင်းလောက်အောင် အစိတ်စိတ် အမွှာမွှာပျက်စီးသွားတယ်။

မြောက်ကိုရီးယားဘက်က နယ်စပ်ဘက်ကို စစ်တပ်တွေလွှတ်မယ်လို့ စေလွှတ်ခြိမ်းခြောက်နေတယ်။ စစ်ကားတွေ နယ်စပ်ဘက်မှာ တရုန်းရုန်း..။

တောင်ကိုရီးယား နဲ့ပတ်သက်တဲ့ နယ်စပ်တွေ၊ ရုံးတွေ တစ်ခုပြီး တစ်ခု ထပ်ဖျက် ဆီးဦးမယ် လို့ စာရင်းနဲ့ကို နံပါတ်တပ်ပြီး ပြောတာ။

မြောက်ကိုရီးယားစစ်တပ်က တောင်ကိုရီးယားကိုတိုက်ခိုက် ဖို့ အပြည့်အဝ အဆင်သင့်ဖြစ်နေပြီတဲ့။

သမ္မတ မွန်း (Moon Jae-in)က တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကို တောင်းပန်ဖို့ပြောခဲ့သေးတယ်။ သူတို့က ဘာစကားမှကို အပြောမခံတာ။

တောင်ကိုရီးယား ဘက်က မြောက်ကိုရီးယား ပြည်ပြေးတွေကို လက်ခံတာ သူတို့ စိတ်အနာဆုံးပဲတဲ့။ သူတို့ ပြည်သူတွေကို ထင်တိုင်းကြဲ အနိုင်ကျင့်ချင်တယ်လေ။ တောင်ကိုရီးယားဘက်က မြောက်ကိုရီးယားမှ မဟုတ် အခြားနိုင်ငံသားတွေလည်း နိုင်ငံရေးခို လှုံခွင့်ပေးနေတာ။

နောက်တစ်ခုက သူတို့ငွေလိုရင် အဲ့ဒီလို ပြဿနာရှာလေ့ ရှိတယ်။ ငွေပေးလိုက်ရင် အဆင်ပြေသွားပြန်ရော..။ဘာရည်ရွယ်ချက် နဲ့ ပြဿနာရှာတာလဲတော့ သူတို့ပဲသိမှာပါ။ သူတို့ က အမေရိကန်ကို မကျေနပ်လည်း တောင်ကိုရီးယားကိုပဲ မဲတာ။

ဘာတွေဆက်ဖြစ်မလဲတော့ မသိ။ ကျွန်မ တို့လို နယ်စပ် Paju မြို့နဲ့ နီးတဲ့ ပြည်သူတွေလည်း အဲ့ဒီလို သတင်းတွေကြား ရတိုင်း ဘယ်ပြေးရ မလဲမသိ။

ပြီးတော့လည်းပြီးသွားတာပါပဲ။

မေရွှမိုး ( ကိုရီးယား)
June 17th,2020.