အေျခာက္ ဆိုၿပီး နစ္နစ္ နာနာ ေဝဖန္သူေတြ ကို အခ်က္ အလက္ နဲ႔ တိတိက်က် တုန႔္ျပန္ လိုက္တဲ့ ဥကၠာမင္းေမာင္

အေျခာက္ ဆိုၿပီး နစ္နစ္ နာနာ ေဝဖန္သူေတြ ကို အခ်က္ အလက္ နဲ႔ တိတိက်က် တုန႔္ျပန္ လိုက္တဲ့ ဥကၠာမင္းေမာင္

ဥကၠာမင္းေမာင္ကေတာ့ သူ႔ရဲ႕ ခံစားခ်က္ေတြကို ” အေျခာက္ဆိုလဲ ထမီဝတ္ထားပါလား ဗလႀကီးနဲ႔ ေျခာက္ေနတယ္မရွက္ဘူးလား ခဏခဏ အေျပာခံရ တယ္ Gay ဆိုတာနဲ႔ မိန္းမပုံျဖစ္ေနတဲ့ သူေတြကိုပဲ Gay လို႔ထင္တဲ့ ေတာေရအိုင္ထဲမွာ လက္ပစ္ကူးေနတဲ့ မင္းတုန္းမင္း လက္ထက္က အေတြးအေခၚနဲ႔ ေတာဦးေႏွာက္ေတြကို သမုဒၵရာ ဆိုတာဘာလဲ သိရေအာင္ျပပါမယ္ ေယာက်ၤားဘဝျမတ္တာကို ဒီလိုဘဝျဖစ္ေနတာ ရွက္စရာ ေကာင္းတယ္လို႔ ေျပာၾကသူမ်ားသိဖို႔ ေယာက်ၤားစစ္ျဖစ္ၿပီး ခိုးဆိုးလုႏႈိက္ မုဒိမ္းက်င့္ သတ္ျဖတ္ေနတဲ့ သူေတြ မိန္းမစစ္ျဖစ္ၿပီး ေကာက္က်စ္စဥ္းလဲ ယုတ္မာတဲ့ သူေတြကို ေယာက်ၤား စစ္ မိန္းမစစ္ေတြျဖစ္ေသာ္လဲ ျမတ္တယ္လို႔ထင္ရင္ေတာ့ တစ္ေန႔ အခါ တရာ ကိုယ့္ကိုယ္ကို မွန္ထဲၾကည့္ၿပီး ငါဟာ ခ်ီးဦးေႏွာက္လို႔သာ ႐ြတ္ေနလိုက္ပါေတာ့ LGBT ေတြထဲမွာလဲ မေကာင္းတဲ့ သူေတြ ဆိုးတဲ့သူေတြရွိပါတယ္ တဦးတေယာက္ခ်င္းရဲ႕ အက်င့္စာရိတၱ ေပၚပဲ မူတည္ပါမယ္ ေယာက်ၤားေရာ မိန္းမေရာ LGBTေရာ အားလုံးရဲ႕ ဘဝတိုင္းသည္ ျမတ္ေသာ အက်င့္ နဲ႔ သီလ သမာဓိ သစၥာ တည္ၿပီး စိတ္ေကာင္းထားရင္ လူသားတိုင္းျမတ္ပါတယ္ ခင္ဗ်ာ ”

” ကမာၻကို ႀကီးစိုးေနတဲ့ ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္တဲ့ LGBT celebrity မ်ား, ႏိုင္ငံေရးသမားမ်ား, စီးပြားေရးသမားမ်ား, အားကစားသမားမ်ားေျဖးေျဖး ခ်င္း ကြၽန္ေတာ္ေဖာ္ျပပါမယ္ ျမန္မာႏိုင္ငံ မွာလဲ အရမ္းေအာင္ျမင္တဲ့ အလႉေရစက္လက္နဲ႔ မကြာ လႉႏိုင္ၾကတဲ့ LGBT ေတြအမ်ားႀကီး ကိုယ္ေတြက ေတာ့ အခ်င္းခ်င္း သိေပမယ့္ ျပည္သူေတြကို ခ်ျပဖို႔ေတာ့ ဖဲႀကိဳးျဖတ္သလို ဖြင့္ပြဲႀကီးလုပ္သလို ေဖာ္ေကာင္လုပ္သလို ျဖစ္မွာစိုးလို႔ မေျပာေတာ့ပါဘူး မေလ့လာဖူးလို႔ LGBT ေတြ အေၾကာင္း မသိတာဟာ ရွက္စရာမဟုတ္ပါဘူး မ်က္စိပိတ္ နားပိတ္ တဖက္ပိတ္ မူဝါဒနဲ႔ ဇြတ္ျငင္း ေနတာကမွ ရွက္စရာပါ ”

” ကမာၻေပၚမွာ LGBTIQ ေတြနဲ႔ ပတ္သတ္တဲ့ Pride ေတြ Rights ေတြ Party ေတြ Gay travel guide ေတြ အကုန္သိရေအာင္ ကြၽန္ေတာ္ အကုန္ တခုခ်င္းခ်ျပသြားပါမယ္.. Gay pride အေၾကာင္း ႐ိုက္ထားတဲ့ video clip ေလးမၾကာခင္တင္မယ္.. Edit မၿပီးေသးလို႔.. Unokkarn & Me facebook page မွာ လဲ LGBTIQ နဲ႔ ပက္သတ္တာေတြ ေတာက္ေလ်ာက္တင္ပါၿပီ မႏွစ္က ကိုယ့္ကိစၥေတြနဲ႔ ကိုယ္ရႉပ္ေနလို႔ ဟုတ္တိပတ္တိမတင္ ျဖစ္ခဲ့တာ ကြၽန္ေတာ့္ရဲ႕အမာခံ LGBTIQ ေလးမ်ားနဲ႔ တျခား ခ်စ္ပရိတ္သတ္မ်ား share ေပးဖို႔သာ ပူဆာ ပါရေစေနာ္ ” ဆိုၿပီး ေျပာျပ ခဲ့ပါတယ္။

ေလးစားစြာျဖင့္ ခရစ္ဒက္ Cele Zone

unicode

အခြောက် ဆိုပြီး နစ်နစ် နာနာ ဝေဖန်သူတွေ ကို အချက် အလက် နဲ့ တိတိကျကျ တုန့်ပြန် လိုက်တဲ့ ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်ကတော့ သူ့ရဲ့ ခံစားချက်တွေကို ” အခြောက်ဆိုလဲ ထမီဝတ်ထားပါလား ဗလကြီးနဲ့ ခြောက်နေတယ်မရှက်ဘူးလား ခဏခဏ အပြောခံရ တယ် Gay ဆိုတာနဲ့ မိန်းမပုံဖြစ်နေတဲ့ သူတွေကိုပဲ Gay လို့ထင်တဲ့ တောရေအိုင်ထဲမှာ လက်ပစ်ကူးနေတဲ့ မင်းတုန်းမင်း လက်ထက်က အတွေးအခေါ်နဲ့ တောဦးနှောက်တွေကို သမုဒ္ဒရာ ဆိုတာဘာလဲ သိရအောင်ပြပါမယ် ယောင်္ကျားဘဝမြတ်တာကို ဒီလိုဘဝဖြစ်နေတာ ရှက်စရာ ကောင်းတယ်လို့ ပြောကြသူများသိဖို့ ယောင်္ကျားစစ်ဖြစ်ပြီး ခိုးဆိုးလုနှိုက် မုဒိမ်းကျင့် သတ်ဖြတ်နေတဲ့ သူတွေ မိန်းမစစ်ဖြစ်ပြီး ကောက်ကျစ်စဉ်းလဲ ယုတ်မာတဲ့ သူတွေကို ယောင်္ကျား စစ် မိန်းမစစ်တွေဖြစ်သော်လဲ မြတ်တယ်လို့ထင်ရင်တော့ တစ်နေ့ အခါ တရာ ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ပြီး ငါဟာ ချီးဦးနှောက်လို့သာ ရွတ်နေလိုက်ပါတော့ LGBT တွေထဲမှာလဲ မကောင်းတဲ့ သူတွေ ဆိုးတဲ့သူတွေရှိပါတယ် တဦးတယောက်ချင်းရဲ့ အကျင့်စာရိတ္တ ပေါ်ပဲ မူတည်ပါမယ် ယောင်္ကျားရော မိန်းမရော LGBTရော အားလုံးရဲ့ ဘဝတိုင်းသည် မြတ်သော အကျင့် နဲ့ သီလ သမာဓိ သစ္စာ တည်ပြီး စိတ်ကောင်းထားရင် လူသားတိုင်းမြတ်ပါတယ် ခင်ဗျာ ”

” ကမ္ဘာကို ကြီးစိုးနေတဲ့ ဒိတ်ဒိတ်ကြဲ အောင်မြင်တဲ့ LGBT celebrity များ, နိုင်ငံရေးသမားများ, စီးပွားရေးသမားများ, အားကစားသမားများဖြေးဖြေး ချင်း ကျွန်တော်ဖော်ပြပါမယ် မြန်မာနိုင်ငံ မှာလဲ အရမ်းအောင်မြင်တဲ့ အလှူရေစက်လက်နဲ့ မကွာ လှူနိုင်ကြတဲ့ LGBT တွေအများကြီး ကိုယ်တွေက တော့ အချင်းချင်း သိပေမယ့် ပြည်သူတွေကို ချပြဖို့တော့ ဖဲကြိုးဖြတ်သလို ဖွင့်ပွဲကြီးလုပ်သလို ဖော်ကောင်လုပ်သလို ဖြစ်မှာစိုးလို့ မပြောတော့ပါဘူး မလေ့လာဖူးလို့ LGBT တွေ အကြောင်း မသိတာဟာ ရှက်စရာမဟုတ်ပါဘူး မျက်စိပိတ် နားပိတ် တဖက်ပိတ် မူဝါဒနဲ့ ဇွတ်ငြင်း နေတာကမှ ရှက်စရာပါ ”

” ကမ္ဘာပေါ်မှာ LGBTIQ တွေနဲ့ ပတ်သတ်တဲ့ Pride တွေ Rights တွေ Party တွေ Gay travel guide တွေ အကုန်သိရအောင် ကျွန်တော် အကုန် တခုချင်းချပြသွားပါမယ်.. Gay pride အကြောင်း ရိုက်ထားတဲ့ video clip လေးမကြာခင်တင်မယ်.. Edit မပြီးသေးလို့.. Unokkarn & Me facebook page မှာ လဲ LGBTIQ နဲ့ ပက်သတ်တာတွေ တောက်လျောက်တင်ပါပြီ မနှစ်က ကိုယ့်ကိစ္စတွေနဲ့ ကိုယ်ရှူပ်နေလို့ ဟုတ်တိပတ်တိမတင် ဖြစ်ခဲ့တာ ကျွန်တော့်ရဲ့အမာခံ LGBTIQ လေးများနဲ့ တခြား ချစ်ပရိတ်သတ်များ share ပေးဖို့သာ ပူဆာ ပါရစေနော် ” ဆိုပြီး ပြောပြ ခဲ့ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် Cele Zone