






Red News Agency

unicode

ရဲ (၁၀) ယောက်ဝန်းကျင်က ထမင်းဆိုင်ထဲဝင်ကာ အကြောင်းမဲ့ ရိုက်နှက်ခြင်း သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှု များ ပြုလုပ်ခဲ့တဲ့ (ရုပ်သံ)

မကွေးမြို့ အမှတ် (၁) ရဲစခန်း မှ ရဲ ၁၀ ယောက်ဝန်းကျင်က ထမင်းဆိုင် ထဲ ဝင်ကာ ရိုက်နှက်ခြင်း၊ သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့

မကွေးမြို့ ရန်ဝေးရပ်ကွက်၊ ပြည်တော်သာလမ်း ရှိ ရွှေလမင်း ထမင်းဆိုင်ထဲ ဝင်ကာ မကွေးမြို့ အမှတ် (၁) ရဲစခန်းမှ ယူနီဖောင်းဝတ် ရဲ ၁ ဦးအပါအဝင် ယူနီဖောင်း မဝတ်သည့် ရဲ ၁၀ ဦးဝန်းကျင်က ဆိုင်ရှင် အပါအဝင်

တွေ့ရှိသူများ ကို အသင့်ပါ လာသည့် တုတ်များဖြင့် ရိုက်နှက် ကြောင်း၊ သေနတ်နှင့် ချိန်ကာ သတ်ပစ်လိုက်မည်ဟု

ခြိမ်းခြောက်မှု များ ဇွန်လ ၁၄ ရက်နေ့ ည ၁ နာရီဝန်းကျင်က ပြုလုပ် သွားကြောင်း ထမင်းဆိုင်ပိုင်ရှင် ဒေါ်နွယ်နွယ်ဖြိုးက ဇွန်လ ၁၇ ရက်နေ့တွင် ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး သေနတ်နှင့်ချိန်ကာ ခြိမ်းခြောက် မှုများ၊ ရိုက်နှက်မှုများ ပြုလုပ်သွားသူများကို အရေးယူနိုင်ရေး နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် ဝန်ကြီးချုပ်၊ ရဲချုပ် စသည်တို့ကို CCTV မှတ်တမ်းနှင့်တကွ တိုင်စာပေးပို့ထားသည်။

Red News Agency

Add a Comment

Your email address will not be published. Required fields are marked *

18 + four =