အခြေအနေတွေ ကြောင့် တိမ်းရှောင်နေရင်း မိခင်ကြီး ရဲ့ နောက်ဆုံးခရီး ကိုတောင် လိုက်ပါ ပို့ဆောင်ခွင့်မရခဲ့တဲ့ ဒါရိုက်တာဏကြီး

တိုင်းပြည်အကျပ်အတည်းကာလရောက်နေတဲ့အချိန်မှာ ပြည်သူနဲ့တစ်သားတည်း ရပ်တည်ခဲ့တဲ့ ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံ ဟာ (၅၀၅) (က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီးနောက် ဘေးလွတ်ရာကိုတိမ်းရှောင်နေခဲ့ပါတယ်။ ရပ်တည်ချက်ပြတ်သားသူတွေဖြစ်တာ ကြော င့် ဘယ်နေရာပဲရောက်ရောက် ပြည်သူတွေနဲ့ တစ်သားတည်းရှိနေခဲ့ပြီး ရင်ထဲကဆန္ဒတွေကို ရသလောက် ထုတ်ဖော်နေဆဲပါပဲ။ ဒီနေ့ မှာတော့ ပိုင်ဖြိုးသုရဲ့မိခင်ဟာ ဒါရိုက်တာဏကြီးရဲ့မိခင်ဆုံးပါးသွားပြီဆိုတဲ့စိတ်မကောင်းစရာသတင်းတစ်ခုကို သားနဲ့ သမီးကိုရော ပရိသတ် တွေကိုပါ အသိပေးပြောကြားခဲ့ပါတယ်။

ဒါရိုက်တာဏကြီးဟာ မိခင်ဖြစ်သူနဲ့မတွေ့ရတာ (၃) လ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အခုဆိုရင်တော့ ဘ ယ်တော့မှပြန်မဆုံနိုင်တော့တဲ့ သံသရာ ခရီးကို မိခင်ကထွက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ သားဖြစ်သူအနားမှာမရှိပေမယ့် ခမည်းခမက်ဖြစ်သူ ပိုင်ဖြိုးသုရဲ့မိခင်က စောင့်ရှောက် ပေး ထားခဲ့ပါတယ်။ နောက်ဆုံးအချိန်မှာတောင်သားဖြစ်သူနဲ့မတွေ့လိုက်ရတဲ့ မိခင် တစ်ယောက်ရဲ့ခံစားချက်နဲ့ မိခင်ရဲ့နောက်ဆုံးအချိန်ကို အ နားမှာမရှိပေးနိုင်လိုက်တဲ့ သားတစ်ယောက်ရဲ့ခံစားချက်ကတော့ တကယ်ကိုဖြည်မဆည်နိုင်အောင်ပါပဲ။ ဆုံးပါးသွားတဲ့ အန်တီဒေါ်
တင် တင်နွယ်လည်း ကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။

ခမည်းခမက်ဖြစ်သူနဲ့ သားမက်ဖြစ်သူအတွက် စိတ်မကောင်းရတဲ့အကြောင်းကို ” (၂၀၂၁) ခုနှစ်ကတော့ မျှော်လင့်မထားတဲ့ဝမ်းနည်းစရာ‌ အဖြစ်အပျက်တွေနဲ့ပြည့်‌နှက်နေပါတယ်။ ( မေလ ၈ရက်) ညက ကျမရဲ့ခမည်းခမက် သားကိုဏကြီးရဲ့ကျေးဇူးရှင်မိခင်ကြီး အစ်မဒေါ် တင် တင်နွယ် ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ပါတယ်။ သနားစရာကောင်းတဲ့သားအမိ မတွေ့ကြရတာ (၃) လရှိခဲ့ပြီ း

အခုတော့တစ်သက်တာပြန်မတွေ့နိုင်တော့တဲ့သံသရာခရီးရှည်ကြီးကိုအစ်မကြီး ထွက်ခွာသွားခဲ့ပါပြီ။ သားတို့သမီးတို့အနေနဲ့ မိခင် / ယော က္ခမရဲ့ နောက်ဆုံးခရီးကိုလိုက်ပါပို့ဆောင်နိုင်ခွင့်မရှိတဲ့အတွက်ယူကြုံးမရဖြစ်မိပါတယ်။ သားရေ ဝဋ်ကြွေးရှိခဲ့ရင်လည်းဒီမျှနဲ့ကြေပါစေ။ အစ်မရေ စိတ်ဖြောင့်‌ဖြောင့်နဲ့ မြင့်မြတ်တဲ့ဘုံမှာ စံမြန်း ပါတော့နော်။ ” ဆိုပြီး ပိုင်ဖြိုးသု ရဲ့မိခင်က လူမှုကွန်ယက်မှာ ရင်ဖွင့်ပြောပြခဲ့ပါတယ်။

သတင်းအရင်းမြစ်: Paing Phyoe Thu’s FB Acc

Add a Comment

Your email address will not be published. Required fields are marked *

9 + 9 =