ယုဇန ဥယျာဉ်မြို့တော် မှ စားဝတ်နေရေး ခက်ခဲနေကြသောပြည်သူတွေအတွက် လိုအပ်တဲ့ စားသောက်ကုန်တွေ လှူခဲ့တဲ့ မမဆောင်း

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး ပရိသတ်တွေ ရဲ့ အားပေးမှုတွေကို ရရှိထား သူကတော့ သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းပဲ ဖြစ်ပါတယ်။ သူမကို အားလုံးက မမဆောင်းလို့ ချစ်စနိုးခေါ်ဆိုနေကြတာ ဖြစ်ပါတယ်။ မမဆောင်ကတော့ ဆယ်စုနှစ်တစ်ခုတိုင်အောင် အနုပညာအလုပ်တွေကို အပတ်တကုတ် ကြိုးစားလုပ်ကိုင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် စားဝတ်နေရေး မပြေလည် ကြသူများအား သူမရှာဖွေထားတဲ့ချွေးနည်းစာများဖြင့် လိုအပ်တဲ့ စားနပ်ရိက္ခာများ လှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ အခုလို ကုသိုလ်ကောင်းမှုတွေ အမြဲပြုလုပ်နေတဲ့ မမဆောင်းရဲ့ မွန်မြတ်တဲ့ စိတ်ထားလေးကို ပရိသတ်အားလုံးက ချီးကျူးနေကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ယုဇနဥယျာဉ်မြို့တော်မှပြည်သူတွေအတွက် လိုအပ်တဲ့ စားသောက်ကုန်တွေ လှူနေတဲ့ ဗီဒီယိုဖိုင်တင်ထားတာ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်း ဒီပို့စ်အောက်မှာ မမဆောင်းရဲ့ လှူဒါန်းမှုအစုစု အတွက် သာဓုခေါ်ဆိုနေကြတာ ဖြစ်ပါတယ်။ပြည်သူတွေအချင်းချင်း အခုလို ရိုင်းပင်းကူညီနေကြတာကို မြင်တွေ့ရသည်မှာ ကြည်နူးစရာကောင်းလှပါတယ်။ မမဆောင်းတစ်ယောက်လည်း ဒီ့ထက်မက အလှူအတန်းတွေ များစွာ ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးရင်းနဲ့ ဒီဗီဒီယိုဖိုင်လေး ကိုပါ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Ma Ma Saung’s Facebook Account

Add a Comment

Your email address will not be published. Required fields are marked *

five × 4 =