အဖိုးအခ သက္သာၿပီး လြယ္ကူစြာ ရႏိုင္သည့္ ကို႐ိုနာ ဗိုင္းရပ္စ္ ကုသေဆး ၿဗိတိန္ ေတြ႕ရွိၿပီ…

အဖိုးအခ သက္သာၿပီး လြယ္ကူစြာ ရႏိုင္သည့္ ကို႐ိုနာ ဗိုင္းရပ္စ္ ကုသေဆး ၿဗိတိန္ ေတြ႕ရွိၿပီ…

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါ ျပင္းျပင္း ထန္ထန္ ခံစားေနရတဲ့ လူနာေတြအတြက္ ေစ်းသက္သာၿပီး လြယ္လြယ္ကူကူရရွိႏိုင္တဲ့ ကုသေဆးကို ၿဗိတိန္ႏိုင္ငံက ေတြ႕ရွိခဲ့ၿပီလို႔ သိရပါတယ္။

ဒီေဆးဟာ အနည္းငယ္သာ အသုံးျပဳ သုံးစြဲ ရတဲ့ ဒက္ဆာမီသာဆုံး (dexamethasone) ေဆးျဖစ္ၿပီး လူသတ္ ကို႐ိုနာဗိုင္းရပ္စ္ကို တိုက္ဖ်က္ရာမွာ အေရးပါတဲ့ ေဆးဝါးတစ္ခုျဖစ္တယ္လို႔ ၿဗိတိန္ကြၽမ္းက်င္သူေတြက ဆိုပါတယ္။

ကုသေဆးဟာ ေအာက္ဆီဂ်င္ေပးထားရတဲ့ ဗိုင္းရပ္စ္ ကူးစက္လူနာ ၃ ပုံ၁ ပုံကို သက္သာေစၿပီး ေသဆုံးမႈကို ၅ ပုံ ၁ ပုံ ထိေလွ်ာ့ခ်ေပးတယ္လို႔ သိရပါတယ္။ ၿဗိတိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားကတည္းက ဒီေဆးကို အသုံးျပဳခဲ့မယ္ဆိုရင္ လူ႔အသက္ ၅၀၀၀ အထိ ကယ္ဆယ္ႏိုင္လိမ့္မယ္လို႔ သုေတသီ ေတြက ဆိုပါတယ္။

ကုသေဆးဟာ အဆုတ္ေရာင္ေရာဂါ၊ ပန္းနာရင္ၾကပ္နဲ႔ အေရျပား ေရာဂါအပါအဝင္ အျခားအေျခအေနေတြမွာ ေရာင္ရမ္းျခင္းေတြကို ေလွ်ာ့ခ်ဖို႔အတြက္ အသုံးျပဳတဲ့ ေဆးျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ လူ႔ခႏၶာကိုယ္ကို တိုက္ခိုက္တဲ့အခါ ျဖစ္ေပၚလာမယ့္ ပ်က္စီးမႈအခ်ိဳ႕ကို ရပ္တန႔္ေအာင္ ကူညီေပးႏိုင္တယ္ လို႔ သိရပါတယ္။

ဒီကုသေဆးဟာ ပ်မ္းမွ်ေငြေၾကး ၃၅ ေပါင္နဲ႔ လူ႔အသက္ ကို ကယ္ဆယ္ႏိုင္တာေၾကာင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္လူနာ အေျမာက္အမ်ားရွိေနၿပီး ဆင္းရဲႏြမ္းပါးတဲ့ ႏိုင္ငံေတြအတြက္ အထူးသင့္ေလ်ာ္ပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဘာရစ္ဂြၽန္ဆင္က “ၿဗိတိန္သိပၸံပညာ ရဲ႕ ထူးျခားတဲ့ ေအာင္ျမင္မႈ” လို႔ ဂုဏ္ျပဳေျပာဆိုၿပီး “ဗိုင္းရပ္စ္ကူးစက္မႈ ဒုတိယလႈိင္း အထြတ္အထိပ္ကို ေရာက္ရင္ေတာင္ ရိကၡာအလုံအေလာက္ ရွိဖို႔ေသခ်ာေအာင္လုပ္ေဆာင္ခဲ့တယ္” လို႔ ေျပာဆိုပါတယ္။

ကုသေဆးကို ေဆး႐ုံတက္ေနရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ လူနာ အေယာက္ ၂၀ မွာ စမ္းသပ္ၾကည့္ရာ ၁၉ ဦး ေဆး႐ုံတက္စရာမလိုပဲ ျပန္ေကာင္းလာတယ္လို႔ သိရပါတယ္။ အဆိုပါ ကုသေဆးကို ေအာက္စ္ဖို႔ဒ္ တကၠသိုလ္မွ ဦးေဆာင္ စမ္းသပ္ခဲ့တာျဖစ္ၿပီး ေဆး႐ုံတက္လူနာ ၂၀၀၀ ကို ေဆးေပးထားကာ ေဆးမေပးထားတဲ့ လူနာ ၄၀၀၀ ေက်ာ္နဲ႔ ႏႈိင္းယွဥ္ခဲ့ပါတယ္။

ရလဒ္ကေတာ့ အသက္ရႈရခက္ခဲတဲ့အဆင့္ လူနာေတြမွာ ေသဆုံးမႈႏႈန္း ၄၀ ရာခိုင္ႏႈန္းမွ ၂၈ ရာခိုင္ႏႈန္းထိ ေလွ်ာ့ခ်ေပးခဲ့ၿပီး ေအာက္ဆီဂ်င္လိုအပ္ေနတဲ့ လူနာေတြမွာေတာ့ ေသဆုံးမႈႏႈန္း ၂၅ ရာခိုင္ႏႈန္းမွ ၂၀ ရာခိုင္ႏႈန္းထိ ေလ်ာ့က်သြားတယ္လို႔ သိရပါတယ္။

ဒါေပမယ့္ အဆိုပါ ကုသေဆးဟာ ဗိုင္းရပ္စ္ကူးစက္မႈ အားေပ်ာ့တဲ့ လူနာေတြနဲ႔ အသက္ရႈရ အခက္အခဲမရွိေသးတဲ့ လူနာေတြမွာေတာ့ အက်ိဳးသက္ေရာက္မႈ သိပ္မရွိဘူးလို႔ သိရပါတယ္။

bbc

unicode

အဖိုးအခ သက်သာပြီး လွယ်ကူစွာ ရနိုင်သည့် ကိုရိုနာ ဗိုင်းရပ်စ် ကုသဆေး ဗြိတိန် တွေ့ရှိပြီ…

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ပြင်းပြင်း ထန်ထန် ခံစားနေရတဲ့ လူနာတွေအတွက် စျေးသက်သာပြီး လွယ်လွယ်ကူကူရရှိနိုင်တဲ့ ကုသဆေးကို ဗြိတိန်နိုင်ငံက တွေ့ရှိခဲ့ပြီလို့ သိရပါတယ်။

ဒီဆေးဟာ အနည်းငယ်သာ အသုံးပြု သုံးစွဲ ရတဲ့ ဒက်ဆာမီသာဆုံး (dexamethasone) ဆေးဖြစ်ပြီး လူသတ် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ အရေးပါတဲ့ ဆေးဝါးတစ်ခုဖြစ်တယ်လို့ ဗြိတိန်ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ကုသဆေးဟာ အောက်ဆီဂျင်ပေးထားရတဲ့ ဗိုင်းရပ်စ် ကူးစက်လူနာ ၃ ပုံ၁ ပုံကို သက်သာစေပြီး သေဆုံးမှုကို ၅ ပုံ ၁ ပုံ ထိလျှော့ချပေးတယ်လို့ သိရပါတယ်။ ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားကတည်းက ဒီဆေးကို အသုံးပြုခဲ့မယ်ဆိုရင် လူ့အသက် ၅၀၀၀ အထိ ကယ်ဆယ်နိုင်လိမ့်မယ်လို့ သုတေသီ တွေက ဆိုပါတယ်။

ကုသဆေးဟာ အဆုတ်ရောင်ရောဂါ၊ ပန်းနာရင်ကြပ်နဲ့ အရေပြား ရောဂါအပါအဝင် အခြားအခြေအနေတွေမှာ ရောင်ရမ်းခြင်းတွေကို လျှော့ချဖို့အတွက် အသုံးပြုတဲ့ ဆေးဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် လူ့ခန္ဓာကိုယ်ကို တိုက်ခိုက်တဲ့အခါ ဖြစ်ပေါ်လာမယ့် ပျက်စီးမှုအချို့ကို ရပ်တန့်အောင် ကူညီပေးနိုင်တယ် လို့ သိရပါတယ်။

ဒီကုသဆေးဟာ ပျမ်းမျှငွေကြေး ၃၅ ပေါင်နဲ့ လူ့အသက် ကို ကယ်ဆယ်နိုင်တာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ အမြောက်အများရှိနေပြီး ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေအတွက် အထူးသင့်လျော်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က “ဗြိတိန်သိပ္ပံပညာ ရဲ့ ထူးခြားတဲ့ အောင်မြင်မှု” လို့ ဂုဏ်ပြုပြောဆိုပြီး “ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်း အထွတ်အထိပ်ကို ရောက်ရင်တောင် ရိက္ခာအလုံအလောက် ရှိဖို့သေချာအောင်လုပ်ဆောင်ခဲ့တယ်” လို့ ပြောဆိုပါတယ်။

ကုသဆေးကို ဆေးရုံတက်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက် လူနာ အယောက် ၂၀ မှာ စမ်းသပ်ကြည့်ရာ ၁၉ ဦး ဆေးရုံတက်စရာမလိုပဲ ပြန်ကောင်းလာတယ်လို့ သိရပါတယ်။ အဆိုပါ ကုသဆေးကို အောက်စ်ဖို့ဒ် တက္ကသိုလ်မှ ဦးဆောင် စမ်းသပ်ခဲ့တာဖြစ်ပြီး ဆေးရုံတက်လူနာ ၂၀၀၀ ကို ဆေးပေးထားကာ ဆေးမပေးထားတဲ့ လူနာ ၄၀၀၀ ကျော်နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။

ရလဒ်ကတော့ အသက်ရှုရခက်ခဲတဲ့အဆင့် လူနာတွေမှာ သေဆုံးမှုနှုန်း ၄၀ ရာခိုင်နှုန်းမှ ၂၈ ရာခိုင်နှုန်းထိ လျှော့ချပေးခဲ့ပြီး အောက်ဆီဂျင်လိုအပ်နေတဲ့ လူနာတွေမှာတော့ သေဆုံးမှုနှုန်း ၂၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ လျော့ကျသွားတယ်လို့ သိရပါတယ်။

ဒါပေမယ့် အဆိုပါ ကုသဆေးဟာ ဗိုင်းရပ်စ်ကူးစက်မှု အားပျော့တဲ့ လူနာတွေနဲ့ အသက်ရှုရ အခက်အခဲမရှိသေးတဲ့ လူနာတွေမှာတော့ အကျိုးသက်ရောက်မှု သိပ်မရှိဘူးလို့ သိရပါတယ်။

bbc

Add a Comment

Your email address will not be published. Required fields are marked *

nineteen + sixteen =